ဝီကီပီးဒီးယား:ဆွေးနွေးချက်စာမျက်နှာ လမ်းညွှန်ချက်များ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂၂ -
{{hatnote|ဤအပိုင်းသည် ဆောင်းပါးဆွေးနွေးချက် စာမျက်နှာများအတွက်ဆိုသော်လည်း ယေဘုယျအချက်များကို ဆွေးနွေးချက်စာမျက်နှာ အားလုံး၌ ပူးပေါင်းဆောင်ရွက်ရာတွင်လည်း အကျုံးဝင်သည်။}}
{{shortcut|WP:TALK#USE}}
* '''ပြေပြစ်စွာ ဆက်ဆံပါ''': သံသယဖြစ်နေချိန်တွင်တောင်မှ အခြားသူများ သင့်ကို နားလည်နိုင်စေရန် ပိုမိုကြိုးစားအားထုတ်ပါ။ ဖော်ရွေရင်းနှီးစွာ ပြုမူခြင်းသည် အကူအညီကောင်း ဖြစ်ပါသည်။ အထင်အမြင်တစ်ခုကို သင်ဘာကြောင့် ဆုပ်ကိုင်ထားရသနည်းဆိုတာကို ရှင်းမပြပဲနေသည်ထက် သင့်အမြင်များကို ရှင်းလင်းပြသခြင်းသည်လည်း အကြံကောင်းတစ်ခု ဖြစ်ပါသည်။ သင့်မှာရှိသော သေချာသည့် ခံယူချက်ကို အခြားသူများအား ပြောပြခြင်းဖြင့် ထိုခံယူချက်၏ ကျိုးကြောင်းညီညွတ်မှုကို ရှင်းလင်းပြသပါ။
* '''အကြောင်းအရာအပေါ် အာရုံစူးစိုက်ပါ''': ဆွေးနွေးချက် စာမျက်နှာများသည် ''ဆောင်းပါး'' ဆွေးနွေးချက်အတွက်ဖြစ်ပြီး ဆောင်းပါးအကြောင်းအရာကို အာလာပသလ္လာပ ပြောဆိုရန် မဟုတ်ပေ။ ဆောင်းပါးကို တိုးတက်ကောင်းမွန်စေရန် မည်သို့ ပြုလုပ်မည်နည်းဟူသော အချက်ကို စူးစိုက်ဆောင်ရွက်ပါ။ ဆောင်းပါးအကြောင်းအရာအပေါ် ဆွေးနွေးလိုပါက [[Wikipedia:Reference desk]] တွင်သာ ဆွေးနွေးပါ။
* '''အကောင်းမြင်ပါ''': ဆောင်းပါး ဆွေးနွေးချက် စာမျက်နှာများကို ဆောင်းပါးတစ်ပုဒ်အား တိုးတက်ကောင်းမွန်စေရန်အတွက် ဆွေးနွေးရာတွင် အသုံးပြုသင့်သည်။ အပြစ်ရှာရန်၊ ရမယ်ရှာရန် သို့မဟုတ် ဆောင်းပါး၏ လက်ရှိ အခြေအနေအပေါ် မကျေနပ်ဖွယ်ရာများ ရင်ဖွင့်ရန်နေရာ မဟုတ်ပေ။ ဤအချက်ကို သက်ရှိပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိဆောင်းပါး ဆွေးနွေးချက်စာမျက်နှာများတွင် တွေ့ရတတ်သည်။ သို့သော် တစ်ခုခုမှားယွင်းနေကြောင်း သင့်အနေဖြင့် ခံစားရပြီး မည်သို့ပြုလုပ်ရမည်ကို မသိပါက အခြားသူများထံမှ အကြံဉာဏ်ရယူနိုင်ပါသည်။{{shortcut|WP:TALK#OBJECTIVE}}
*{{anchor|OBJECTIVE}}'''မျှတစွာ ပြုမူပါ''': ဆွေးနွေးချက် စာမျက်နှာများသည် အငြင်းပွားဖွယ်ရာ အခြေအနေတစ်ရပ်အပေါ် တည်းဖြတ်သူများအတွက် ၎င်းတို့၏ '''ပုဂ္ဂိုလ်ရေးရာ အမြင်'''ကို ဖော်ထုတ်ရန် နေရာမဟုတ်ပေ။ ဆောင်းပါးအတွင်းတွင် ခိုင်မာသည့်ရင်းမြစ်များ၏ အမြင်များကို ထည့်သွင်းသင့်ကြောင်း ဆွေးနွေးရန် နေရာရှိသည်ဖြစ်၍ အဆုံးသတ်ရလဒ်သည် [[Wikipedia:Neutral point of view|ဘက်မလိုက်ခြင်း]]သာ ဖြစ်သည်။ ကိစ္စတစ်ခုကို အကောင်းဆုံးတင်ပြရန်မှာ အကိုးအကားများကို မှန်ကန်စွာ ရှာဖွေခြင်း ဖြစ်သည်။{{shortcut|WP:TALK#FACTS}}
