ဖန်ရှင်ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာသင်္ချာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး focused reference
အရေးမကြီး eye candy
စာကြောင်း ၁ -
[[Image:Drum vibration mode12.gif|thumb|right|200px|စိတ်ကူးဖြင့် ပြည့်စုံတိကျသည့် ဗုံ မျက်နှာစာကဲ့သို့သော မျက်နှာပြင်တစ်ခု တုန်ခါပုံတစ်မျိုး။ ဤတုန်ခါမှုများကို ဖန်ရှင်ရပ်ဝန်းရှိ မျဉ်းညီချိုးကျ အော်ပရေတာခေါ် လီနီယာ အော်ပေရတာ (linear operator) တစ်ခု၏ အိုင်ဂန်ဖန်ရှင်များ ([[:en:eigenfunction|eigenfunctions]]) အဖြစ်ရှုမြင်နိုင်ပြီး၊ ဤသို့ အော်ပရေတာတစ်ခု တည်ဆောက်၍ အိုင်ဂန်ဖန်ရှင်များကို လေ့လာခြင်းမှာ ဖန်ရှင်ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာသင်္ချာတွင် လုပ်လေ့လုပ်ထရှိသည့် တည်ဆောက်ပုံတစ်မျိုးဖြစ်သည်။]]
 
'''ဖန်ရှင်ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာသင်္ချာ''' (functional analysis) ဆိုသည်မှာ [[ခွဲခြမ်းစိတ်ဖြာသင်္ချာ]]၏ ဘာသာရပ်ခွဲတစ်ခုဖြစ်ပြီး ဖန်ရှင်များကို လေ့လာသည့်ဘာသာရပ်ဟု အကြမ်းအားဖြင့် ဆိုနိုင်သည်။ ဖန်ရှင်များကို <math>y=f(x)</math> ပုံစံဖြင့်ရေးနိုင်ရာ ဤ ဖန်ရှင်ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာသင်္ချာ ဘာသာရပ်တွင် လေ့လာသည့် ဖန်ရှင်များမှာ သာမန် ဖန်ရှင်များမဟုတ်ဘဲ အသွင်း (input) <math>x</math> နှင့် အထုတ် (output) <math>y</math> နှစ်ခုအနက် အနည်းဆုံးတစ်ခုသည် အနန္တ ဒိုင်မန်းရှင်းရှိသည့် ရပ်ဝန်းများ (infinite-dimensional spaces) မှ လာသည့် အရာဝတ္ထုများ ဖြစ်ကြသည်။{{efn|<math>y=f(x)</math> ဟု ရေးရာ၌ အကယ်၍ <math>x</math> သည် အနန္တဒိုင်မန်းရှင်းရှိပြီး၊ <math>y</math> သည် ဒိုင်မန်းရှင်းတစ်ခုတည်းသာ ရှိပါက (ဥပမာ <math>y \in \mathbb{R}</math>) ထိုကဲ့သို့သော ဖန်ရှင် <math>f</math> ကို ''ဖန်ရှင်နယ် (functional)'' တစ်ခုဟုခေါ်ဆိုပြီး ဖန်ရှင်ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာသင်္ချာ၏ အင်္ဂလိပ်ဘာသာအမည် ''functional'' analysis ရှိ ''functional'' ဆိုသော စကားရပ်မှာ ဤဖန်ရှင်နယ်များကို ဆိုလိုခြင်းဖြစ်သည်။{{sfn|Berezanskii|Levitan|2012|loc=para. 1}}}}