ဖက်ချေ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
ဖက်ချေ (Leaf Deer or Leaf Muntjac) ကို ဖက်ဂျီဟုလည်းကောင်း၊ ပူတာအိုချေဟုလည်းကောင်း ခေါ်တွင်သည်။ [[ချေ]]မျိုးစိတ်အငယ်စား ဖြစ်လေသည်။ သိပ္ပံအမည်မှာ မန်တီးယားကပ်စ် ပူတာအိုအင်းဆစ် ဖြစ်သည်။ ဖက်ချေကို ၁၉၉၇ခုနှစ်ကမှ [[ဇီဝဗေဒပညာရှင်]] [[အလန် ရာဘင်နိုဝဇ့်]]က [[မြန်မာနိုင်ငံ]]မြောက် ပိုင်းရှိ ဝေးလံသီခေါင်သော [[နောင်မွန်မြို့နယ်နောင်မွန်းမြို့နယ်]]အတွင်း ကွင်းဆင်းလေ့လာမှုတွင် ရှာဖွေတွေ့ရှိခဲ့သည်။ ရာဘင်နိုဝဇ့်သည် ဖက်ချေကို ချေအသေကောင်တစ်ကောင်မှတဆင့် သိရှိခဲ့ခြင်း ဖြစ်သည်။ ကနဦးက ယင်းချေအသေကောင်သည် အခြား သောချေမျိုးစိတ်တစ်မျိုး၏ အကောင်ပေါက်ကလေး၏ အသေကောင်ဟု ယူဆခဲ့သည်။ သို့သော်လည်း ယင်းအသေ ကောင်မှာ အရွယ်ရောက်ပြီးသော အမတစ်ကောင်မှန်း သိသွားလေသည်။ သူသည် နမူနာများကို ရယူနိုင်ခဲ့ပြီး မျိုးဗီဇစစ် ဆေးမှုမှတဆင့် [[သမင်]]မျိုးစိတ်သစ်တစ်မျိုးဖြစ်ကြောင်း သိခဲ့လေသည်။ ဒေသခံ[[မုဆိုး]]များက ဤမျိုးစိတ်ကို ကောင်းစွာသိ ကြပြီး ဖက်ချေဟုခေါ်တွင်ကြလေသည်။ အကြောင်းမှာ သစ်ရွက်ကြီးတစ်ရွက်တည်းဖြင့်ပင် လုံးဝထုပ်ပိုးနိုင်သောကြောင့် ဖြစ်သည်။<ref>Ellis, Richard (2004). No Turning Back: The Life and Death of Animal Species. New York: Harper Perennial. p. 260. ISBN 0-06-055804-0.</ref>
 
ဖက်ချေကို မြန်မာနိုင်ငံ၏ သိပ်သည်းသောသစ်တောများတွင်သာ တွေ့ရလေသည်။ ယင်းတို့ကို မြန်မာနိုင်ငံ၊ [[ပူတာအိုမြို့]] ၏ အရှေ့မြောက်ဘက်ရှိ [[ဟူကောင်းတောင်ကြား]]တွင် တွေ့ရလေသည်။ [[မေခမြစ်]]၏ [[နမ့်တမိုင်မြစ်]]လက်တက်တွင် တွေ့ရ လေသည်။ ယင်းတို့ကို အမြင့် မီတာ ၄၅၀မှ ၆၀ဝ အကြားတွင် တွေ့ရလေသည်။ ယင်းမှာ အပူပိုင်းသစ်တော များနှင့် သမပိုင်းသစ်တောများအကြား ကြားခံနယ်မြေ ဖြစ်လေသည်။ ၂၀ဝ၂ခုနှစ်တွင် ယင်းတို့ကို [[အိန္ဒိယနိုင်ငံ]]၊ အရုနာချယ် ပရာဒတ်ရှ်ပြည်နယ်အရှေ့ပိုင်းရှိ နမ်ဒါဖ ကျားဘေးမဲ့တောတွင်လည်း တွေ့ရလေသည်။<ref>Choudhury, A.U. (2003) The mammals of Arunachal Pradesh. Regency Publications, New Delhi. 140pp</ref> ယင်းအပြင် [[နာဂလန်းပြည်နယ်]]၏ လိုဟစ် နှင့် ချန်လန်းနယ်မြေများတွင်လည်းကောင်း၊ နောခ့်လခ့်ဒေသအနီးတွင်လည်းကောင်း တွေ့ရလေသည်။ ယင်းတို့ကို [[ပတ်ကွိုင်]]နှင့် [[ကူမွန်တောင်တန်း]]များဆုံရာနေရာတွင်လည်း တွေ့ရမည်ဟု ယူဆထားသည်။<ref>Datta, A;J Pansa; MD Madhusudan & C Mishra (2003) Discovery of the Leaf Deer (Muntiacus putaoensis) in Arunachal Pradesh: an addition to the large mammals of India. Current Science 84:454-458</ref>
စာကြောင်း ၆ -
 
== ကိုးကား ==
{{Reflist}}
 
[[Category:နို့တိုက်သတ္တဝါ]]
[[Category:မြန်မာနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ]]