*{{anchor|FACTS}}'''အချက်အလက်များဖြင့် ဖြေရှင်းပါ''': ဆွေးနွေးချက် စာမျက်နှာသည် [[Wikipedia:Verifiability|အတည်ပြုခြင်း]]နှင့် ပတ်သက်သော ကိစ္စရပ်များအတွက် သင့်တော်သည့် နေရာတစ်ခု ဖြစ်သည်။ ရင်းမြစ်များ ရှာဖွေရာတွင် အကူအညီ ရယူခြင်း၊ ရင်းမြစ်များအပေါ် သဘောထားကွဲလွဲမှုများ သို့မဟုတ် ရှေ့နောက်ကွဲလွဲမှုများကို ဆွေးနွေးခြင်း၊ အကိုးအကားများ၏ ခိုင်မာမှုအပေါ် ဆန်းစစ်ခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။ ဖော်ပြချက်တစ်ခုကို အထောက်အကူပေးသော အတည်ပြုနိုင်သည့် အကိုးအကားကို မေးမြန်းခြင်းသည် ထိုဖော်ပြချက်ကို ကန့်ကွက်ခြင်းထက် တစ်ခါတစ်ရံ ပိုကောင်းတတ်ပါသည်။
* '''မျှဝေပါ''': အတည်ပြုနိုင်ခြင်း သို့မဟုတ် အခြား အကြောင်းကိစ္စကြောင့် အကိုးအကားများ ရှာဖွေနေချိန် သို့မဟုတ် ဆွေးနွေးနေချိန်တွင် ဆောင်းပါးတွင်းမှ အကြောင်းအရာများအား ဖယ်ရှားပြီး "ခေတ္တထားရှိရာနေရာ" အဖြစ် ဆွေးနွေးချက်စာမျက်နှာကို အသုံးပြုနိုင်ပါသည်။ အကယ်၍ အကြောင်းအရာသစ်များသည် အငြင်းပွားဖွယ်ရာ ဖြစ်နေပါက ဆောင်းပါးတွင်း ထည့်သွင်းရန် အဆင်သင့် မဖြစ်မီ ဆွေးနွေးချက် စာမျက်နှာပေါ်တွင် ပြင်ဆင်နိုင်ပါသည်။
* '''တည်းဖြတ်မှုများကို ဆွေးနွေးပါ''': ဆွေးနွေးချက် စာမျက်နှာများသည် တည်းဖြတ်မှုများအား ဆွေးနွေးရာတွင် အထူးအသုံးတည့်သည်။ အကယ်၍ သင့်တည်းဖြတ်မှုကို တစ်စုံတစ်ဦးက နောက်ပြန်ပြင်သွားပြီး သင်က ပြန်လည်ပြင်ဆင်သည်ဆိုပါက ပြန်လည်ပြင်ဆင်ရခြင်း အကြောင်းကို ဆွေးနွေးချက်စာမျက်နှာတွင် ရှင်းလင်းပြခြင်းနှင့် တည်းဖြတ်ခြင်း အတိုချုပ်တွင် မှတ်ချက်ရေးသားခြင်းသည် ကောင်းမွန်သော အပြုအမူတစ်ရပ် ဖြစ်သည်။ ဆွေးနွေးချက် စာမျက်နှာသည် အခြားတည်းဖြတ်သူ၏ ပြင်ဆင်မှုကို မေးမြန်းရန် နေရာလည်း ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် သင့်တည်းဖြတ်မှုကို မေးမြန်းပါက ပြည့်စုံပြီး အကူအညီဖြစ်စေမည့် အကြောင်းပြချက်ဖြင့် ပြန်လည်ရေးသားပါ။
* '''အဆိုပြုချက်များ ပြုလုပ်ပါ''': ဆောင်းပါးအတွက် အဆိုပြုချက်အသစ်များသည် အခြားတည်းဖြတ်သူများအတွက် ဝင်ရောက်ဆွေးနွေးနိုင်ရန် လမ်းဖွင့်ပေးထားခြင်း ဖြစ်သည်။ အဆိုပြုချက်များတွင် ပြင်ဆင်ခြင်းအတွက် အသေးစိတ် အချက်အလက်များ၊ စာမျက်နှာ ရွေ့ပြောင်းခြင်းများ၊ ပေါင်းစပ်ခြင်းများ သို့မဟုတ် ရှည်လျားသော ဆောင်းပါးအပိုင်းကို သီးခြားဆောင်းပါးအဖြစ် ခွဲထုတ်ခြင်းများ စသည်တို့ ပါဝင်နိုင်သည်။

