သင်္ချာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး section added
အရေးမကြီး intro sentence to a section
စာကြောင်း ၃ -
"အသိပညာ၊ စူးစမ်းလေ့လာခြင်း" စသည်ဖြင့် အနက်ဖွင့်နိုင်သည့် ရှေးဂရိဝေါဟာရ ''máthēma'' ခေါ် μάθημα မှ ဆင်းသက်လာသည့် mathematics ဟု အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း၊ "ရေတွက်ခြင်း" ဟု အနက်ဖွင့်နိုင်မည့် ရှေးပါဠိဝေါဟာရမှ ဆင်းသက်လာသည့် '''သင်္ချာ''' ဟု မြန်မာဘာသာဖြင့်လည်းကောင်း ခေါ်ဆိုသည့် ဘာသာရပ်တွင် [[ကိန်း]]များ (numbers)၊ အရေအတွက် ပမာဏ (quantity)၊ ဟင်းလင်းပြင်ရပ်ဝန်း (space)၊ တည်ဆောက်ပုံသဏ္ဌာန် (structure)၊ ပြောင်းလဲခြင်း (change) စသည်တို့ကို လေ့လာသည်။
 
အရေအတွက် (ဂဏန်း) များ၊ ၎င်းတို့နှင့် သက်ဆိုင်သော လုပ်ဆောင်ချက်များ၊ ၎င်းတို့ အချင်းချင်း ဆက်နွယ်နေမှုများ၊ ပေါင်းစပ်ခြင်းများနှင့် ၎င်းတို့၏ အနှစ်သာရများ စသည်တို့သာမက ထိုဂဏန်းများ သင်္ချာဆိုင်ရာ ရပ်ဝန်းများတွင် မည်သို့ တည်ရှိနေကြသည်၊ မည်သို့သော ပုံသဏ္ဌာန်ရှိသည်၊ ၎င်းတို့ကို မည်သို့ တိုင်းတာမည်၊ မည်သို့ ပုံစံပြောင်းလဲမည်၊ ယေဘုယျအားဖြင့် မည်သို့ သုံးသပ်မည် စသည်တို့ကို လေ့လာခြင်းဖြစ်သည်။ ရေတွက်ခြင်း၊ တွက်ချက်ခြင်း၊ တိုင်းတာခြင်း၊ တည်ရာပြ ဗက်တာတို့၏ ရွေ့လျားမှုကို စနစ်တကျ လေ့လာခြင်း၊ ပုံဖော်ရန် ခက်ခဲသော ပုံသဏ္ဌာန်တို့၏ ရွေ့လျားမှုများကို လေ့လာခြင်း စသည်တို့မှတဆင့် ၎င်းတို့နှင့် ဆက်စပ်နေသော အနှစ်သာရများကို ယုတ္တိကျကျ သုံးသပ်ရာမှ သင်္ချာပညာ တိုးတက်ပြောင်းလဲလာသည်။ သင်္ချာဘာသာသည် ပမဏတို့ကို ရေတွက်ခြင်း၊ တွက်ချက်ခြင်း၊ ဇယားပြုစုဆောင်းခြင်း စသည်တို့အတွက် အသုံးပြုသည့် တွက်ချက်ကိရိယာ သက်သက်အဖြစ် စတင်ခဲ့သော်လည်း၊ ယခုအခါတွင် သင်္ချာဘာသာမှာ များစွာနက်ရှိုင်းလှပလာပြီး စိတ္တဇ နာမ်သဘာဝသက်သက် လေ့လာခြင်းမှသည် လက်တွေ့ ရုပ်လောက၌ အသုံးချခြင်းအထိ ကျယ်ပြောလာသည်။{{sfn|Weisstein}}
 
