ယေဘုယျနှိုင်းရသီအိုရီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[File:Black Hole Milkyway.jpg|thumb|260px|[[နဂါးငွေ့တန်း ဂယ်လက်ဆီ]]အတွင်း [[နေအဖွဲ့အစည်း]]ထုထည်ပေါင်း ၁၀ ဆ ရှိသော [[တွင်းနက်]]အား ၆၀၀ [[ကီလိုမီတာ]]အကွာမှ မြင်ရပုံ (သရုပ်ပြချက်)<ref name="SXSproject">{{cite web |url=http://www.black-holes.org/gw150914 |title=GW150914: LIGO Detects Gravitational Waves |website=Black-holes.org |accessdate=18 April 2016}}</ref>]]
 
'''ယေဘုယျနှိုင်းရသီအိုရီ'''သည် [[အဲလ်ဘတ် အိုင်းစတိုင်း]] မှ ၁၉၁၅ ခုနှစ်တွင် ဖေါ်ထုတ်ခဲ့သော [[ဒြပ်ဆွဲအား]]ဆိုင်ရာ ဂျီဩမေတြီသီအိုရီဖြစ်သည်။<ref>O'Connor, J.J. and Robertson, E.F. (1996), ''[http://www-history.mcs.st-and.ac.uk/HistTopics/General_relativity.html General relativity]''. ''[http://www-history.mcs.st-and.ac.uk/Indexes/Math_Physics.html Mathematical Physics index]'', [http://www.st-andrews.ac.uk/maths/ School of Mathematics and Statistics], [http://www.st-andrews.ac.uk/ University of St. Andrews], Scotland. Retrieved 2015-02-04.</ref> [[ခေတ်ပေါ်ရူပဗေဒ]]တွင် လက်ရှိအသုံးပြုနေသော ဒြပ်ဆွဲအားဆိုင်ရာ ရှင်းလင်းဖေါ်ပြချက်လည်း ဖြစ်သည်။ ယေဘုယျနှိုင်းရသီအိုရီသည် [[အထူးနှိုင်းရသီအိုရီ]]နှင့် [[နယူတန်]]၏ [[ဒြပ်ဆွဲအား နိယာမ|စကြဝဠာဆိုင်ရာဒြပ်ဆွဲအားနိယာမ]] တို့ကို ယေဘုယျကျမျှတအောင် ပြုလုပ်ပေးခြင်းအားဖြင့် [[အာကာသ]]နှင့် [[အချိန်]]ကို သို့မဟုတ် [[အာကာသအချိန်]]ကို ဂျီဩမေတြီဂုဏ်သတ္တိအဖြစ် ပေါင်းစည်း၍ ရှင်းလင်းဖော်ပြပေးသည်။ အာကာသအချိန်၏ ကွေးညွတ်မှုသည် ပါဝင်တည်ရှိနေသည့် အားလုံးသော [[ဒြပ်]]နှင့် [[ရောင်စဉ်]]တို့၏ [[စွမ်းအင်]]နှင့် [[အဟုန်]]တို့ဖြင့် တိုက်ရိုက် ဆက်စပ်သည်။ ဆက်စပ်မှုကို [[အိုင်းစတိုင်း စက်ကွင်းညီမျှခြင်း]]ဖြင့် ဖော်ပြသည်။
 
ယေဘုယျနှိုင်းရသီအိုရီ၏ ဟောကိန်းအချို့သည် [[ရှေးရိုးရူပဗေဒ]]မှ ဖော်ထုတ်ပေးသော ဟောကိန်းများဖြင့် သိသိသာသာ ကွဲပြားခြားနားသည်။ အထူးသဖြင့် အချိန်ပါဝင်ခြင်း၊ အာကာသ၏ [[ဂျီဩမေတြီ]]၊ [[လွတ်လပ်စွာကျဆင်းသော အရာဝတ္တု]]၊ [[အလင်း]]ပျံ့နှံ့မှု စသည်တို့ဖြင့် သက်ဆိုင်လျှင် သိသာစွာ ကွဲပြားခြားနားသည်။ ဥပမာတို့မှာ ဒြပ်ဆွဲအားဆိုင်ရာ အချိန်အလိုက်ပြောင်းလဲခြင်း၊ [[ဒြပ်ဆွဲအားမှန်ဘီလူး]]၊ အလင်း၏ ဒြပ်ဆွဲအားဆိုင်ရာ [[အနီရောင်အရွေ့|အနီရွေ့ခြင်း]]၊ ဒြပ်ဆွဲအားဆိုင်ရာ အချိန်နှေးခြင်း စသည်တို့ ဖြစ်သည်။ ယနေ့အချိန်အထိ စောင့်ကြည့်လေ့လာမှုများနှင့် စမ်းသပ်တွေ့ရှိချက်များ အားလုံးသည် ယေဘုယျနှိုင်းရသီအိုရီနှင့် ကိုက်ညီမှုရှိကြောင်း အတည်ပြုပြီး ဖြစ်သည်။ ယေဘုယျနှိုင်းရသီအိုရီသည် တစ်ခုတည်းသော ဒြပ်ဆွဲအားဆိုင်ရာ နှိုင်းရသီအိုရီ မဟုတ်သော်လည်း လက်တွေ့ရလာဒ်များဖြင့် အမြဲကိုက်ညီသော အရိုးရှင်းဆုံး သီအိုရီဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မဖြေရှင်းနိုင်သေးသော မေးခွန်းများလည်း ကျန်ရှိနေသေးသည်။ ယေဘုယျနှိုင်းရသီအိုရီအား [[ကွမ်တမ်မက္ကင်းနစ်|ကွမ်တမ်ရူပဗေဒ]]ဖြင့် မည်ကဲ့သို့ ညီညွတ်အောင် ပေါင်းစည်းကာ ပြီးပြည်စုံပြီး ကိုယ်တိုင်ညီညွတ်မှုရှိသော [[ကွမ်တမ်ဒြပ်ဆွဲအားသီအိုရီ]]ကို မည်သို့ ဖော်ထုတ်ရမည်နည်း ဆိုသည့်မေးခွန်းမျိုး ဖြစ်သည်။