ရွှေမုဋ္ဌောဘုရား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၅ -
စေတီတော်သမိုင်းအဆိုအရ ရွှေမုဋ္ဌောဘုရားကို သာသနာ သက္ကရာဇ် ၂၁၈ ခုနှစ် တပေါင်းလပြည့်နေ့ လငပုပ်ဖမ်းသောအခါတွင် [[သီရိဓမ္မာသောက]]မင်း တည်သည်ဟု ဆိုသည်။ သီရိဓမ္မာသောကမင်းလက်ထက် တည်စက ရွှေအာဏာစေတီဟုတွင်၍ ၄၅၇ ခုနှစ်တွင် [[အလောင်းစည်သူ]]မင်းကြီး ပြန်လည် ပြုပြင်ပြီးသောအခါ ထူပါရုံစေတီဟု သမုတ်သည်။ ၆၂၅ ခုနှစ်တွင် သမုဒ္ဒဃောသမင်းနှင့် ဥမ္မာဒန္တီ မိဖုရားတို့ တိုးချဲ့တည်ပြီး သောအခါမှ ရွှေမုဋ္ဌောဟု အမည်တွင်ခဲ့ခြင်း ဖြစ်လေသည်။
 
သီရိဓမ္မာသောကမင်းသည် စေတီပေါင်း ၈၄ဝဝဝ တည်သည့်အနက် ဘုရားအလောင်း ရွှေငါးကြင်း ဖြစ်စဉ် တစ်ကြိမ်၊ ဝက်မင်းဖြစ်စဉ်တစ်ကြိမ် နေထိုင်ကျက်စားဘူးရာ ပုသိမ်မြို့ထိပ်ကမ်းနဖူး တောင်ဦးအခင်း ကျောက်သလင်းအမြင့်ပုံပေါ်တွင် ဘုရားတစ်ဆူ တည်သည်။ တည်စဉ်က ဒက္ခိဏသာခါမိုက်ပြည့် တစ်ဆူလျှင် ရွှေမယ်န လေးဌာနစီ စွဲ၍ ဓာတ်တော်၊ မွေတော်၊ အံတော်၊ ဆံတော်၊ ည|ပ်ရိုးတော်များပါညှပ်ရိုးတော်များပါ ဌာပနာသည်။ လုံးပတ် သုံးတောင်၊ အမြင့် ငါးတောင်ရှိသည်။
 
သက္ကရာဇ် ၄၅၇ ခုနှစ်တွင် အလောင်းစည်သူမင်းသည် တိုင်းခန်းလှည့်လည်ရာမှအပြန် ပုသိမ်မြို့သို့ ဝင်ရာတွင် သီရိ ဓမ္မာသောကမင်းကြီး တည်ထားခဲ့သော ရွှေအာဏာဘုရားကို ထပ်မံ မြှင့်မြှောက်ပြီးလျှင် ထူပါရုံဟု သမုတ်သည်။ ထိုအခါ စေတီတော်၏ လုံးပတ် ၁၂ တောင်၊ အမြင့် ၁၅ တောင်ရှိ၏။ ထီးနှင့် တော် ၂၄ တောင် ရှိသည်။