လှမြင့်၊ ဒေါက်တာ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၂၈ -
 
၁၉၃၉ ခုနှစ်မှာ အင်္ဂလန်ကိုသွားပြီး ပါရဂူဘွဲ့ယူဖို့ ပညာတော်သင်ဆု ရတဲ့အချိန်မှာ ကုတ်အင်္ကျီဝယ်စရာ ပိုက်ဆံမရှိလို့ ဗြိတိသျှ အရာရှိတယောက်က ဝယ်ပေးခဲ့ရပါတယ်။ လန်ဒန် စီးပွားရေး တက္ကသိုလ်ကို ရောက်တော့လည်း အရည်အချင်း ထက်မြက်တာကြောင့် စာတွေ့သင်တန်း ဝင်စရာမလိုဘဲ ကျမ်းပြုခွင့် ရခဲ့ပါတယ်။
မြန်မာပြည်ဖွား စီးပွားရေးပညာရှင်ကြီး နောက်တစ်ဦးဖြစ်တဲ့ ဆရာကြီး ရော်နယ် ဖင်ဒလေက စီးပွားရေး မဟာပညာကျော်တွေထဲမှာ လှမြင့်ဟာ ထုတ်ဖော်ပြောဆိုသမျှ အကြောင်းအရာပိုင်းတွေမှာ ဘယ်တော့မှ မမှားခဲ့ဖူးဘူးလို့ မှတ်ချက်ပေးကြောင်း ဒေါက်တာ ရှောင်တာနဲလ်က သူ့ လူမှုကွန်ရက် စာမျက်နှာ Facebook မှာ အမှတ်တရ ရေးသားထားပါတယ်။ <ref>http://www.mcntv.biz/news/local-news/31276/</ref>
 
ဒေါက်တာ လှမြင့်ဟာ လန်ဒန်စီးပွားရေးကျောင်း (L.S.E.) မှာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဖွံ့ဖြိုးရေးဆိုင်ရာ သီအိုရီကို ထုတ်ဖော်သူလည်း ဖြစ်ပါတယ်။ စီးပွားဖွံ့ဖြိုးမှု (Economic Development) မှာ နိုင်ငံတကာ ကုန်သွယ်ရေးရဲ့ အကျိုးသက်ရောက်မှုတွေကို အထူးပြုတဲ့ သဘောတရား ရေးရာတွေကို ထုတ်ဖော်ခဲ့ပါတယ်။