အမေရိကန်ပြည်ထောင်စု: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၁ -
အ​မေရိကန်ုဖစ်​သည်
{{Infbox နိုင်ငံ
| နိုင်ငံအမည်အပြည့် = အမေရိကန်ပြည်ထောင်စု
| အမည်_ရင်း = United States of America
| ပုံ_အလံ = Flag of the United States.svg
| ပုံ_တံဆိပ် = US-GreatSeal-Obverse.svg
| နိုင်ငံတော်ဆောင်ပုဒ် = In God We Trust<br /><small>(ဘုရားသခင်ကို ကျွန်ုပ်တို့ယုံကြည်ပါသည်)</small>
| နိုင်ငံတော်သီချင်း = The Star-Spangled Banner
| ပုံ_နေရာ = Location United States.svg
| မြို့တော် = ဝါရှင်တန်ဒီစီမြို့
| အကြီးဆုံးမြို့ = [[နယူးယောက်မြို့]]
| အကြီးဆုံးပြည်နယ် =အလက်စကာပြည်နယ်
| ဧရိယာ = ၉,၈၂၆,၆၃၀ km² (၃,၇၉၄,၀၆၆ sq mi)
| ဧရိယာအဆင့် = ၃/၄
| ဧရိယာရေရာခိုင်နှုန်း = ၆.၇၆
| အမြင့်ဆုံးနေရာ =ဒီနာလီတောင်၊ အလက်စကာပြည်နယ်
| အရှေဆုံးမြစ် =မစ္စစ္စပီမြစ်
| အကြီးဆုံးအင်း =
| ကမ်ရိုးတန်း =
| time zone = -၅ - -၁၀
| ရုံးသုံးဘာသာများ = [[အင်္ဂလိပ်ဘာသာ]]
| လူဦးရေ = ၃၀၄,၆၀၉,၀၀၀ (၂၀၀၇)
| လူဦးရေအဆင့် = ၃
| လူဦးရေအထူ = ၃၁/km² (၈၀/sq mi)
| လူမျိုးများ = [[လူဖြူလူမျိုး|လူဖြူ]] <small>(၈၀.၁%)</small>၊ [[လက်တင်လူမျိုး|လက်တင်]] <small>(၁၄.၈%)</small>၊ [[အာဖရိကန်လူမျိုး|အာဖရိကန်]]<small>(၁၂.၈%)</small>၊ [[အာရှလူမျိုး|အာရှ]] <small>(၄.၄%)</small>၊ [[မူရင်းအမေရိကန်တိုင်းရင်သားလူမျိုး|မူရင်းအမေရိကန်တိုင်းရင်သား]] <small>(၁.၂%)</small>၊ [[ကပြားလူမျိုး|ကပြား]] <small>(၁.၆%)</small>
| ဘာသာတရားများ = [[ခရစ်ယာန်ဘာသာ|ခရစ်ယာန်]] <small>(၇၈.၅%)</small>၊ [[ဘာသာမဲ့]] <small>(၁၂.၁%)</small>၊ အခြား <small>(၂.၅%)</small>၊ [[ရဟူဒီဘာသာ|ရဟူဒီ]] <small>(၁.၇%)</small>၊ [[ဗုဒ္ဓဘာသာ|ဗုဒ္ဓ]] <small>(၀.၇%)</small>၊ [[အစ္စလာမ်ဘာသာ|အစ္စလာမ်]] <small>(၀.၆%)</small>
| ပွဲများ =
| အမျိုးအစား = အုပ်ချုပ်မှုဥပဒေသော ဖယ်ဒရယ်သမ္မတနိုင်ငံ
| ခေါင်းဆောင်_ရာထူး(၁) = သမ္မတ
| ခေါင်းဆောင်_အမည်(၁) = [[ ဒေါ်နယ်လ် ထရန့်]]
