ကားလ် ဗိုင်ရာစရပ်: တည်းဖြတ်မှု မူကွဲများ

"{{Translation incomplete|en|Karl Weierstra..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
အရေးမကြီး မိတ်ဆက်
စာကြောင်း ၁ -
{{Translation incomplete|en|Karl Weierstrass}}
'''ကားလ် သီအိုဒေါ ဝီဟမ် ဗိုင်ရာစရပ်''' ({{lang-en|Karl Theodor Wilhelm Weierstrass}}; {{lang-de|link=no|Weierstraß}}; ၃၁ အောက်တိုဘာ ၁၈၁၅ - ၁၉ ဖေဖော်ဝါရိ ၁၈၉၇) သည် ဂျာမန်လူမျိုး သင်္ချာပညာရှင်တစ်ဦးဖြစ်ပြီး ခေတ်သစ် ခွဲခြမ်းစိတ်ဖြာ သင်္ချာ၏ ဖခင်ဟု ရည်ညွှန်းခံရလေ့ ရှိသူဖြစ်သည်။ ဗိုင်ရာစရပ်ဖန်ရှင်၊ လစ်မစ်အတွက် တိကျခိုင်မာသည့် <math>\epsilon-\delta</math> အဓိပ္ပာယ်သတ်မှတ်ချက်၊ ဘော်လ်ဇာနို-ဗိုင်ရာစရပ် သီအိုရမ် အစရှိသည့် ခွဲခြမ်းစိတ်ဖြာ သင်္ချာဆိုင်ရာ သဘောတရားတို့ကြောင့် ကျော်ကြားသူဖြစ်သည်။ ဘွဲ့မရမီ တက္ကသိုလ်မှ ထွက်ခဲ့သော်လည်း သင်္ချာပညာကို စူးစိုက်လေ့လာ၍ ဆရာတစ်ယောက်ဖြစ်အောင် လေ့ကျင့်သင်ကြားခဲ့ရာ နောင်အခါတွင် သင်္ချာဆရာ ဖြစ်လာခဲ့သည်။ ဆရာတစ်ဦးအနေဖြင့် သင်ကြားရန် ကျောင်းက စေခိုင်းသည့် [[ရူပဗေဒ]]၊ [[ရုက္ခဗေဒ]]၊ [[ပထဝီ]]၊ [[သမိုင်း]]၊ [[ဂျာမန်ဘာသာ]]၊ လက်ရေးလှပညာ (calligraphy) နှင့် ကိုယ်လက်ကျန်းမာ အားကစား (gymnastics) အထိ ဘာသာစုံသင်ကြားခဲ့ဖူးသူ ဖြစ်သည်။
 
 
[[Category: သင်္ချာ ပညာရှင်များ]]