ဧကန်မုချဖြစ်ခြင်းနှင့် လုံလောက်ခြင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး တည်း
အရေးမကြီး →‎ထပ်တူညီခြင်း: ပြင်
စာကြောင်း ၅၆ -
'''အဆို က''' နှင့် '''အဆို ခ''' ဟူ၍ အဆိုနှစ်ခု ရှိသည်ဆိုပါစို့။ အဆိုက သည် အဆို ခ ၏ လုံလောက်သော အကြောင်းဖြစ်ပြီး၊ (သင်္ကေတအားဖြင့် '''အဆို က <math>/implies</math> အဆို ခ''' ဖြစ်ပြီး၊) အဆို က သည် အဆို ခ ၏ ဧကန်မုချအကျိုး လည်းဖြစ်သည်၊ (သင်္ကေတအားဖြင့် '''အဆို ခ <math>/implies</math> အဆို က''' လည်းဖြစ်သည်၊) ဆိုပါစို့။ တနည်းဆိုသော် '''အဆို က <math>/iff</math> အဆို ၃''' ဖြစ်သည်ဆိုပါစို့။ ထို အဆို က နှင့် အဆို ခ ကို အမှန်တန်ဖိုး (truth value) '''ထပ်တူညီသော အဆိုများ (equivalent statements)''' ဟု ခေါ်သည်။
 
အထက်ပါ သာဓကတွင် အဆို ၂ နှင့် အဆို ၃ ကို ကြည့်ပါ။ "အဆို ၂ <math>\/implies</math> အဆို ၃" ဖြစ်၍ '''အဆို ၂ သည် အဆို ၃ ၏ လုံလောက်သော ပေးထားချက် အကြောင်းတရား''' ဖြစ်သည်။ "အဆို ၃ <math>\implies</math> အဆို ၂" ဖြစ်၍ '''အဆို ၂ သည် အဆို ၃ ၏ ဧကန်မုချ အကျိုးရလဒ်'''လည်းဖြစ်သည်။ ထို့ကြောင့် အဆို ၂ သည် အဆို ၃ ၏ ''လုံလောက်သော အကြောင်းတရား ဖြစ်သလို၊ ဧကန်မုချ အကျိုးရလဒ်လည်း ဖြစ်သည်''။ တနည်းအားဖြင့် ဆိုသော် အဆို ၂ နှင့် အဆို ၃ နှစ်ခု အနက် တစ်ခု မှန်သည်ဟု သိသည်နှင့် အခြားတစ်ခုလည်း မှန်ကို မှန်ရမည်၊ တစ်ခု မှားသည်ဟု သိသည်နှင့် အခြားတစ်ခုလည်း မှားကို မှားရမည်ဟု ကောက်ချက်ချနိုင်သည်။ ထို့ကြောင့် အဆို ၂ နှင့် အဆို ၃ မှာ '''အမှန်တန်ဖိုး ထပ်တူညီသည်'''ဟု ခေါ်ဆိုသည်။
 
စင်စစ်တွင် ထို့သို့ အမှန်တန်ဖိုး ထပ်တူညီသည့် အဆိုများကို အသုံးပြု၍ အဓိပ္ပာယ်သတ်မှတ်ချက်များ ရေးသားခြင်းဖြစ်သည်။ အထက်ပါ သာဓကတွင် ''၂ ဖြင့်စား၍ ပြတ်ခြင်း''ဟူသည်မှာ ''စုံကိန်းဖြစ်ခြင်း''၏ ''အဓိပ္ပာယ်သတ်မှတ်ချက် ဂုဏ်သတ္တိ'' (defining property) ဖြစ်လေသည်။