ပြည် နဝဒေးကြီး: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
စာမျက်နှာအသစ်: ဆောင်းကချီ၍-ချီ ကျေးစေရတုရေးသူ ပထမ နဝဒေးကြီးမှာ ၈၉၄-ခုနှ... |
အရေးမကြီး →ကိုးကား |
||
စာကြောင်း ၄ -
ရတုတွင် ပြိုင်ဘက်ကင်း၍ ဘုရင်တဆူ ဖြစ်သော နဝဒေးကြီးသည် အသက် ၉၀-ကျော်တွင် အနိစ္စရောက်လေသတည်း။
<ref>မြန်မာကဗျားရွေးချယ်ချက်နှင့် ရတုရွေးချယ်ချက် H 594_ A (ဟံသာဝတီ)</ref>
အထ္ထုပ္ပတ္တိအကျဉ်း
သက္ကရာဇ် ၈၉၄ ခုနှစ်တွင် ပြည်မြို့၌ ဘုရင်နရပတိမင်းပြုတော်မူသည်။ ပြည်မြို့ဇာတိဖွားဖြစ်သော နဝဒေးကြီးမှာ ထိုဘုရင်နရပတိ၏ ယောက်ဖ (နှမတော် “နရပတိမယ်” ၏ကြင်ယာတော်) မင်းဘစော၏ အထိန်းတော်ဖြစ်သည်။
ဘုရင်နရပတိသည် မင်းဘစောကို “ပွတ်လယ်ရွာ”တွင် ကွပ်၍ နှမတော် “နရပတိမယ်” ကို စလင်း-စည်သူကျော်ထင်သို့ပေးလိုက်သည်။ထိုအခါ နဝဒေးကြီးလည်း စလင်းသို့လိုက်ပါသွားရရာ စလင်းတွင်ပင် “မင်းလက်ျာ” ဟူသောဘွဲ့ကိုရသည်။
ထို့နောက် စလင်းမြို့ပျက်၍ စစ်ကိုင်းတွင် သက္ကရာဇ် ၉၀၇-ခုနှစ်၌ စလင်းစည်သူကျော်ထင် မင်းပြုရာ“မင်းလက်ျာ” လိုက်ပါ ခစားရပြန်၍ ထောင်သင်းကို မှူးရသည်။ ထိုအခါ “ထောင်သင်းမှူး” ဟုတွင်ပြန်၏။
သက္ကရာဇ် ၉၁၃-ခုနှစ်သို့ရောက်လျှင် စစ်ကိုင်း-စည်သူကျော်ထင်သည် “နရပတိစည်သူ” ဟူသောအမည်ဖြင့် အင်းဝရွှေနန်းကို သိမ်းမြန်းစိုးစံ၍ ၆-နှစ်အကြာ ဟံသာဝတီ ဆင်ဖြူများရှင် လုပ်ကြံသဖြင့် အင်းဝပျက်လေသော် ဆင်ဖြူများရှင်နှင့် မင်းတရားကြီး၏ညီတော် ပြည်ဘုရင် သတိုးဓမ္မရာဇာက ဆင်ဖြူများရှင်ထံ “ထောင်သင်းမှူး” ကိုတောင်းယူ၍ ပြည်မြို့သို့ခေါ်သွားသည်။
ဆင်ဖြူများရှင် မင်းတရားကြီးသည် မြို့သစ်တည်သင့်ကြောင်းနှင့် မှူးတော် မတ်တော်တို့၏ လျှောက်တင်ချက်အရ သက္ကရာဇ် ၉၂၈-ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၀-ရက် ကြာသပတေးနေ့မှစ၍ ဟံသာဝတီနေပြည်တော်ကြီးကို မြို့အင်္ဂါခုနှစ်ပါးနှင့် ညီညွတ်အောင် ပြန်လည်တည်ဆောက်တော်မူလေသည်။ တာဝန်းသုံးထောင့်လေးရာရှိသော ထိုဟံသာဝတီနေပြည်တော်သစ်ကြီးကား နန်းမ အဆောင်ဆောင်တို့ဖြင့် တင့်တယ်လှစွာဖြစ်၏။ ထိုအခါ ထောင်သင်းမှူး-မင်းလက်ျာသည် ဟံသာဝတီသို့ မင်းမှု မင်းရေးနှင့် ပတ်သက်၍ ရောက်ခိုက် ထိုဟံသာဝတီ နေပြည်တော်ကြီး၏ ရှု၍မငြီးနိုင်လောက်သောအဖြစ်ကို တွေ့မြင်လေရကား “ရာဇဌာနီ၊ပြည်ကြီးပီ၍၊တုဿိတာမှ၊ဘုံလျှင်ကျသို့” အစချီသည့် ရတုပိုဒ်စုံကို ရေးသားကာ ဆင်ဖြူများရှင် မင်းတရားကြီးအား ဆက်သွင်း၏။ မင်းတရားကြီးလည်း အားရတော်မူလွန်း၍ ထောင်သင်းမှူးအား “နဝဒေး” ဟူသော ဘွဲ့ထူးဖြင့် ချီးကျူးမြှောက်စားတော်မူလေသည်။ ထိုအခါမှစ၍ တဖန် “ပြည်-နဝဒေးကြီး” ဟု ဝေး-နီး ကျော်ကြားလာပြန်သည်။
သုံးဘွဲ့ရနဝဒေးကြီး
