ကိန်းသီအိုရီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥ် +ဉ်)
အရေးမကြီးNo edit summary
စာကြောင်း ၁ -
ကိန်းသီအိုရီကို'''ကိန်းသီအိုရီ'''ကို ရှေးခေတ်က [[ဂဏန်းသင်္ချာ]]ဟုခေါ်သည်။ သို့သော် ယခုခေတ်အခါတွင် ကိန်းသီအိုရီဆိုသည်မှာ [[ကိန်း]]ဂဏန်းများကို သာမန် အပေါင်း၊ အနုတ်၊ အမြောက်၊ အစားလုပ်သည်ထက် များစွာနက်ရှိုင်းကျယ်ပြန့်လာသည်။ ထို့ကြောင့် ကိန်းသီအိုရီကို အဆင့်မြင့် ဂဏန်းသင်္ချာဟုလည်း ခေါ်ကြသည်။ အကျဉ်းအားဖြင့် ဆိုရသော် ကိန်းသီအိုရီဆိုသည်မှာ ကိန်းပြည့်များ (integers) ကို အဓိကထား၍ လေ့လာသည့် [[သင်္ချာသန့်သန့်]] (pure mathematics) ဘာသာရပ်ခွဲတစ်ခု ဖြစ်သည်။ ကိန်းသီအိုရီ ပညာရှင်များသည် ကိန်းပြည့်များထဲတွင် [[သုဒ္ဓကိန်း]]များကိုလည်းကောင်း၊ ကိန်းပြည့်များနှင့် ၎င်းတို့၏ဂုဏ်သတ္တိများကို အသုံးပြုတည်ဆောက်ထားသည့် သင်္ချာဆိုင်ရာ အရာဝတ္ထုများ (ဥပမာ၊ [[ရာရှင်နယ်ကိန်း]]များ) ကိုလည်းကောင်း၊ ကိန်းပြည့်များ၏ ဂုဏ်သတ္တိများကို ခြုံငုံ၍ ယေဘုယျပြုထားသည့် ကိန်းများ (ဥပမာ၊ [[ကိန်းရင်း]]များ) ကိုလည်းကောင်း၊ အဆိုပါ ကိန်းပြည့်များနှင့် ဆက်စပ်၍ စားကိန်းဖန်ရှင် ([[:en:divisor function|divisor function]])၊ [[ဘန်းဟတ် ရီးမန်|ရီးမန်]] ဇေတာဖန်ရှင် ([[:en:Riemann zeta function|Riemann zeta function]])၊ [[လီယွန်ဟတ် အွိုင်လာ|အွိုင်လာ]]၏ တိုးရှန့်ဖန်ရှင် ([[:en:Euler's totient function|totient function]]) အစရှိသည့် ဖန်ရှင်များကိုလည်းကောင်း၊ နက်နက်ရှိုင်းရှိုင်း လေ့လာလေ့ရှိသည်။ ကိန်းသီအိုရီကို သင်္ချာပညာတွင် အခြေခံကျကျ နက်ရှိုင်းသော ဘာသာရပ်ခွဲတစ်ခုအဖြစ် သင်္ချာသမားအများစုက ရှုမြင်လေ့ရှိသည်။ သင်္ချာမင်းသားကြီးဟု အမွှန်းတင်ခံရလေ့ရှိသည့် ဂျာမန်သင်္ချာပညာရှင် [[ကားလ် ဖရီးဒရစ် ဂေါက်|ဂေါက်]]က သင်္ချာသည် [[သိပ္ပံ]]ပညာရပ်များ၏ ဘုရင်မဖြစ်ပြီး၊ ကိန်းသီအိုရီသည် သင်္ချာပညာရပ်များ၏ ဘုရင်မဖြစ်သည်ဟု တင်စားပြောဆိုခဲ့သည်။
 
[[Category:သင်္ချာ]]