ပင်လယ်ဓားပြမှု: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Reverted edits by 2603:3023:315:C000:A8E0:73E1:2B5E:1021 (talk) to last revision by Dr Lotus Black
စာကြောင်း ၁၄ -
ဘီစီ ၃ရာစုတွင် ပင်လယ်ဓားပြတို့က အိုလမ်ပို့စ် (အနာတိုလီးယားရှိမြို့) ကို တိုက်ခိုက်ခြင်းဖြင့် ထိုမြို့ကို မွဲပြာကျသွားစေခဲ့သည်။ ရှေးခေတ် ပင်လယ်ဓားပြများတွင် အထင်ရှားဆုံးမှာ အီလီရီယန်များ ဖြစ်ကြပြီး သူတို့သည် အနောက် ဘော်လ်ကန်ကျွန်းဆွယ်တွင် ကျက်စားခဲ့ကြသည်။ အေဒရီယားတစ် ပင်လယ်ကို အမြဲတစေ တိုက်ခိုက်ခြင်းဖြင့် အီလီရီယန်တို့သည် ရောမနိုင်ငံနှင့် ပဋိပက္ခများစွာ ဖြစ်ခဲ့သည်။ ဘီစီ ၁၆၈ ခုနှစ်တွင် ရောမတို့က အီလီရီးယားကို အောင်မြင်နိုင်ခဲ့ပြီး သူတို့နိုင်ငံအတွင်း သွတ်သွင်းခဲ့ခြင်းအားဖြင့် တိုက်ခိုက်မှုများ အဆုံးသတ်သွားခဲ့သည်။
 
ဘီစီ ၁ ရာစုတွင် အနာတိုလီယန် ကမ်းရိုးတန်းတွင် ပင်လယ်ဓားပြတို့ ကျက်စားခဲ့ကြပြီး ရောမအင်ပိုင်ယာ၏ မြေထဲပင်လယ် အရှေ့ပိုင်း ကုန်သွယ်မှုများကို ခြိမ်းခြောက်ခဲ့သည်။ ဘီစီ ရ၅ ခုနှစ်တွင် အေဂျင်ပင်လယ်ကို ဖြတ်ကူးသော ခရီးစဉ် တစ်ခုတွင် [[ဂျူးလိယက်ဆီဇာ]] သည် ဆီလီရှန် ပင်လယ်ဓားပြတို့၏ ပြန်ပေးဆွဲခံခဲ့ရပြီး ဖာမာကူဆာရှိ ဒိုဒီကန်နိစ်ကျွန်းတွင် အကျဉ်းသား အဖြစ် ဖမ်းဆီးထားခြင်း ခံခဲ့ရသည်။ သူသည် ဖမ်းဆီးထားခံရစဉ် တစ်လျှောက်တွင် မာန် လုံးဝ မချပဲ ဟန်မပျက် ပျော်ရွှင်စွာ နေခဲ့သည်။ ပင်လယ်ဓားပြတို့က ရွှေ ၂၀ တဲလင့်ဖြင့် ရွေးယူရန် တောင်းဆိုမည်ဟု ဆိုသော အခါတွင် ဂျူးလိယက်ဆီဇာက သူ့အနေနှင့် အနည်းဆုံး ၅၀ တဲလင့် တန်သည်ဟု ဆိုသဖြင့် ပင်လယ်ဓားပြတို့က ၅၀ တဲလင့်ဖြင့် ရွေးယူရန် တောင်းဆိုခဲ့သည်။ ဂျူးလိယက်ဆီဇာကို ၅၀ တဲလင့်ဖြင့် ရွေးယူ၍ လွှတ်လိုက်သော အခါတွvင်အခါတွင် ဂျူးShitလိယက်ဆီဇာကဂျူးလိယက်ဆီဇာက သင်္ဘောတစ်စင်းဖြင့် ပင်လယ်ဓားပြများကို လိုက်လံဖမ်းဆီးပြီး သတ်ပစ်ခဲ့သည်။
 
ပွမ်ပေမှ ဆီးနိတ်က ပင်လယ်ဓားပြမှုများကို နှိမ်နင်းရန် အတွက် ဘီစီ ၆၇ ခုနှစ်တွင် ဆုံးဖြတ်ခဲ့ပြီး ၃ လကြာ ရေကြောင်းတိုက်ပွဲများဖြင့် ပင်လယ်ဓားပြရန်ကို ချေမှုန်းနိုင်ခဲ့သည်။