မျိုးမြင့်ညိမ်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
include update information of Myo Myint Nyein
စာကြောင်း ၉ -
၂ဝဝ၁ ခုနှစ်တွင် က‌နေဒါနိုင်ငံ ဃဲင်္န မှ လွတ်လပ်စွာ‌ရေးသားခွင့်ဆိုင်ရာ စာ‌ပေဆု ချီးမြင့်သည်။ ၂ဝဝ၂ ခုနှစ်တွင် နိုင်ငံတကာ စာနယ်ဇင်းသမားများ၏ လက်မှတ်‌ရေးထိုး‌တောင်းဆိုမှုကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာပီနဲရိုးမှ မြန်မာနိုင်ငံအစိုးရသို့ ‌ပေးအပ်ခဲ့ပြီး‌နောက် ‌ဖေ‌ဖော်ဝါရီ ၁၃ ရက်တွင် [[သာယာဝတီအကျဉ်း‌ထောင်]]မှ လွတ်‌မြောက်ခဲ့သည်။ အကျဉ်း‌ထောင်မှ လွတ်‌မြောက်ခဲ့ပြီး‌နောက် အစ်ကိုဖြစ်သူ အယ်ဒီတာချုပ် [[ဝင်းငြိမ်း|ဦးဝင်းငြိမ်း]]၏ တာဝန်‌ပေး ချက်အရ ‌[[ရွှေအမြု‌တေမဂ္ဂဇင်း]]တွင် အမည်‌ဖော်ပြခြင်းမခံရ‌သော အယ်ဒီတာတာဝန်ယူသည်။ အလင်းတန်းဂျာနယ်တွင် ၂ဝဝ၄ ခုနှစ်မှစ၍၎င်း၊ ဖူးငုံဆယ်‌ကျော်သက်မဂ္ဂဇင်းတွင် ၂ဝဝ၃ ခုနှစ်မှ စ၍‌သော်၎င်း တာဝန်ယူခဲ့သည်။
အကျဉ်း‌ထောင်မှ လွတ်‌မြောက်ပြီး ၁ဝ နှစ်အကြာ ၂ဝ၁၂ ခုနှစ်တွင် မြန်မာအင်ဒီပဲန်ဒင့်သတင်း ဂျာနယ်ကို ထူ‌ထောင်ပြီး တာဝန်ခံအယ်ဒီတာအဖြစ် ‌ဆောင်ရွက်လျက်ရှိပြီး ‌ရွှေအမြု‌တေမဂ္ဂဇင်း၊ ဖူးငုံ ဆယ်‌ကျော်သက်မဂ္ဂဇင်းနှင့် အလင်းတန်းဂျာနယ်တို့ကိုပါ တာဝန်ခံအယ်ဒီတာအဖြစ် ‌ဆောင်ရွက်လျက် ရှိသည်။
 
ပဲန်မြန်မာစင်တာကို မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာစေရန် အဓိက ကြိုးပမ်းခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ပဲမြန်မာစင်တာကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့သည်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့််ပထမအကြိမ်နှစ်ပတ်လည် ညီလာခံတွင် ဒါရိုက်တာအဖွဲ့ဝင်အဖြစ်ရွေးကောက်တင်မြှောက်ခံခဲ့ရသည် ။ သက်တမ်း(၃)နှစ်ပြည့််မြောက်သည့်် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ထပ်မံရွေးကောက်ခံခဲ့ရပြီး ဥက္ကဌအဖြစ် တာဝန်ယူထားသည်။
 
ဇနီး ‌ဒေါ်ဝင်း‌ဌေး၊ သားဇာနည်မျိုးမြင့်ညိမ်း၊ သမီး ဒါလီမျိုးမြင့်ညိမ်း၊ သားဘိုမျိုးမြင့်ညိမ်း၊ ‌မြေး ဟန်နီညိမ်း၊ အဂ္ဂမျိုးမြင့်ညိမ်းတို့နှင့်အတူ ရန်ကုန်မြို့၊ ‌အောက်ပုဇွန်‌တောင်၊ ပြည်‌တော်သစ်ရိပ်သာ တိုက်အမှတ် ၄၊ အခန်းအမှတ် ၇ တွင် ‌နေထိုင်လျက်ရှိသည်။