သန်းထွန်း (သမိုင်းပညာရှင်၊ ဒေါက်တာ): တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
အရေးမကြီး Reverted edits by Nay ThureinCUMDY (talk) to last revision by Ladybesttruthful
စာကြောင်း ၃ -
ဒေါက်တာ'''သန်းထွန်း''' ([[၆ ဧပြီ]] [[၁၉၂၃]] - [[၃၀ နိုဝင်ဘာ]] [[၂၀၀၅]]) သည် မြန်မာ သမိုင်းပညာရှင် တစ်ဦး ဖြစ်သည်။
 
=== ငယ်ဘဝ ===
ဒေါက်တာ'''သန်းထွန်း''' ([[၆ ဧပြီ]] [[၁၉၂၃]] - [[၃၀ နိုဝင်ဘာ]] [[၂၀၀၅]]) ကို [[ဧရာဝတီတိုင်း]]၊ [[ငါးသိုင်းချောင်းမြို့]]နယ် ဒေါင့်ကြီးရွာတွင် အဖ ဦးဖိုးတွေ၊ မိခင် ဒေါ်သင်တို့က ၁၉၂၃၊ဧပြီလ ၆ ရက်နေ့၌ မွေးဖွားခဲ့သည်။ [[ကုန်းဘောင်ခေတ်]] [[မြင်းကွန်း မြင်းခုံတိုင် အရေးအခင်း]]တွင် ပါဝင်သော မောင်လူကြီး ဆိုသူသည် ဒေါက်တာသန်းထွန်း၏မိခင် ဒေါ်သင်၏ အဘိုးဖြစ်သည်။ ဒေါက်တာသန်းထွန်းသည် မွေးချင်း ညီအစ်ကိုမောင်နှမ ၅ ဦး အနက် ၄ ယောက်မြောက် ဖြစ်သည်။ [[ဒုတိယကမ္ဘာစစ်]]အတွင်း မွေးရပ်မြေ [[ဧရာဝတီတိုင်း]] ငါးသိုင်းချောင်းမြို့နယ် အာရှလူငယ် အစည်းအရုံးတွင် အတွင်းရေးမှုးအဖြစ် စတင်ပါဝင်ခဲ့သည်။ [[ဖက်ဆစ်]] [[ဂျပန်]] တော်လှန်ရေးအတွက် [[၁၉၄၄]] ခုနှစ်တွင် ငါးသိုင်းချောင်း မြို့နယ်တွင် ဖွဲ့စည်းခဲ့သော [[ဖဆပလ]]၏ ပထမဆုံးဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ [[မြန်မာနိုင်ငံ]] [[လွတ်လပ်ရေး ကြိုးပမ်းမှုကာလ (၁၉၄၁–၁၉၄၇)]] တွင်ပါဝင်ခဲ့သည်။
 
== ပညာရေး ==
[[၁၉၃၉]] ခုနှစ် အသက် ၁၆ နှစ်အရွယ်တွင် အထက်တန်းအောင်မြင်ခဲ့သည်။ ၁၉၄၆ ခုနှစ် စစ်ပြီး ခေတ် ရန်ကုန် တက္ကသိုလ် ရဲ့ ကျောင်းသား ခေါင်းဆောင် အဖြစ်တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ [[၁၉၄၇]] ခုနစ် ကျောင်းသားညီလာခံတွင် ဥက္ကဋ္ဌ နေရာအတွက် ဆန္ဒမဲပေးပြီး ရွေးချယ်တင်မြှောက်ရာတွင် ဒေါက်တာသန်းထွန်းနှင့် ဦးသန်းတို့က မဲတူနေရာ သဘာပတိ ဖြစ်သူ [[ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်| ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂ]] ဥက္ကဋ္ဌ၊ [[တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ]] ဒုတိယ ဥက္ကဋ္ဌ [[သန်းကြွယ်၊ ဦး (မြို့မ)|မြို့မ-ဦးသန်းကြွယ်]] မှ ၎င်း၏ သဘာပတိမဲဖြင့် (casting-vote) ဒေါက်တာသန်းထွန်းအား ကျောင်းသား ဥက္ကဋ္ဌ ဖြစ်စေခဲ့သည်။<ref>{{cite book|author=ဒေါက်တာသန်းထွန်း|title=ငါပြောသမျှငါ့အကြောင်း|date=၂၀ဝ၁ မေလ|publisher=ဦးကျော်ဆန်း (ရဲအောင်စာပေတိုက်)|page=စာမျက်နှာ ၁၃|edition=ပထမအကြိမ်}}</ref>