ဧကန်မုချဖြစ်ခြင်းနှင့် လုံလောက်ခြင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎လုံလောက်ခြင်း: fixed
အရေးမကြီး →‎ထပ်တူညီခြင်း: ပြင်
စာကြောင်း ၅၄ -
 
== ထပ်တူညီခြင်း ==
'''အဆို က''' နှင့် '''အဆို ခ''' ဟူ၍ အဆိုနှစ်ခု ရှိသည်ဆိုပါစို့။ အဆိုက သည် အဆို ခ ၏ လုံလောက်သော အကြောင်းဖြစ်ပြီး၊ (သင်္ကေတအားဖြင့် '''အဆို က <math>\implies</math> အဆို ခ''' ဖြစ်ပြီး၊) အဆို က သည် အဆို ခ ၏ ဧကန်မုချအကျိုး လည်းဖြစ်သည်၊ (သင်္ကေတအားဖြင့် '''အဆို ခ <math>\implies</math> အဆို က''' လည်းဖြစ်သည်၊) ဆိုပါစို့။ တနည်းဆိုသော် '''အဆို က <math>\iff</math> အဆို ''' ဖြစ်သည်ဆိုပါစို့။ ထို အဆို က နှင့် အဆို ခ ကို အမှန်တန်ဖိုး (truth value) '''ထပ်တူညီသော အဆိုများ (equivalent statements)''' ဟု ခေါ်သည်။
 
အထက်ပါ သာဓကတွင် အဆို ၂ နှင့် အဆို ၃ ကို ကြည့်ပါ။ "အဆို ၂ <math>\implies</math> အဆို ၃" ဖြစ်၍ '''အဆို ၂ သည် အဆို ၃ ၏ လုံလောက်သော ပေးထားချက် အကြောင်းတရား''' ဖြစ်သည်။ "အဆို ၃ <math>\implies</math> အဆို ၂" ဖြစ်၍ '''အဆို ၂ သည် အဆို ၃ ၏ ဧကန်မုချ အကျိုးရလဒ်'''လည်းဖြစ်သည်။ ထို့ကြောင့် အဆို ၂ သည် အဆို ၃ ၏ ''လုံလောက်သော အကြောင်းတရား ဖြစ်သလို၊ ဧကန်မုချ အကျိုးရလဒ်လည်း ဖြစ်သည်''။ တနည်းအားဖြင့် ဆိုသော် အဆို ၂ နှင့် အဆို ၃ နှစ်ခု အနက် တစ်ခု မှန်သည်ဟု သိသည်နှင့် အခြားတစ်ခုလည်း မှန်ကို မှန်ရမည်၊ တစ်ခု မှားသည်ဟု သိသည်နှင့် အခြားတစ်ခုလည်း မှားကို မှားရမည်ဟု ကောက်ချက်ချနိုင်သည်။ ထို့ကြောင့် အဆို ၂ နှင့် အဆို ၃ မှာ '''အမှန်တန်ဖိုး ထပ်တူညီသည်'''ဟု ခေါ်ဆိုသည်။