ဗသိန်းတင်၊ သခင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၁၅ -
၁၉၄၅ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင်ကျင်းပသော ကွန်မြူနစ်ပါတီ ဒုတိယကွန်ဂရက်သို့ သခင်ဗသိန်းတင် မတက်ရောက်ခဲ့ချေ။ ဂျပန်တို့ လက်နက်မချသေးသဖြင့် သခင်ဗသိန်းတင်တို့ ဦးဆောင်သော ပြောက်ကျားတပ်ဖွဲ့နှင့် ဂျပန်တို့ သဲသဲမဲမဲတိုက်ခိုက်နေရ၍ ဖြစ်သည်။ ဒုတိယ ပါတီကွန်ဂရက်တွင် သဘာပတိ သခင်သန်းထွန်းက လျှို့ဝှက်အခြေအနေအရ သခင်ဗသိန်းတင်ကို အမည်မဖော်ပြဘဲ ဗဟိုကော်မတီဝင် အဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။ ယင်းနောက် ယင်းဗဟိုကော်မတီအစည်းအဝေး၌ပင် သခင်ဗသိန်းတင်ကို ပေါလစ်ဗျူရို (နိုင်ငံရေးဦး ဆောင်အဖွဲ့) အဖွဲ့ဝင်အဖြစ် ရွေးချယ်ခဲ့ကြသည်။
 
၁၉၄၆ ခုနှစ် မတ်လ ၉ ရက် စနေနေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီကို ကနဦးတည်ထောင်သူတစ်ဦးဖြစ်သူ သခင်စိုးနှင့် သခင်သန်းထွန်း၊ သခင်သိန်းဖေ (သိန်းဖေမြင့်) တို့ သဘောထားကွဲလွဲရာမှ သခင်စိုးဦးဆောင်သော [[အလံနီ ကွန်မြူနစ်ပါတီ|ကွန်မြူနစ်ပါတီ (ဗမာပြည်)]] (အလံနီ) နှင့် သခင်သန်းထွန်း၊ သခင်သိန်းဖေဦးဆောင်သော ဗမာပြည်ကွန်မြူနစ်ပါတီ (အလံဖြူ) ဟူ၍ နှစ်ခြမ်းကွဲသွားရာ သခင်ဗသိန်းတင်သည် သခင်သန်းထွန်း ဦးဆောင်သော ဗမာပြည်ကွန်မြူနစ်ပါတီဘက်၌ ရပ်တည်ခဲ့သည်။ သခင်ဗသိန်းတင်သည် ပါတီ၏ကြွေးကြော်သံဖြစ်သည့် ပြည်သူ့ အာဏာဂျာနယ်နှင့် ကွန်မြူနစ်နေ့စဉ်သတင်းစာ၌[[ကွန်မြူနစ်နေ့စဉ်|ကွန်မြူနစ်နေ့စဉ်သတင်းစာ]]၌ အယ်ဒီတာအဖွဲ့ဝင်လည်း ဆောင်ရွက်ခဲ့သည်။
 
၁၉၄၆ ခုနှစ် ဇွန်လတွင် ဗဟိုကော်မတီအစည်းအဝေးတွင် သခင်သန်းထွန်းကို ပါတီအထွေထွေအတွင်းရေးမှူးအဖြစ် တင်မြှောက်၍ သခင် သိန်းဖေကို ဖဆပလတို့ပို့ရာတွင် သခင်ဗသိန်းတင်သည် တက်ကြွစွာပါဝင်ခဲ့သည်။