| ခေါင်းဆောင်_ရာထူး(၂) =ဒု သမ္မတ
| ခေါင်းဆောင်_အမည်(၂) = Mike Pence
| ထူထောင်ရေး_အမည်(၁) = လွတ်လပ်ရေးကြေညာခဲ့
| ထူထောင်ရေး_ခုနှစ်(၁) = [[၄ ဇူလိုင်]] [[၁၇၇၆ခ]]
| ထူထောင်ရေး_အမည်(၂) = လွတ်လပ်ရေးသတ်မှတ်
| ထူထောင်ရေး_ခုနှစ်(၂) = [[၃ စက်တင်ဘာ]] [[၁၇၈၃]]
| ထူထောင်ရေး_အမည်(၃) = အုပ်ချုပ်မှုဥပဒေကာလပေါ်
| ထူထောင်ရေး_ခုနှစ်(၃) = [[၂၁ ဇွန်]] [[၁၇၈၈]]
| GDP_PPP = $၁၅.၀၉၄ ထရီလီယံ
| GDP_PPP_အဆင့် = ၁
| GDP_PPP_per_capita = $၄၈,၃၈၆
| GDP_PPP_per_capita_အဆင့် = ၈
| HDI = ၀.၉၁၀ (အလွန်မြင့်)
| HDI_အဆင့် = ၄
| ဗဟိုဘဏ် = [[ဖယ်ဒရယ်အရန်ဗဟိုစနစ်]]
| ငွေ = အမေရိကန်ဒေါ်လာ (USD "$")
| အထိမ်းအမှတ်များ = ပန်း - နှင်းဆီ၊ သစ်ပင် - ဝက်သစ်ချ
| ISO 3166-1 = US
| cctld = .us .gov .mil .edu
| calling_code = +၁
}}
'''အမေရိကန်ပြည်‌ထောင်‌စု'''ကို ပုံမှန်အားဖြင့် '''United States''', the '''U.S.''', the '''U.S.A.''', the '''States''', the '''America''' စသည်ဖြင့် ရည်ညွှန်းခေါ်ဆိုလေ့ရှိကြကာ ဖွဲ့စည်းပုံအရ ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံဖြစ်ပြီး ပြည်နယ်အခု ၅၀ နှင့် ပြည်ထောင်စုနယ်မြေတစ်ခု ပါဝင်သည်။ အမေရိကန်ပြည်ထောင်စုသည် မြောက်အမေရိကအလယ်ပိုင်းတွင် အဓိကတည်ရှိပြီး ထိုနေရာတွင် တဆက်တည်းဖြစ်နေသော ပြည်နယ် (၄၈)ခုနှင့် အုပ်ချုပ်ရေးဆိုင်ရာမြို့တော် [[ဝါရှင်တန်ဒီစီ]] တို့သည် ပစိဖိတ် နှင့် အတ္တလန္တိတ် သမုဒ္ဒရာတို့ကြားတွင် မြောက်ဖက်တွင် [[ကနေဒါနိုင်ငံ]]နှင့် တောင်ဖက်တွင် [[မက္ကဆီကိုနိုင်ငံ]]တို့ဖြင့် ဝိုင်းရံ၍ တည်ရှိသည်။ [[အလက်စကာပြည်နယ်]]သည် တိုက်ကြီး၏ အနောက်မြောက်ဖက်ပိုင်းတွင် တည်ရှိပြီး အရှေ့ဖက်တွင် ကနေဒါနှင့် အနောက်ဖက် ဘဲရင်းရေလက်ကြား (Bering Strait)ကို ဖြတ်၍ [[ရုရှားနိုင်ငံ]]တို့ ရှိကြသည်။ [[ဟာဝိုင်ယီပြည်နယ်|ဟာဝိုင်အီပြည်နယ်]]သည် ပစိဖိတ်သမုဒ္ဒရာအလယ်တွင် ရှိသော ကျွန်းစုဖြစ်သည်။ အမေရိကန်သည် ကာရစ်ဘီယန် နှင့် ပစိဖိတ်ဒေသအနှံ့အပြားတို့တွင် နယ်မြေများနှင့် ကျွန်းများကိုလည်း ပိုင်ဆိုင်သည်။
 
