လင်ခန်းမယားခန်း ပြတ်စဲခြင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာကြောင်း ၁ -
မြန်မာဓလေ့ထုံးတမ်းဥပဒေအရ လင်နှင့်လင်နှင့်မယား၊ ေ၊ ပြတ်စဲရန်ကွာရှင်းပြတ်စဲရန် အကြောင်းသုံးမျိုးရှိသည်။
(က) နှစ်ဦးသဘောတူကွာရှင်းခြင်း။
(ခ) လင်ဖြစ်သူ ရဟန်းပြုခြင်းနှင့်
စာကြောင်း ၁၀၄ -
လင်နှင့်မယားပေါင်းသင်းခြင်ကို ဘောလုံးပွဲတစ်ပွဲကစားသည်နှင့်တူကြောင်း ဥပမာပေးတာလည်း ရှိသည်။ ပေါင်းသင်းနေစဉ်၊ ကစားနေစဉ်ကာလ၌ တစ်ဦက အမှားကျူးလွန်လျှင် ကျန်တစ်ဦးက ပြစ်ဒဏ်ဘောပေးတတ်သည်။ သတိပေးတတ်သည်။ အလွန်အကျွံ မှားယွင်းမူပြုလုပ်လာလျှင် (အဝါကတ်) ပြတတ်သည်။ တချို့ကမူ အသေးအဖွဲ ကိစ္စလေးများကိုလည်း (အဝါကတ်) တန်းပြတတ်သည်။ သို့သော် ထိုသူသည် (အဝါကတ်)ကို နှစ်ကြိမ်ကမ၊ ခြောက်ကြိမ်မက၊ ရှစ်ကြိမ် အကြိမ်ကြိမ်ပြသည်။ (အနီကတ်)တော့ မပြကြပါ။ တစ်ချို့ကမူ သာမန်အသေးအဖွဲဖြစ်ရပ်နှင့်ပင် (အနီကတ်) တစ်ခါတည်း တန်းပြ၍ ပွဲပြီးသွားတာလည်း ရှိသည်။ တစ်ခါက အမူတစ်ခုတွင် “ကျွတ်တော့်မိန်းမ ဆရာဝန်မကို မင်္ဂလာဆောင်မှာ ဓာတ်ပုံဆရာက သူ့တစ်ယောက်တည်း ဓာတ်ပုံတွေ အများကြီးရိုက်တယ် ကွာမယ်” ပြောသည်။ “ဒါလေးနဲ့တော့ မကွာပါနဲ့ ဒေါက်တာရယ်”ဟု တားသည်။ သူပြန်ပြောသည်မှာ “ဟင် ဒီဓာတ်ပုံဆရာက ကျုပ် မိန်းမရဲ့ ငယ်ရည်းစားဗျ” ဟူ၏။
 
ရှေ့နေများသည် ပေါင်းသင်းလိုသော ကွာရှင်းလိုသောသူများကို တရားရုံးတက်၍ လက်ထပ်ခြင်း၊ ကွာရှင်းခြင်း နည်းလမ်းဖြင့် အကျိုးဆောင်ပေးကြရပါသည်။ ထိုနည်းလမ်းသည် စရိတ်စက အကုန်အကျနည်းခြင်း၊ စာချုပ်စာတမ်းအထောက်အထားရရှိခြင်း၊ ကာယကံရှင်နှစ်ဦး၏ လွတ်လပ်သော သဘောဆန္ဒကို ထင်ရှားစေခြင်း၊ အသိသက်သေနှစ်ဦးနှင့် တရားသူကြီးလက်မှတ် တရားရုံးတံဆိပ်များ ပါရှိခြင်း၊ တရားရုံး၌ မှတ်တမ်းတင်ပြီးဖြစ်ခြင်းစသော အကျိုးကျေးဇူးများရရှိနိုင်သဖြင့် ယနေ့ခေတ်စနစ်နှင့်ညီသော ဓလေ့ထုံစံတစ်ခုဖြစ်နေပါသည်။ဓလေ့ထုံစံတစ်ခုဖြစ်နေသည်။
 
