ကဲကုလပ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၁ -
'''ကဲကုလပ်''' ({{lang-en|Calculus}}) သည် [[လစ်မစ်]]၊ [[ဒီရိုက်ဗေးတစ်]]၊ [[အင်တီဂရယ်]]၊ [[အင်ဖိုင်းနိက်]] တို့ကိုလေ့လာသော [[တက္ကသိုလ်]]များတွင် အဓိကသင်ရိုး [[သင်္ချာ]]ဘာသာ အခွဲတစ်ခု ဖြစ်သည်။ [[လက်တင်ဘာသာလက်တင်ဘာသာစကား]]အရ ကဲကုလပ်၏ အဓိပ္ပါယ်မှာ ရေတွက်ရာတွင် သုံးသော ကျောက်ခဲလေးတစ်လုံးဟု ဆိုပါသည်။ ကဲကုလပ် (Calculus) ဘာသာကို စတင်သုံးစွဲခဲ့သော နယ်ပယ်များမှာ [[မက္ကင်းနစ်ပညာ]] နှင့် [[နက္ခတ္တဗေဒ]]တို့တွင် ဖြစ်သည်။ Calculus မှဆင်းသက်လာသော differential equations ဘာသာမှ mathematical physics ဘာသာ ဖြစ်လာသည်။
ကဲကုလပ်ကို အသုံးပြုသော ကြောင့် [[အပူစွမ်းအင်]] နှင့် [[လျှပ်စစ်စွမ်းအင်]] [[သံလိုက်စွမ်းအင်]] များအကြောင်းကို ပိုမိုကောင်းမွန်စွာ နားလည်လာကြသည်။ ခေတ်သစ်သိပ္ပံနှင့် နည်းပညာသည် Calculus ပေါ်တွင် မှီနေသည် ဟုမှီနေသည်ဟု ဆိုနိုင်သည်။
 
== သမိုင်းအကျဉ်း ==
သင်္ချာပညာရှင် [[ရနေး ဒေးကား]]သည် [[အက္ခရာသင်္ချာ]]အား စာစကားမှ သင်္ကေတဘာသာစကားအဖြစ် ပြောင်းလဲခဲ့သည်။ ဒေးကား၏ algebra နှင့် geometry တို့ကို ပေါင်းထားသော alalytic သို့မဟုတ် geometry စာအုပ်အား ထုတ်ဝေပြီး နှစ်ပေါင်းလေးဆယ်အတွင်းတွင် ဂျာမန် ဒဿနနှင့် သင်္ချာပညာရှင် လစ်ဗနစ် (Leibniz)(1646-1716) သည် အနန္တကိန်း (infinite) ဆိုင်ရာ အက္ခရာ သင်္ချာကို တီထွင်ခဲ့သည်။ ထိုဘာသာရပ်အား ယခုအခါ ကဲကုလ (calculus) ဟုခေါ်သည်။ အင်္ဂလိပ်ပညာရှင် အိုင်းစက်နယူတန် သည် လစ်ဗနစ်ထက် calculus ဘာသာရပ်ကို အနည်းငယ်စောတွေ့ခဲ့သော်လည်း စာအုပ်ထုတ်ဝေရာတွင်နောက်ကျခဲ့သည်။ ထို့အပြင် သူအသုံးပြုခဲ့သော သင်္ကေတများသည် သူကိုယ်တိုင်နားလည်သော်လည်း လူအများနားလည်နိုင်ရန် ရှုပ်ထွေးလေသည်။ ထို့ကြောင့် လူတိုင်းနားလည်နိုင်သော လစ်ဗနစ်၏ သင်္ကေတများအား ယနေ့တိုင်အောင် သုံးနေကြဆဲဖြစ်သည်။
 
== နည်းစဉ် ==