==={{anchor|YES}}{{anchor|Good practices}}ပူးပေါင်းဆောင်ရွက်ကြသော ဆွေးနွေးချက်စာမျက်နှာ အားလုံးအတွက် အပြုအမူကောင်းများ===
{{shortcut|WP:TPG#YES|WP:TPYES}}
*ဆွေးနွေးချက် အသစ် မစတင်မီ '''ခေါင်းစဉ်တူအကြောင်းအရာတူ ရှိမရှိ စစ်ဆေးပါ'''။ ဆွေးနွေးချက် စာမျက်နှာ၏ အပိုင်းများရှိ တူညီသော ဆွေးနွေးချက်များသည် ရှုပ်ထွေးစေနိုင်ပြီး အကြောင်းအရာအပေါ် ပြောဆိုထားမှုများကို အနှောက်အယှက်ဖြစ်စေနိုင်သည်။
*'''တည်းဖြတ်သူအပေါ်မဟုတ်ပဲ အကြောင်းအရာအပေါ်သာ သုံးသပ်ပါ''': ဆွေးနွေးချက် စာမျက်နှာတွင် ဝင်ရောက်ပြောဆိုထားသည့် တည်းဖြတ်သူတို့၏ ပုဂ္ဂိုလ်စရိုက်များထက် ဆွေးနွေးချက်စာမျက်နှာရှိ အကြောင်းအရာ ခေါင်းစဉ်ကိုသာ အာရုံစိုက်ဆွေးနွေးပါ။
*'''သင့်စာစုများကို လက်မှတ်ထိုးပါ''': စာစုတွင် လက်မှတ်ထိုးရန်အတွက် tilde လေးခု (<nowiki>~~~~</nowiki>) ကို ရိုက်ထည့်ပါက သင့်အသုံးပြုသူအမည်နှင့် အချိန်ရက်စွဲကို အလိုအလျောက် ထည့်သွင်းပေးသွားပါလိမ့်မည်။ သင်၏ အသုံးပြုသူအမည်နှင့် အိုင်ပီလိပ်စာများကို စာမျက်နှာ ရာဇဝင်တွင် မှတ်သားထားသဖြင့် အမည်မသိအသုံးပြုသူအနေဖြင့် သုံးသပ်ချက်ပေးရန် မဖြစ်နိုင်ကြောင်း မှတ်သားထားပါ။
*'''လိုတိုရှင်း ပြောပါ''': ရှည်လျားပြီး တောင်စဉ်ရေမရ ရေးသားထားသော စာများသည် နားလည်ရန် ခက်ခဲသဖြင့် မကြာခဏ ဥပက္ခာပြုခံရသလို နားလည်မှုလွဲမှားနိုင်ခြင်းလည်း ဖြစ်ပေါ်နိုင်သည်။ အသေးစိတ်ပြောပြရန် လိုအပ်ပါက အချက်တစ်ချက်ခြင်း ဆွေးနွေးပါ။
*'''အသွင်အပြင် ရှင်းလင်းနေပါစေ''': ဆွေးနွေးချက် စာမျက်နှာအား ဆွဲဆောင်မှုရှိရှိနှင့် ရှင်းလင်းစွာ ရေးသားပါ။ ထပ်ခါတလဲလဲရေးသားခြင်း၊ ကမောက်ကမရေးသားခြင်းနှင့် မလိုအပ်သော ဘေးချော်ရေးသားခြင်းများကို ရှောင်ကြဉ်ပါ။
{{anchor|EXHAUST}}{{shortcut|WP:EXHAUST}}
*'''ဆွေးနွေးချက်ကို အာရုံစိုက်ပါ''': ဆွေးနွေးချက်များကို အလျင်စလိုမဟုတ်ပဲ သဘောတူညီမှုဖြင့်သဘာဝကျကျ အဆုံးသတ်ပါ။
*'''မော်ကွန်းများကို ဖတ်ရှုပါ''': အကယ်၍ သင်သည် ဆောင်းပါးတစ်ခုတွင် တည်းဖြတ်သူအသစ် ဖြစ်ပါက ဆွေးနွေးချက်မော်ကွန်းများကို ရှာဖွေဖတ်ရှုပါ။ သင့်အနေဖြင့် သင်သိလိုသော မေးခွန်း သို့မဟုတ် ကန့်ကွက်ချက်များသည် ဖြေဆိုပြီး ဖြစ်ကောင်း ဖြစ်နေနိုင်ပါသည်။
*'''လူသစ်များကို ကြိုဆိုပါ''': ဝီကီပီးဒီးယားသို့ ရောက်လာသူအသစ်များသည် မူဝါဒများနှင့် အစဉ်အလာများကို ရင်းနှင်းမှု ရှိဦးမည် မဟုတ်ပေ။ [[Wikipedia:လူသစ်များကို ကိုက်မစားပါနှင့်|လူသစ်များကို မခြောက်လှန့်ပါနှင့်]]။ အကယ်၍ တစ်စုံတစ်ဦးသည် ထုံးတမ်းအစဉ်အလာကို ချိုးဖောက်ပြီး ပြုမူနေပါက [[Wikipedia:Assume good faith|အမှတ်တမဲ့ လုပ်ဆောင်ခြင်းအဖြစ် မှတ်ယူပါ]]။ အမှားများကို ညင်သာစွာ ထောက်ပြပြီး သက်ဆိုင်ရာ မူဝါဒ/လမ်းညွှန်ချက်/အကူအညီ စာမျက်နှာများကို ညွှန်းပြခြင်းသည် ကောင်းမွန်သော ချဉ်းကပ်မှုပင် ဖြစ်သည်။
