ဆင်ဖြူမရှင်: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
{{cleanup}}
==ဆင်ဖြူမရှင်မိဖုရားကြီး (မြန်မာ ၁၁၈၃ - ၁၂၆၂)==
ဆင်ဖြူမရှင်သည် [[မင်းတုန်းမင်း]]တရားကြီး၏ မိဘုရားခေါင်ကြီး ဖြစ်ပြီး [[စုဖုရားလတ်]]၏ မယ်တော်ဖြစ်သည်။ [[ဘကြီးတော်မင်း]]နှင့် [[နန်းမတော်မယ်နု]] ([[ဖလံဂုဏ်ရွာ]] သူ)တို့၏ သမီးဖြစ်သည်။ နန်းမတော်မယ်နုကို [[သာယာဝတီမင်း]]က ကွပ်မျက်ရာတွင် [[စကြာဒေဝီမင်းသမီး]]က အသက်ကိုအသနားခံကာ မိမိအိမ်သို့ခေါ်ပြီး စောင့်ရှောက်ထားခဲ့သည်။ သို့ဖြင့် မင်းတုန်းမင်းနန်းတက်ရာ ကျေးဇူးရှင် စကြာဒေဝီမင်းသမီးကြီးကို မထီမဲ့မြင်ပြုပြီး နန်းပလင်ပေါ်သို့ အတင်းတက်သဖြင့် နာမည်ဆိုးဖြင့် စတင်ကျော်ကြားသည်။ စကြာဒေဝီမိဖုရားကြီး နှင့် [[ကနောင်မင်းသား]]တို့ မရှိတော့သည့်နောက် နန်းတွင်းအရေးအားလုံးကို ကြီးစိုးချယ်လှယ်လေသည်။ မင်းတုန်းမင်း၏ နောက်ဆုံးအချိန်များတွင်လည်း ကင်းဝန်မင်းကြီးဦးကောင်းနှင့် ပူးပေါင်းကာ အစွမ်းအစရှိသော၊ ထက်မြက်သော နန်းလျာမင်းသားများကို ဖမ်းဆီးသုတ်သင်ပြီး သူမဩဇာသက်ရောက်နိုင်မည် ထင်သည့် [[လောင်းရှည်မိဖုရား]]၏သား [[သီပေါမင်း]]သားကို သမီးတော်ကြီး [[စုဖုရားကြီး]]နှင့် လက်ဆက်ပြီး နန်းတင်လေသည်။ သို့သော် သီပေါမင်းသားသည် သမီးတော်လတ် [[စုဖုရားလတ်]]နှင့် ရည်ငံပြီး ဖြစ်သဖြင့် နန်းတက်ပွဲတွင် စုဖုရားလတ်က သီပေါမင်းနှင့် စုဖုရားကြီးတို့၏ အလယ်မှ ဝင်ထိုင်သဖြင့် မိဖုရား နှစ်ပါးနှင့် တစ်ပြိုင်နက်တည်း နန်းတက်ပွဲ ဖြစ်ခဲ့ရသည်။ နောက်ပိုင်းတွင် စုဖုရားလတ်ကသာ သီပေါမင်းကို ချယ်လှယ်တော့သည်။ <ref>စာဆိုတော်၊ ဒဂုန်ခင်ခင်လေး</ref> [[၁၉၀၀]]-ပြည့်နှစ်၊ [[ဖေဖော်ဝါရီ]]([[၂၆]])ရက်နေ့တွင် [[ရန်ကုန်မြို့]]၊ [[စမ်းချောင်းမြို့နယ်]]၊ [[ဝင်ဆာလမ်း]](ယခု[[ရှင်စောပု]]လမ်း) ၌ နတ်ရွာစံတော်မူသည်။
 
စာကြောင်း ၉၈ -
ထိုအတောအတွင်း ထားဝယ်တွင် အင်္ဂလိပ် အုပ်စိုးမှုကို ဆန့်ကျင် သော ပုန်ကန်မှုသည် ၁၈၈၅ ခုနှစ်တွင် ပေါ်ပေါက်ခဲ့လေသည်။ ထိုပုန်ကန်မှုတွင် ဆင်ဖြူမရှင်မိဖုရားကြီးက အားပေးအားမြှောက်မှု ရှိရမည်ဟု အဂင်္လိပ်က ယုံကြည်၍ ဆင်ဖြူမရှင် မိဖုရားကြီး၊ သမီးတော်ကြီး စုဘုရားကြီးနှင့် မြိတ်မြို့၌ အပို့ခံနေရသည့် ( ၂၁ ) နှစ်အရွယ် ကောလင်းမင်းသားတို့ကို ရန်ကုန်သို့ ခေါ်ဆောင်လာခဲ့လေသည်။ ရန်ကုန်မှ တစ်ဆင့် ပင်လယ်လမ်းမှ ခေါ်ဆောင်သွားရာ ကာလကတ္တားသို့ ၁၈၈၅ ခု၊ ဇွန်လ ( ၁၀ ) ရက်တွင် ဆင်ဖြူမရှင် တို့ အဖွဲ့ ရောက်ရှိခဲ့လေသည်။ မိဖုရားကြီးက ကာလကတ္တားတွင် ပင် နေထိုင်လိုသော်လည်း ဘုရင်ခံချုပ်က ရတနာဂီရိရောက်လျင် သီးသန့်စံအိမ်တစ်ဆောင်ဖြင့် ထားမည် ဖြစ်သည်ဟု အကြောင်းပြန်သည်။ ပင်လယ်ခရီး မသွားလို၊ မောသည်ဟု ဆိုဩဖင့် သူတို့ကို ကာလကတ္တားမြို့တွင် နှစ်လခန့် ဆိုင်းထားပြီးမှ မီးရထားဖြင့် ဘုံဘြေမို့သို့ ခေါ်ဆောင်၍ ဘုံဘေသင်္ဘောဖြင့် သီပေါမင်း ရှိရာ ရတနာဂီရိသို့ ပို့ပေးရာ ၁၈၈၅ ခု၊ ဩဂုတ်လ (၂၂ ) ရက်နေ့တွင် ရတနာဂီရိသို့ ဆိုက်ရောက်ကြလေသည်။
 
ဆင်ဖြူမရှင်မိဖုရား သည် တစ်နှစ်ခန့် ရတနာဂီရိတွင် နေထိုင်ပြီးနောက် ရန်ကုန်သို့ ပြန်လာ၍ [[ဘုရင်ခံအိမ်တော် (ရန်ကုန်)|ဘုရင်ခံ စံအိမ်တော်]] အနီး ဝင်ဆာလမ်း ( ယခု ရှင်စောပုလမ်း ) တွင် အိမ်တစ်လုံး ဝယ်၍ နေထိုင်ခဲ့လေသည်။ (သမိုင်းကထိက ဒေဆိုင်း၏ စာအုပ်တွင် ဘုရင်ခံအိမ်တော်အနီး ဘောင်ဒရီလမ်း ) ( ယခု ဓမ္မစေတီလမ်း ) တွင် အိမ်ဝယ်နေသည်ဟု ရေးသားထားလေသည်။) ဆင်ဖြူမရှင်နှင့် အတူနေသော သမီးတော် အြကီး စုဖုရားကြီးသည် မယ်တော်ထံမှ ခွင့်ပြုချက်ဖြင့် အထက်မြန်မာနိုင်ငံ ပြန်ကြွ၍ မင်းကွန်းတွင် သီလရှင်ဝတ်၍ နေထိုင်ရာ မင်းကွန်းတွင် ဆင်ဖြူမရှင် မိဖုရားကြီး နတ်ရွာစံပြီး နောက် ( ၂ ) နှစ် အြကာ ၁၉၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၂၅ ) ရက်နေ့တွင် ဘဝတစ်ပါးသို့ ပြောင်းသွားခဲ့လေသည်။ ဆင်ဖြူမရှင် မိဖုရားကြီးကား ရန်ကုန်စံအိမ်တော်တွင် သက်တော် ( ၇၈ ) အရွယ်၌ လူကြီး ရောဂါဖြင့် ၁၉၀၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ( ၂၆ ) ရက်နေ့တွင် နတ်ရွာစံသောအခါ သီပေါမင်းက မယ်တော် ထားခဲ့သည့် ပစ္စည်းများကို တောင်းဆိုသည်။ သူ့တောင်းဆိုချက်ကို ဆိုင်ရာတို့ကလည်း အသိအမှတ်ပြုကြသည်။ သို့ရာတွင် ဆင်ဖြူမရှင်တွင် ကြွေးမြီများ အများအြပားကျန်ရစ်ခဲ့ပြီး ဈာပနစရိတ်မှာလည်း ကြီးလွန်းလှသည်။ ထို့ကြောင့် ကြွေးမြီများ နုတ်လိုက်သည့်အခါ တွင် ဘာမှ မကျန်တော့ပေ။
အဂင်္လိပ်အစိုးရက ဆင်ဖြူမရှင်၏ မသာတော်အတွက် စရိတ်ငွေ ( ၁၀၀၀ ) ထုတ်ပေးလေသည်။ အလောင်းတော်ကို ရန်ကုန်မှ မန္တလေးသို့ သင်္ဘောဖြင့် တင်ဆောင်သယ်ယူခဲ့သည်။