၂၇၃၆၈
တည်းဖြတ်မှုများ
အရေးမကြီး (Bot: Migrating 71 interwiki links, now provided by Wikidata on d:q27686 (translate me)) |
|||
[[File:HiltonSanDiegoConventionCenterApr09.jpg|thumb|right|ဟီလ်တန် ဆန်ဒီယေးဂိုး ဘေး ဖရန့်၊ ဆန်ဒီယေးဂိုး၊ [[အမေရိကန်ပြည်ထောင်စု]]]]
[[File:Shanghai Grand Hyatt Atrium.jpg|thumb|right| ရှန်ဟိုင်း ဂရင်းန် ဟိုက်ယက်၏ အေထရီယမ် လော်ဘီ [[ရှန်ဟိုင်းမြို့]], [[တရုတ်ပြည်သူ့သမ္မတနိုင်ငံ]]]]
▲ဟိုတယ်ဆိုသည်မှာ အခကြေးငွေပေး၍ အချိန်တိုကာလ အတွက် တည်းခိုရသော အဆောက်အဦး ဖြစ်သည်။ ယခင်က ဟိုတယ်များတွင် အခြေခံ နေရာထိုင်ခင်း များဖြစ်သော အိပ်ရာ၊ ဘီဒို၊ စားပွဲခုံ အသေး၊ ရေချိုးရန် နေရာ စသည့် အသုံးအဆောင်များကိုသာ ပံ့ပိုးပေးလေ့ ရှိသော်လည်း ယခုအခါ ဟိုတယ်အများစုတွင် ရေချိုးခန်း နှင့် လေအေးစက် သို့ အပူပေးစက် စသည့် နေထိုင်မှု အတွက် အဆင်ပြေစေမည့် အရာများကို ပံ့ပိုးထားလေ့ ရှိသည်။ ဟိုတယ်အခန်းများတွင် အများအားဖြင့် တွေ့နိုင်သော အရများမှာ တယ်လီဖုန်း၊ နှိုးစက်နာရီ၊ ရုပ်မြင်သံကြားစက်၊ အာမခံသေတ္တာ၊ မုန့်များ အဖျော်ယမကာများ ထည့်ထားသော မီနီဘား နှင့် ကော်ဖီ လက်ဖက်ရည် ဖျော်ရန် လိုအပ်သည့် အရာတို့ဖြစ်သည်။ အချို့ဟော်တယ်များတွင် ရေချိုးဝတ်စုံ နှင့် ခြေညှပ်ဖိနပ်၊ ရွေးချယ်ရန် ခေါင်းအုံးအစုံအလင်၊ မျက်နှာသစ်ဇလုံ နှင့် ရေပူရေအေး တို့ကို အပိုအဖြစ် ပံ့ပိုးပေးလေ့ရှိသည်။ ဟိုတယ်ကြီးများတွင်မူ ဧည့်သည်များ အတွက် စားသောက်ဆိုင်များ၊ ရေကူးကန်များ၊ အားကစားရုံများ၊ စီးပွားရေးဆိုင်ရာ ဌာနများ၊ ကလေးထိန်း ဌာနများ၊ ကွန်ဖရင့်အတွက် သုံးစွဲနိုင်သော နေရာများ နှင့် ဧည့်ခံပွဲကျင်းပရန် နေရာများကို ထားရှိလေ့ ရှိသည်။
[[Category:ဟိုတယ်များ]]
|