ငါးထပ်ကြီးဘုရား: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
Added reference and history |
No edit summary |
||
စာကြောင်း ၂၅ -
== သမိုင်းအကျဉ်း ==
[[သာလွန်မင်း]] ၏သားတော် [[ပင်းတလဲမင်း]] (Pindale Min) (မင်းရဲရန္တမိတ်) သည် [[ငါးထပ်ကြီးဘုရား (စစ်ကိုင်း)|စစ်ကိုင်း ငါးထပ်ကြီးဘုရား]]အား ခရစ်နှစ် ၁၆၅၇ ခုနှစ်တွင် စတင်တည်ထားသော မူလဘုရားဒကာဖြစ်သည်။ တင်ပျဉ်ခွေထိုင်နေသော ရုပ်ပွားတော်ဖြစ်သည်။ <ref>{{cite book|author=ဦးဘသန်း-ဘီအေ|title=ကျောင်းသုံးမြန်မာရာဇဝင်|date=၁၂-၅-၁၉၂၉|publisher=ထွန်းထွန်းကုမ္ပဏီ|page=စာမျက်နှာ ၂၂၆|ref=(၁) ပင်းတလဲမင်း။ ၁၀၁၀-၁၀၂၃ သာလွန်မင်းတရားကြီး၏သားတော်ဖြစ်သည်။ စစ်ကိုင်းတွင် ငါးထပ်ကြီး (
[[ရွှေတိဂုံစေတီတော်]] ဘဏ္ဍာတော်ထိန်း ဂေါပကလူကြီး သမာဓိမြို့ဝန်မင်း ဦးဘိုးအောင်သည် ကျောင်းဒကာကြီးဦးဖေကြီး၊ ကျောင်းအစ်မကြီး ဒေါ်အုန်းခိုင်တို့၏သားဖြစ်သည်။ ရန်ကုန်မြို့ ငါးထပ်ကြီးဘုရားအား '''မဟာသကျအတုလမာရ်အောင်'''ဘွဲ့တော်ဖြင့် တည်ထားတော်မူရာတွင် ဆရာအရင်းဖြစ်သူ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဟံသာဝတီဂိုဏ်းအုပ် ပထမမြောက်ငါးထပ်ကြီးဆရာတော် ဦးအာသဘကိုအမှူးထား၍ တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။ ဦးဘိုးအောင်နှင့် ဇနီး ဒေါ်စိမ်းရင်တို့မှ မြန်မာသက္ကရာဇ် ၁၂၆၂ ခုနှစ်၊ ခရစ်နှစ် ၁၉၀ဝ-၁၉၀၁ ခုနှစ်တွင် ငါးထပ်ကြီးဘုရားအား လှူဒါန်းတော်မူခဲ့သည်။ ထိုစဉ်အခါ အောက်မြန်မာနိုင်ငံ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်အတွင်းရှိ ငါးထပ်ကြီးဘုရားကြီးသည် အင်္ဂတေနှင့်ပြုလုပ်သောရုပ်ပွားတော်မြတ်ကြီးများတွင် အကြီးဆုံးရုပ်ပွားတော်ကြီးဖြစ်ပါသည်။ ထိုစဉ်က မြန်မာပြည်တွင် စစ်ကိုင်းငါးထပ်ကြီးဘုရားမှလွဲ၍ အင်္ဂတေဖြင့်ပြုလုပ်သော ဆင်းတုဘုရားများတွင် ရန်ကုန်မြို့ ငါးထပ်ကြီးဘုရားဆင်းတုတော်သည် အကြီးဆုံးဖြစ်လေသည်။ ဆရာတော်ဦးအာသဘသည် ၁၉၀ဝ ပြည့်နှစ်မှ ၁၉၂၀ ပြည့်နှစ်အထိ နှစ်ပေါင်း ၂၀ တိုင်တိုင် ငါးထပ်ကြီးဘုရားကို စောင့်ရှောက်ထိန်းသိမ်းခဲ့ပါသည်။ ဆရာတော်ဦးအာသဘပျံလွန်တော်မူပြီးနောက် ဆရာတော်ဦးအာသဘ၏မြေးတော်စပ်သူ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ နိုင်ငံတော်သံဃာ့မဟာနာယက ဒုတိယမြောက်ငါးထပ်ကြီးဆရာတော် ဦးဇဋိလ သည် ၁၉၂၀ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ငါးထပ်ကြီးမြတ်စွာဘုရားကြီးကို နှစ်ပေါင်း ၂၅ နှစ်တိုင်တိုင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါသည်။ ဆရာတော်ဦးဇာဂရ (ဆရာတော်ဦးဇဋိလ၏တူ) သည် ၁၉၄၅ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ ကျောင်းတိုက်ရှိသံဃာတော်များနှင့်အတူ ကပ္ပိယဝန်ထမ်းများကို သြဝါဒပေးကာ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်တော်မူခဲ့ပါသည်။ ဟောင်းနွမ်းနေသောတန်ဆောင်းတော်များအား ပြုပြင်မွမ်းမံခြင်း၊ ၂၃.၂.၁၉၆၇ ခုနှစ်တွင် မီးလောင်သွားသောတန်ဆောင်းတော်များကို ပုံစံသစ်ဖြင့် အသစ်တည်ဆောက်ခြင်း ဂန္ဓကုဋီတန်ဆောင်းတော်ကြီးအပေါ် သံစေတီတည်ထားကိုးကွယ်ခြင်း စသော လုပ်ငန်းအများအပြားကို ဆောင်ရွက်ခဲ့ပါသည်။ <ref name="ReferenceA">{{cite book|author=ဘုရားဂေါပကအဖွဲ့|title=ငါးထပ်ကြီးဘုရားသမိုင်း ပထမပိုင်း|date=၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ|publisher=ဦးလှတိုး၊ ရန်အောင်စာပေ}}</ref>
|