ဧကန်မုချဖြစ်ခြင်းနှင့် လုံလောက်ခြင်း: တည်းဖြတ်မှု မူကွဲများ

"{{Translation incomplete|en|Necessity and..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
အရေးမကြီး fixed
စာကြောင်း ၅ -
သာဓကအားဖြင့်၊ <math>$x$</math> သည် ကိန်းပြည့် (integer) တစ်ခုဖြစ်သည်ဟု ဆိုပါစို့။ ထိုအခါ အောက်ပါ သာမန် ဂဏန်းသင်္ချာအဆိုကို စဉ်းစားကြည့်ပါ။
 
<math>$x$</math> ကို ၄ ဖြင့် စား၍ ပြတ်ပါက <math>$x$</math> သည် စုံကိန်း တစ်ခုဖြစ်သည်။
 
အထက်ပါအဆိုမှာ အဆိုမှန်တစ်ခုဖြစ်သည်။ အကြောင်းမှာ ၄ ဖြင့်စား၍ ပြတ်သော ကိန်းပြည့်အားလုံး (<math>0, \pm 4, \pm 8, \pm 12, \ldots</math>) မှာ စုံကိန်းများ ဖြစ်သောကြောင့် ဖြစ်သည်။ တနည်းဆိုရသော် ကိန်းပြည့်တစ်ခုကို ၄ ဖြင့် စား၍ပြတ်ပါက ထိုကိန်းမှာ ဧကန်မုချ စုံကိန်းတစ်ခု ဖြစ်ကို ဖြစ်ရပေမည်။ ထို့ကြောင့် စုံကိန်းဖြစ်ခြင်း ဟူသည့် ဂုဏ်သတ္တိသည် ၄ဖြင့်စား၍ပြတ်ခြင်း ဟူသည့် ဂုဏ်သတ္တိ၏ ဧကန်မုချအကျိုး (necessary conclusion) ဖြစ်သည်။ သို့သော် ၄ဖြင့်စား၍ပြတ်ခြင်း ဟူသည့် ဂုဏ်သတ္တိသည် စုံကိန်းဖြစ်ခြင်း ဟူသည့် ဂုဏ်သတ္တိ၏ ဧကန်မုချအကျိုး မဟုတ်ပေ။ အကြောင်းမှာ စုံကိန်းဖြစ်တိုင်း ၄ ဖြင့်စား၍ မပြတ်သောကြောင့် (ဥပမာ ၆) ဖြစ်သည်။ အကျဉ်းချုပ်ရသော် ၄ ဖြင့်စား၍ ပြတ်သော ကိန်းပြည့်တိုင်း စုံကိန်းဖြစ်သောကြောင့် စုံကိန်းဖြစ်ခြင်းသည် ၄ ဖြင့်စား၍ ပြတ်ခြင်း၏ ဧကန်မုချအကျိုး ဖြစ်သော်လည်း၊ စုံကိန်းဖြစ်တိုင်း ၄ ဖြင့်စား၍ မပြတ်သောကြောင့် ၄ ဖြင့်စား၍ ပြတ်ခြင်းသည် စုံကိန်းဖြစ်ခြင်း၏ ဧကန်မုချ အကျိုးမဟုတ်ပေ။