ခြောက်ထပ်ကြီးဘုရား: တည်းဖြတ်မှု မူကွဲများ

Added SIR PO THA's photo
Added U Ba Tin's photo and adjusted size of Buddha Image
စာကြောင်း ၁ -
[[File:Chaukhtatgyi Buddha Image.JPG|thumb|400px|]]
[[File:Founder of Chaukhtatgyi Buddha Temple, Yangon.jpg|thumb|မူလဘုရားဒကာ ဆာဘိုးသာ]]
 
'''ခြောက်ထပ်ကြီးဘုရား''' (Chaukhtatgyi Buddha Temple) သည် [[ရန်ကုန်မြို့]]၊ [[ဗဟန်းမြို့နယ်]] ရွှေဂုံတိုင်လမ်းမပေါ်တွင် တည်ရှိသည်။ [[ငါးထပ်ကြီးဘုရား]] (Ngahtatgyi Buddha Temple) ၏ မျက်စောင်းထိုးကားလမ်းတစ်ဖက်ခြမ်းတွင် တည်ရှိသည်။ ရန်ကုန်မြို့တွင် ထင်ရှားသောဘုရားများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ဖြစ်သည်။
Line ၇ ⟶ ၆:
 
ဆာဘိုးသာကွယ်လွန်ပြီးနောက် နှစ်ပေါင်းများစွာကြာသောအခါ ခြောက်ထပ်ကြီးရွှေသာလျောင်းဘုရားကြီးနှင့် တန်ဆောင်းတော်ကြီးတို့မှာ ဟောင်းနွမ်းယိုယွင်းစပြုနေပြီဖြစ်ပါသဖြင့် နိုင်ငံတော်ဝန်ကြီးချုပ် [[ဦးနု]]၏သြဝါဒ အကြံပေးချက်တို့ ခံယူ၍ ၁၃၂၀ ခုနှစ်၊ တပေါင်းလပြည့် (၂၃.၃.၁၉၅၉) တွင် ချပ်သင်း သူဌေး စည်သူဦးဘတင်က သံတိုင်ကြီးကို စတင်တိုင်ထူခဲ့ပြီး တန်ဆောင်းတော်ကြီး၏ ပင်မအလှူရှင်အဖြစ်လည်းကောင်း၊ ရွှေသာလျောင်းရုပ်ပွားတော်ကြီး၏ ပဓာနအလှူရှင်အဖြစ်လည်းကောင်း ဘုရားကြီးပြန်လည်တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌ ချပ်သင်းသူဌေး စည်သူဦးဘတင်နှင့် ဇနီး ဒေါ်သိန်းတို့က လှူဒါန်းခဲ့ကြ၍ ကျန်ပုဂ္ဂလိက သဒ္ဓါကြည်လင်ပါရမီရှင်များနှင့် အများပြည်သူတို့ကလည်း စုပေါင်းထည့်ဝင်ပြီးလှူဒါန်းခဲ့ကြသည့်ငွေတို့ဖြင့်ပြန်လည်တည်ဆောက်ခဲ့ကြရာ ပြီးစီးအောင်မြင်သဖြင့် ၁၃၃၆ ခုနှစ်၊ ကဆုန်လပြည့် (၅.၅.၁၉၇၄) တွင် သံဃာတော်အပါး (၃၀ဝ) နှင့် ၉ ရက်တိုင်တိုင် အနေကဇာတင် လှူဒါန်းခဲ့ပါသည်။ ချပ်သင်းသူဌေး စည်သူဦးဘတင်သည် [[ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း]] (ဝိုင်အမ်ဘီအေ YMBA)၏ နာယကကြီးတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။
 
{{double image|left|Founder of Chaukhtatgyi Buddha Temple, Yangon.jpg|190|U Ba Tin.JPG|150|မူလဘုရားဒကာ သူဌေးကြီး <br> ဆာဘိုးသာ (၁၉၀၇)|ပဓာနပြုပြင်လှူဒါန်းခဲ့သောဘုရားဒကာ ချပ်သင်းသူဌေး စည်သူဦးဘတင် <br> (၁၉၅၉, ၁၉၇၄)}}
 
{{မြန်မာနိုင်ငံရှိ စေတီပုထိုးများ}}