အကျယ်အဝန်း စတုရန်းမိုင်ပေါင်း ၃.၇၉ သန်း (စတုရန်း ကီလိုမီတာ ၉.၈၃ သန်း) နှင့် လူဦးရေ သန်း ၃၀၀ ကျော်ရှိသည့်အတွက် အမေရိကန်ပြည်ထောင်စုတွင် ကမ္ဘာပေါ်တွင် စုစုပေါင်း အကျယ်အဝန်းအားဖြင့် စတုတ္တမြောက် အကြီးဆုံးနှင့် ကုန်းမြေအကျယ်အဝန်းနှင့် လူဦးရေအားဖြင့် တတိယမြောက် အကြီးမား အများပြားဆုံး ဖြစ်သည်။ နိုင်ငံအများအပြားမှ လူအများအပြား ရွှေ့ပြောင်းနေထိုင်ကြသဖြင့် အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် လူမျိုးစု အများဆုံး ရောထွေးနေထိုင်ပြီး ယဉ်ကျေးမှုအစုံလင်ဆုံး နိုင်ငံများတွင် တစ်နိုင်ငံ အပါအဝင်ဖြစ်သည်။ အမေရိကန်၏ စီးပွားရေးသည် ကမ္ဘာပေါ်တွင် အကြီးဆုံး စီးပွားရေးဖြစ်ပြီး စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) အမေရိကန် ဒေါ်လာ ၁၄.၃ ထရီလီယံ မျှရှိသည်။ (nominal GDP အားဖြင့် တစ်ကမ္ဘာလုံး၏ ၂၃ ရာခိုင်နှုန်းဖြစ်ပြီး တစ်ကမ္ဘာလုံး ဝယ်ယူသည့်တန်ဖိုး၏ ၂၁ ရာခိုင်နှုန်းဖြစ်သည်။)
 
အမေရိကန်သည် အတ္တလန္တိတ်ကမ်းရိုးတန်းတလျှောက်တွင်ရှိသော ဗြိတိန်နိုင်ငံ၏ [[ကိုလိုနီ]]နယ်မြေ (၁၃)ခု ပူးပေါင်း၍ စတင်တည်ထောင်ခဲ့သည်။ ၁၇၇၆-ခုနှစ် ဇူလိုင်လ (၄)ရက်တွင် [[လွတ်လပ်ရေး]] ကြေငြာစာတမ်းကို ထုတ်ပြန်ခဲ့ပြီး ထိုစာတမ်းမှ အမေရိကန်နိုင်ငံ၏ လွတ်လပ်ရေးကို ကြေငြာခဲ့ပြီး ကွန်ဖယ်ဒရေးရှင်းဟုခေါ်သည့် ပြည်နယ်များကိုပူးပေါင်းထားသော ပြည်ထောင်စုကို ဖွဲ့စည်းကြောင်း ကြေငြာခဲ့သည်။ ကိုလိုနီလက်အောက်မှ လွတ်မြောက်ရေးအတွက် ပထမဆုံးစစ်ပွဲဖြစ်သော အမေရိကန်တော်လှန်ရေးစစ်အတွင်း ၌ ပုန်ကန်ထကြွသော ပြည်နယ်တို့သည် ဗြိတိန်တို့ကို ခြေမှုန်းအောင်နိုင်ခဲ့သည်။ ဖက်ဒရယ်ညီလာခံမှ အမေရိကန်ပြည်ထောင်စု၏ ယခုလက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၇၈၇ ခုနှစ် စက်တင်ဘာလ ၁၇ ရက်တွင် စတင် ကျင့်သုံးခဲ့သည်။ နောက်နှစ်များတွင် ထပ်မံအတည်ပြုချက်အရ ပြည်နယ်များကို ဗဟိုအစိုးရမှ ချုပ်ကိုင်မှု အားကောင်းသော နိုင်ငံ၏အစိတ်အပိုင်းအဖြစ် သတ်မှတ်သည်။ ပြည်သူတို့၏ အခြေခံအခွင့်အရေး အများအပြား နှင့် လွတ်လပ်မှုကို အာမခံချက်ပေးသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၁၀ ချက်ပါဝင်သည်။ အခွင့်အရေးဆိုင်ရာဥပဒေ (The Bill of Rights) ကို ၁၇၉၁ တွင် အတည်ပြုခဲ့သည်။
 