*'''အရေးမကြီးသော ပြောင်းလဲမှုကိုသာလျှင် အရေးမကြီးသော ပြင်ဆင်မှုအမှတ်အသားပြပါ''': စာလုံးပေါင်း ပြင်ဆင်ခြင်း၊ ပုံစံပြင်ခြင်း၊ စာသားများ ပြန်လည်စီစဉ်ခြင်း စသော အကြောင်းအရာကို ပြောင်းလဲမှု မရှိစေသော တည်းဖြတ်မှုများကို အရေးမကြီးသည့် ပြင်ဆင်မှုအဖြစ် အမှတ်အသားပြနိုင်ပါသည်။ ဆွေးနွေးချက်စာမျက်နှာများကို စာသားများ ပေါင်းထည့်ခြင်းအား အရေးမကြီးသည့် ပြင်ဆင်မှုအဖြစ် အမှတ်အသားမပြုသင့်ပါ။
{{shortcut|WP:MULTI}}
*'''ဆွေးနွေးချက် စာမျက်နှာများတွင် အကြောင်းအရာတူများကို လိုက်လံရေးသားခြင်း ရှောင်ကြဉ်ပါ''': ဆွေးနွေးချက်ကို နေရာတစ်နေရာတွင်သာ စတင်ပါ။ လိုအပ်လျှင် အခြားနေရာတွင် ဆွေးနွေးချက်၏ လင့်ခ်ကိုသာ ရေးသားရန် အကြံပြုပါသည်။ ကွဲပြားလျက်ရှိသော ဆွေးနွေးချက်များကို တွေ့ရှိပါက တစ်နေရာတည်းသို့ စုစည်းပေးနိုင်ပြီး လင့်ခ်ညွှန်နိုင်ပါသည်။ တည်းဖြတ်ခြင်း အကျဉ်းချုပ်နှင့် ဆွေးနွေးချက်စာမျက်နှာများတွင် သင့်တည်းဖြတ်မှုကို ရှင်းလင်းစွာ ဖော်ပြပေးပါ။

==={{anchor|NO}}လက်သင့်မခံသော အပြုအမူများ===
စာကြောင်း ၅၆ -
**'''[[Wikipedia:No legal threats|ဥပဒေကြောင်းအရ ခြိမ်းခြောက်ခြင်း မပြုလုပ်ရ]]''': အမှုအခင်းဖြင့် ခြိမ်းခြောက်ခြင်းသည် ဝီကီပီးဒီးယားကို ပြင်းပြင်းထန်ထန် အနှောက်အယှက် ဖြစ်စေပါသည်။
**'''[[WP:OUTING|ပုဂ္ဂိုလ်ရေးအချက်အလက် အသေးစိတ်ကို လုံးဝမတင်ရ]]''': အခြားအသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက် အသေးစိတ်များကို ခွင့်ပြုချက်မရှိပဲ ရေးသားတင်သည့် အသုံးပြုသူများသည် အချိန်အကန့်အသတ်မရှိ ပိတ်ပင်ခြင်း ခံရနိုင်သည်။
*'''Do not misrepresent other people:''' The record should accurately show significant exchanges that took place, and in the right context. This usually means:
** အခြားသူများကို အတိအကျ ကိုးကားခြင်း။
** အခြားသူများ၏ ဆောင်ရွက်ချက်များ သို့မဟုတ် တည်းဖြတ်မှုများကို ဖော်ပြရာတွင် [[Help:Diff|ကွဲပြားမှု]]များကို အသုံးပြုပါ။ သုံးသပ်ချက်တစ်ခုတွင် ကွဲပြားမှုများကို ဖော်ပြခြင်း၏ အကျိုးကျေးဇူးမှာ ဆွေးနွေးချက်စာမျက်နှာများကို မော်ကွန်းတင်ခြင်း သို့မဟုတ် သုံးသပ်ချက်ကို ပြောင်းလဲခြင်း ပြုလုပ်ခဲ့လျင်တောင်မှ နဂိုအတိုင်း ကျန်ရှိနေခြင်း ဖြစ်သည်။