မျက်မှောက်ခေတ် [[သင်္ချာပညာရှင်များ|သင်္ချာပညာရှင်]]တို့သည် အထက်ဖော်ပြပါ အကြောင်းအရာများကို စူးစမ့်လေ့လာပြီး ထိုမှတဆင့် ယူဆချက်အသစ်များ၊ ယေဘုယျပြုချက်များ စသည်တို့ကို ထုတ်ဖော်နိုင်ရန် ကြိုးပမ်းကြသည်။ သင်္ချာအဆိုတစ်ခု မှန်/မမှန်ကို ယုတ္တိကျကျ ကျိုးကြောင်းဆက်စပ်၍ သက်သေပြခြင်းဖြင့် ဆုံးဖြတ်လေ့ရှိသည်။ ဆိုလိုသည်မှာ သင်္ချာအဆိုတစ်ခုအတွက် လက်တွေ့ သက်သေသက္ကာယ တောင်ပုံရာပုံ ရှိနေသော်လည်း၊ ပေးထားချက်များမှ ကျိုးကြောင်းဆက်စပ်၍ ယုတ္တိကျကျ သက်သေမပြနိုင်သရွေ့ ၎င်းအဆိုကို ပကတိအမှန်ဟု သင်္ချာဘာသာတွင် မယူဆချေ။
စာကြောင်း ၁၃ -
== သမိုင်းကြောင်း ==
{{main|သင်္ချာ၏ သမိုင်းကြောင်း}}
သင်္ချာကို အရေအတွက် ဂဏန်း၊ ပမာဏနှင့် ပုံသဏ္ဌာန် စသည်တို့၏ ယေဘုယျသဘောကို စတင်သိရှိခြင်းမှ စတင်သည်ဟု ဆိုနိုင်သည်။ {{efn|အကြမ်းဆိုရလျှင် သစ်သီး နှစ်လုံးဟူသော ပမာဏမှ နှစ် ဆိုသည့် အရေအတွက် သဘောနှင့် နွားနှစ်ကောင် ဆိုသော ပမာဏမှ နှစ် ဆိုသည့်သဘောသည် ဒြပ်ထည်များဖြစ်သည့် သစ်သီးဖြစ်ခြင်းနှင့် နွားဖြစ်ခြင်းဆိုသည့် ရုပ်လောက ဆက်စပ်မှုများနှင့် မသက်ဆိုင်ဘဲ နှစ်ဆိုသည့် ဒြပ်မဲ့ စိတ္တဇနာမ် သဘောတရားသက်သက် ရှိကြောင်း၊ ဥပမာ၊ သစ်သီးနှစ်လုံးရှိရာ သစ်သီးနှစ်လုံး ထပ်မံပေါင်းထည့်လျှင် သစ်သီး လေးလုံးဖြစ်လာသည် ဆိုသည့် သဘောမှာ သစ်သီးဖြစ်ခြင်းနှင့် မသက်ဆိုင်ဘဲ၊ နှစ် ဖြစ်ခြင်းဆိုသည့် သဘောနှင့်သာ သက်ဆိုင်ကြောင်း၊ နွားနှစ်ကောင်ရှိရာ နောက်ထပ်နွားနှစ်ကောင် ထပ်ပေါင်းလျှင်လည်း သစ်သီး ဥပမာမှာ ကဲ့သို့ပင် နွားလေးကောင် ဖြစ်လာကြောင်း၊ ထို့ကြောင့် နှစ်ဆိုသည့် ဂဏန်းကို နှစ်ဖြင့် ထပ်ပေါင်းလျှင် လေးရကြောင်း၊ အစရှိသည်ဖြင့် ရုပ်လောကနှင့် ဖယ်ခွာ၍ ပမာဏဆိုသည့် အကြံဉာဏ် သဘောတရားသက်သက်ကို သိရှိလာခြင်းကို ယေဘုယျ နာမ်သဘာဝ ပြုခြင်း၊ အင်္ဂလိပ်ဘာသာဖြင့် abstraction၊ ဟု ခေါ်သည်။}} {{sfn|Boyer|1991|p=1}}
{{empty section}}
 
== ရှေးမြန်မာ့ သင်္ချာကျမ်းကြီး ==
စာကြောင်း ၇၀ -
| year = 1964
| isbn = 978-0486210964
}}
* {{citation
| last = Boyer
| first = Carl B.
| title = A History of Mathematics
| publisher = Wiley
| edition = 2nd
| year = 1991
| isbn = 978-0471543978
}}
* {{Citation
Line ၁၂၁ ⟶ ၁၃၀:
| url = http://www.jstor.org/stable/2369153
| publisher = The Johns Hopkins University Press
}}
* {{Citation
| last = Weisstein
| first = Eric W.
| title = Mathematics
| encyclopedia = MathWorld--A Wolfram Web Resource
| publisher = Wolfram Research, Inc.
| url = http://mathworld.wolfram.com/Mathematics.html
| access-date = March 10, 2017
}}
* {{mycitation