၁၉ရာစုတွင် အမေရိကန်ပြည်ထောင်စုသည် [[ပြင်သစ်နိုင်ငံ|ပြင်သစ်]]၊ [[စပိန်နိုင်ငံ|စပိန်]]၊ [[အင်္ဂလန်နိုင်ငံ|အင်္ဂလန်]]၊ [[မက္ကဆီကိုနိုင်ငံ|မက္ကဆီကို]]နှင့် [[ရုရှားနိုင်ငံ]]တို့မှ နယ်မြေများကို ရယူခဲ့ပြီး တက်ကဆက်နိုင်ငံ နှင့် ဟာဝိုင်အီနိုင်ငံတို့ကို ပြည်ထောင်စု အတွင်းသို့ ထည့်သွင်းခဲ့သည်။ ပြည်နယ်အခွင့်အရေးနှင့် ပတ်သက်၍ အမေရိကန် တောင်ပိုင်းနှင့် စက်မှုထွန်းကားသော အမေရိကန် မြောက်ပိုင်းတို့ အငြင်းပွားကြခြင်းနှင့် ကျွန်စနစ်ကို ချဲ့ထွင်ခြင်းတို့ကြောင့် ၁၈၆၀ နှစ်များတွင် အမေရိကန် ပြည်တွင်းစစ် ဖြစ်ပွားခဲ့သည်။ မြောက်ပိုင်းမှ အနိုင်ရရှိခဲ့ခြင်းကြောင့် နိုင်ငံပြိုကွဲမည့်အရေးကို တားဆီးနိုင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုတွင် တရားဝင် ကျွန်စနစ်ကို ချုပ်ငြိမ်းစေခဲ့သည်။ စပိန်-အမေရိကန် စစ်ပွဲ နှင့် ပထမကမ္ဘာစစ်တို့မှ အမေရိကန်အား စစ်အင်အားကြီး နိုင်ငံတစ်နိုင်ငံအဖြစ် စေခဲ့သည်။ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီးတွင် အမေရိကန်ပြည်ထောင်စုသည် နျူးကလီးယား လက်နက်ပိုင်ဆိုင်သော နိုင်ငံတစ်နိုင်ငံအဖြစ် ကုလသမ္မဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ နှင့် နေတိုးကို စတင်တည်ထောင်သည့် နိုင်ငံဖြစ်လာခဲ့သည်။ ၂၀ရာစုနှောင်းပိုင်းတွင် စစ်အေးတိုက်ပွဲ ပြီးဆုံးသွားခြင်းက အမေရိကန်ပြည်ထောင်စုအား တစ်ခုတည်းသော မဟာအင်အားကြီး နိုင်ငံတစ်ခု အဖြစ် ကျန်ရစ်ခဲ့စေသည်။ အမေရိကန်၏ စစ်သုံးစရိတ်သည် တကမ္ဘာလုံးစစ်သုံးစရိတ်၏ ၅၀ ရာခိုင်နှုန်းမျှရှိပြီး ကမ္ဘာပေါ်တွင် စီးပွားရေး၊ နိုင်ငံရေး နှင့် ယဉ်ကျေးမှုအရ ဦးဆောင်နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်။
 
== အမည်ရင်းမြစ် ==