ယခင်က လက်ထပ်စာချုပ်၊ ကွာရှင်းစာချုပ်များ၌ တံဆိပ်တော် ခွန် ၂၅-ကျပ် ထမ်းဆောင်ကြရသည်။ မကြာမီက တံဆိပ်တော်ခွန်တန်ဖိုး(အနည်းငယ်) တိုးမြှင့်လိုက်ရာ လက်ထပ် ၂၅၀-ကျပ်၊ ကွာ ၂၅၀ဝကျပ်ထိ ၁၀ဝ-ရာခိုင်နူန်း တက်သွားပါသည်။တက်သွားသည်။
 
လက်ထပ်လျှင် ကွာရှင်းလျှင်လုပ်ထုံးလုပ်နည်းပြဋ္ဌာန်းချက်အရ အခန်းအနားမလို၊ စာချုပ်စာတမ်း မလိုသော်လည်း ပေါင်းသင်း ကွာရှင်းသော လင်နှင့် မယားတို့၌ အရေးအကြောင်းကြုံပါက အထောက်အထား သက်သေခံစာရွက်စာတမ်း တင်ပြရန် အခက်အခဲ ရှိကြမည်ဖြစ်ပါသည်။ ထို့ပြင် ကွာရှင်းပြီးသူ အချင်းချင်းကိုလည်း မယုံကြည်ရပါ။ ကွာရှင်းစဉ်ကတစ်မျိုး၊ နောင်ကျလျှင် တစ်မျိုးပြောတတ်၊ လုပ်တတ်ကြပါသည်။ ကွာရှင်းပြီးသည့်ယောကျာ်း နောက်မိန်းမယူသည့်အခါ လက်ထပ်မည့်အခါမျိုး၌ “ကျွန်မသာလျှင် မယားကြီးဖြစ်ပါသည်”ဟု သတင်းစာ၌ ကြေညာတတ်သည်။ မိမိနောက်ယူမည့် ယောကျာ်းကိုလည်း ယခင်လင်ဟောင်းက “ဘယ်မလဲကွာရှင်းစာချုပ် မယားခိုးမူဖြစ်သွားချင်သလား”ဟု ခြောက်စား၊ ဟောက်စား လုပ်တတ်သည်။ ပွဲဖျက်တတ်ပါသည်။ မယုံရပါ။ ထို့ကြောင့် စာချုပ်စာတမ်းနှင့် ပေါင်းကြ၊ ကွာကြစေလိုပါသည်။ အတွေ့အကြုံအရ “ရန်ငြိုးအကြီးဆုံးပြိုင်ဘက်နှစ်ယောက်”အား ပြပါဆိုလျှင် မချစ်တော့၍ ကွာရှင်း ပြတ်စဲ၊ ပစ္စည်းခွဲဝေကြသော လင်နှင့်မယားကိုပြပါမည်။ ထို့ပြင် “အမုန်းဆုံး၊ အနာကျည်းဆုံးခံစားနေရသော လူတစ်စုကို” ပြပါဆိုလျှင် အမွေမူဖြစ်နေဆဲ၊ ဖြစ်ခဲ့ပြီးသော အမွေဆိုင်ညီအစ်ကို မောင်နှမအရင်းမားကို ပြပါမည်။ အလွန်ရင်းနှီးသူအချင်းချင်း အမူအခင်းဖြစ်ကြသည့်အခါများ၌ တိုက်ပွဲသည် ပို၍ ပြင်းထန်ပြီး ထိခိုက်ဒဏ်ရာ ရမူများလှကြောင်း တွေ့ရပါသည်။တွေ့ရသည်။
 
UTK (မဟာဝိဇ္ဇာ၊ သိပံ္ပ၊ ဥပဒေ)
၂၀၁၂-ခုနှစ်၊ နိုဝင်ဘာလ ၂၁-ရက် ထုတ်ဝေသော မူခင်းသတင်း (သတင်းဒိုင်ယာရီ) မှ ပြန်လည် ထုတ်နုတ်ဖော်ပြပေးထားပါသည်။
 
[[Category:ကွာရှင်းပြတ်စဲခြင်း]]
http://kopaelay.blogspot.com/2012/11/blog-post_3490.html#.ULLw5aC7DsM