လက်ျာ၊ ဗိုလ် (ရဲဘော် သုံးကျိပ်): တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၂၉ -
 
ဂျပန်ပြည်၌ စစ်သင်တန်း တက်ပြီးနောက် ဗိုလ်လက်ျာကို ထိုင်းနိုင်ငံမှတဆင့် မြန်မာပြည်ထဲသို့ ဝင်ရောက်ပြီး ကျေးလက် ပြည်သူများကို တော်လှန်ရေး လှုပ်ရှားမှုထဲ ပါဝင်လာအောင် လှုံ့ဆော် စည်းရုံးရန် တာဝန်ပေးခဲ့သည်။ ဗိုလ်လက်ျာနှင့်တပ်ဖွဲ့သည် မြန်မာနိုင်ငံ တောင်ပိုင်းမှ ကျေးလက် ပြည်သူများကို စည်းရုံးပြီး တပ်သားသစ်များ စုဆောင်းခဲ့သည်။
 
{{double image|right|BoLiteyar.jpg|150|U Hla Shwe, President of RUSU 1939-40.JPG|180|ဗိုလ်လက်ျာ|အာဏာရှင်လှရွှေ}}
 
==စစ်သားဘဝ==
တပ်မတော်တွင် ဗိုလ်ချုပ်အောင်ဆန်းပြီးလျှင် ဗိုလ်လက်ျာသည် [[ဗမာ့လွတ်လပ်ရေးတပ်မတော်]]၏ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်းက ဗိုလ်လက်ျာကို တပ်မတော်၏ ခေါင်းဆောင်အဖြစ် သူ့နေရာမှာ အစားထိုး တာဝန်ယူစေချင်သည်ကို လုပ်ဖော်ကိုင်ဖက်များက သိကြသည်။ ဗိုလ်လက်ျာ၏ နေရာကို ပြိုင်ဆိုင်မည့် နိုင်ငံရေး ပြိုင်ဘက်များရန်မှ ဗိုလ်ချုပ်အောင်ဆန်းက သတိဖြင့် အမြဲ ကာကွယ်ပေးခဲ့သည်။ ယင်းအချက်သည် ၁၉၄၉ ခုနှစ်တွင် [[တပ်မတော် ကာကွယ်ရေးဦးစီးချုပ်]] ဖြစ်လာသော [[ဗိုလ်နေဝင်း]] နှင့် ဗိုလ်လက်ျာတို့ အကြားတွင် ကြီးမားသော တင်းမာမှုများ ဖြစ်စေခဲ့သည်။
 
ဗိုလ်လက်ျာသည် [[နု-အက်တလီ စာချုပ်]] ၏ နောက်ဆက်တွဲ အဖြစ် ကာကွယ်ရေးဆိုင်ရာ [[လက်ျာ- ဖရီးမင်း စာချုပ်]] ကို ၁၉၄၇ ခုနှစ်မှာ လက်မှတ်ထိုးခဲ့သည်။ လက်ျာ - ဖရီးမင်း စာချုပ်သည် [[ဗြိတိသျှ]]တပ်များ [[မြန်မာနိုင်ငံ]]ထဲ ဝင်ထွက်ခွင့်နှင့် ဗမာ့တပ်မတော်ကို စစ်သင်တန်းပေးမည့် အစီအစဉ်များ လုပ်ဆောင်နိုင်အောင် အထောက်အပံ့ ဖြစ်စေခဲ့သည့်အတွက် ဗိုလ်လက်ျာကို ဗြိတိသျှ လိုလားသူ အဖြစ် စွပ်စွဲ ခဲ့ကြသည်။စွပ်စွဲခဲ့ကြသည်။
 
==နိုင်ငံရေးသမားဘဝ==