ရွှေမော်ဓောဘုရား(ပဲခူး): တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
{{Infobox religious building
|name = ရွှေမော်ဓောဘုရား
| native_name = {{lang-mnw|ကျာ်မုဟ်တ}}
|image = File:Shwemawdaw Pagoda, Bago.jpg
|caption =
|map_type = မြန်မာနိုင်ငံBurma
|latd coordinates = {{coord|17.3368744 | latm = 96.496954| lats = | latNS display=inline,title}}
|coordinates_display = inline
|longd =96.496954 | longm = | longs = | longEW =
|coordinates_display = inline
|religious_affiliation = [[ထေရဝါဒ]] [[ဗုဒ္ဓဘာသာ]]
|venerated =
|founded = ၁၀ ရာစု
| year_completed = ၁၀ ရာစု
|closed =
|founder =
Line ၁၉ ⟶ ၂၀:
|website =
}}
'''ရွှေမော်ဓောဘုရား'''({{IPA-my|ʃwè mɔ̀dɔ́ pʰəjá|}}; {{lang-mnw|ကျာ်မုဟ်တ}} {{IPA-my|tɕaɪʔmṵtú|}})သည် [[မြန်မာနိုင်ငံ]]ရှိ တန်ခိုးကြီးဘုရားများအနက် တစ်ဆူအပါအဝင်ဖြစ်၍ သင်တိုင်းစေတီခေါ် မကိုဋ်စေတီမျိုးဖြစ်သည်။ [[ပဲခူးမြို့]]၏ အရှေ့ပိုင်း ဟင်္သာကုန်းအစုတွင် အနောက်ဖက်ဆုံးကျသော ပဲကူး၊ သုဒဿန၊ မြင်းသီတ၊ မရင်သိန္န၊ မဝေါ ဟူ၍ ခေတ်အလိုက် အမည်ပြောင်းခဲ့သော ကုန်းငယ်ပေါ်၌ ရွှေမော်ဓောစေတီတည်ရှိသည်။ ယခုအခါ၌မူ ထိုကုန်းကို ရွှေမော်ဓောကုန်းဟု အခေါ်များသည်။ ရွှေမောဓောဘုရားသည် ပဲခူး(မွန်ဘာသာဖြင့် ဗဂေါ)မြို့၏ ကျက်သရေဆောင်၊ ပဲခူးနယ်တစ်ဝိုက်တွင် အထင်ရှားဆုံး [[သာသနိက အဆောက်အအုံ]] တစ်ခုဖြစ်သည်။ ထိုဘုရားသည် ပဲခူးဒေသ၏ ဘာသာရေး သက်တမ်းတစ်လျှောက်တွင် အဓိကကျသော သာသနိကအမွေနှစ်ဖြစ်ပေသည်။
 
== မူရင်းဘုရားသမိုင်း ==
Line ၂၈ ⟶ ၂၉:
 
[[File:Shwemawdaw-pagoda-500.jpg|thumb|left|150px|၁၉၃၀ ခုနှစ် မှ ရွှေမော်ဓော စေတီတော်]]
မွန်လူမျိုးတွေ တည်ထားကိုးကွယ်ခဲ့သော စေတီတော်များအထဲမှ ရွှေတိဂုံစေတီတော်၊ ရွှေမောဓောစေတီတော်နှင့် ကျိုက်လမိုင်း(လမိုင်းဘုရား)တို့သည် အခြားစေတီတော်တို့ထက် ထူးခြားထင်ရှားပါသည်။ ထိုစေတီ ၃ ဆူသည် အခြေခံအားဖြင့် ပုံစံတူညီကြသည်။ သို့သော် မတူညီသည့်အချက်ကား ရွှေတိဂုံစေတီသည် ထိုစေတီ သုံးဆူ တွင် သပ္ပါယ်ဆုံး၊ ရွှေမောဓောစေတီသည် အမြင့်ဆုံး၊ ကျိုက်လမိုင်းသည် ထုအကြီးဆုံးဖြစ်သည်။ ရွှေမောဓောစေတီကို မွန်ဘာသာဖြင့် ကျာ်မုဟ်တ´(ကျိုက်မုတူး)ဟုခေါ်ဆိုကြခြင်းမှာ ရှေးအခါက မွန်အဖိုးကြီးများသည် ဆေးတံကို သောက်ကြသည်။ အဖိုးကြီး တစ်ယောက်သည် ဉာဏ်တော်မြင့်သော စေတီတော်၏ စိန်ဖူးတော်ကို ဖူးမြော်ရန် မော့ပြီးကြည့်သောအခါ ဆေးတံမှ ကျလာသောမီးပွားက သူ၏ နှာခေါင်းကို ထိပြီး ပူသောကြောင့် {{lang-mnw|ကျာ်မုဟ်တ}}´(ကျိုက်-ဘုရား+ မုဟ်-နှာခေါင်း+တ´-လောင်သည်)ဟု ယနေ့ထိ အချို့သောမွန်လူမျိုးများက ခေါ်ဆိုနေကြဆဲပင်ဖြစ်သည်။ <ref>THE LOST LEGEND OF THE SHWEMAWDAW, PAGODA [Donald M. Stadtner (Walnut Creek, California, USA)] ; From the paper of conference Discovery of Ramanya Desa: History, Identity, Culture, Language and Performing Arts
</ref>
== တည်သည့်နှစ် ==