ဝံသ၊ မောင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး +link
စာကြောင်း ၃၆ -
 
 
၁၉၇၃ ခုနှစ်တွင် ကစ်ဆင်းဂျား နိုင်ငံရေး အတ္ထုပ္ပတ္တိ စာအုပ်ဖြင့် လုံးချင်း လောကသို့ ဝင်ရောက်ခဲ့ပြီး၊ မိုရှေဒါယန်၊ အာယန်ဒေး၊ အီဂျစ် သမ္မတ ဆဒတ်၊ နစ်ဆင်၊ မာရှယ် တီးတိုး၊ ခရုရှက်၊ မောင့်ဘက်တန် စသော နိုင်ငံရေး အတ္ထုပ္ပတ္တိ စာအုပ်များ ရေးသားခဲ့ပြီး၊ “ရှေ့နေကြီး ပယ်ရီမေဆင်” ဝတ္ထုများကို ဘာသာပြန်ခဲ့သည်။ “ခေတ်ပြိုင် ကမ္ဘာ့ရေးရာ အဘိဓာန် စာအုပ် (၁၉၈၂)” ကို ပြုစုခဲ့သည်။ ရောဘတ်ပင်း ဝါးရင်း၏ “All The King’s Men” ကို “မိုးမမြင် လေမမြင်” အမည်ဖြင့် လည်းကောင်း၊ ကစ်ဆင်းဂျား၏ အတွေ့အကြုံ မှတ်တမ်းများကို “အိမ်ဖြူတော် နှစ်များ” နှင့် “ကသောင်းကနင်း နှစ်များ” အမည်များဖြင့် လည်းကောင်း မြန်မာဘာသာ ပြန်ခဲ့သည်။ ၁၉၈၄ ခုနှစ်၊ အောက်တိုဘာ လမှ စ၍ “အတွေးအမြင်” စာစဉ်ကို လည်းကောင်း၊ ၁၉၈၅ ခုနှစ်၊ ဇန်နဝါရီလမှ စ၍ “လူခွ္ဆန်“လူချွန် လူမွန်” စာစဉ်ကို လည်းကောင်း၊ ၁၉၈၇ ခုနှစ်တွင် “သတင်းထူး”၊ “ဘက်စုံ” ဂျာနယ် များကို လည်းကောင်း စီစဉ် ထုတ်ဝေခဲ့သည်။
 
 
စာကြောင်း ၅၆ -
 
 
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် အဖြစ် တာဝန်ယူနေစဉ် ဂန္ဒီ ခန်းမ[[ဂန္ဒီခန်းမ]] ဆုံးဖြတ်ချက်အတိုင်း နဝတက လွှတ်တော် ခေါ်မပေးလျှင် ဆောင်ရွက်ဖို့ လိုသည့် [[နည်းလမ်းသုံးသွယ် စာတမ်း]] ပြုစုရာ၌ အတွင်းကျကျ ပါဝင်ခဲ့မှုကြောင့်ဟု ဆိုကာ နဝတက ဆရာ မောင်ဝံသအား ၁၉၅ဝ ပြည့်နှစ်၊ အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (က) (ခ) (ည) ဖြင့် တရားစွဲကာ ၁၉၉ဝ ပြည့်နှစ်၊ နိုဝင်ဘာလ အတွင်းတွင် ထောင်ဒဏ် ချမှတ်ခဲ့သည်။