ဤသို့အားဖြင့် ပြည်-နဝဒေးကြီးသည် ဘွဲ့မည်ရည်သုံးပါးဖြင့်ကျော်ကြားသော စာဆိုတော်ဖြစ်သည်။ စလင်းမြို့တွင်နေခိုက် “မင်းလက်ျာ” ၊ စစ်ကိုင်းမြို့တွင်ရှိခိုက် “ထောင်သင်းမှူး”၊ ပြည်မြို့တွင်ထမ်းခိုက် “နဝဒေး” ဟုတွင်လေသည်။ ထို့ကြောင့်လည်း “စစ်ကိုင်း-ထောင်သင်း၊စလင်းလက်ျာ၊ပြည်မှာ-နဝဒေး” ဟု အမှတ်သညာ ပြုကြလေကုန်သည်။
ထို့အပြင် သက္ကရာဇ် ၉၄၀ ခုနှစ်တွင် “နဝဒေးကြီး”ကိုယ်တိုင် စီရင်ရေးသားပြီးစီးသည့် ဇင်းမယ်ပဏ္ဏာသထွက် သုဓနုကုမာရဇာတ်ကို မြန်မာပြန်ဆိုရေးသားသည့် “ဗောဓိရတနာ၊သိင်္ဂါညွန့်ရှင်၊ ပလ္လင်ရွှေညောင်၊ဗွေထိပ်ခေါင်ထက်” ချီ “မနောဟရီ” ပျို့နိဂုံး၌ “စစ်ကိုင်း-ထောင်သင်း၊မယွင်းမှန်စွာ၊
လက်ယာရှေ့ဖျား မင်းများသခင်၊ ကြည်လင် နက်လေး၊နဝဒေး-ဟု၊ပေးတုံမည်သာ၊မတ်ကြီးလျာလျှင်” ဟု စပ်ဆိုထားပေသည်။
နဝဒေးသည် အသက် ၉၀-ကျော်မှ အနိစ္စရောက်သောဟူ၏။
ပြုစုခဲ့သည်စာပေများ
ပြည်နဝဒေးကြီးပြုစုခဲ့သောစာများကား - မနောဟရီပျို့၊မင်းတရားတော်ဧချင်း၊ ယိုးဒယား-မိဘုရားဧချင်း၊ ရာဇဗျူဟာပျို့နှင့် ဘုရားတိုင်၊မြို့ဖွဲ့၊တောလား၊ရေလား၊မိုးတော၊ကျေးစေ၊မယ်ဖွဲ့၊ စစ်ရတု အစရှိိသည့် ရတုပေါင်း ၇-အင်္ဂါကျော် ပုဒ်ရေ ၄၀၀ ခန့်ဖြစ်သတည်း။
နဝဒေးငါးဦး
မြန်မာစာပေသမိုင်းတွင် “နဝဒေး” ဟုကျော်ကြားထင်ရှားသော စာဆိုတော် ၅-ဦးရှိသည်။ ထို ၅-ဦးမှာ (၁) “အင်္ကုရ” မည်သော ဇင်းမယ်-နဝဒေး ၊ (၂) “လှော်ကားသုံးထောင်မှူး” အမည်ရသော တောင်ငူ-နဝဒေး၊ (၃) ပြည်-နဝဒေး၊ (၄) အင်းဝမြို့တည် နန်းတည် ဘိုးတော်ဘုရားလက်ထက် စလင်း-နဝဒေး နှင့် (၅) ဝက်မစွတ်မြို့စား နဝဒေး တို့ဖြစ်၏။ အမှန်အားဖြင့် ထိုဘွဲ့နှင့် ကျော်ကြားထင်ရှားသူ ၅-ဦးစလုံးပင် “နဝဒေး” ဟူသော မင်းပေးဘွဲ့ရသူချည်းဟုတ်မည်မထင်။ ပြည်နဝဒေးကြီးနှင့် ဝက်မစွတ်မြို့စား-နဝဒေးကြီးတို့ သာလျှင် ဘုရင်မင်းမြတ်များကိုယ်တော်တိုင်က “အပြစ်ဆိုစရာမရှိသော စာဆိုတော်မှူးမတ်” ဟုအဓိပ္ပါယ်ရသည့် “နဝဒေး” ဘွဲ့ဖြင့် ချီးမြှင့်တော်မူခြင်း ခံရသော စာဆိုပုဂ္ဂိုလ်များဖြစ်ဟန်တူချေသည်။ကျန်နဝဒေး သုံးဦးကား စာဆိုအရာတွင် ကျွမ်းကျင်လိမ္မာကြသောကြောင့်သာ နဝဒေးဟု အများပြည်သူတို့် ကြည်ဖြူ မြှောက်စားကြခြင်းဖြစ်ချိမ့်မည်။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ပြည်-နဝဒေးကြီးနှင့် ဝက်မစွတ်မြို့စား-နဝဒေးတို့ကို ဘုရင်မင်းမြတ်များ ကိုယ်တော်တိုင် “နဝဒေး” ဟူသော ဘွဲ့ဖြင့် ချီးမြှင့် သူကောင်းပြုခြင်းကိုကား ထိုစာဆိုတော်နှစ်ဦးတို့၏ ပျို့များ၊မော်ကွန်းများတွင် အထင်အရှားရေးသားပါရှိသည်ကိုထောက်၍ မည်သူမျှ မငြင်းဆိုနိုင်ကြ။
== ကိုးကား ==
<- သုတ၊မောင်။ စာဆိုတော်များ အတ္ထုပ္ပတ္တိ။ တတိယအကြိမ်နှိပ်။ ရန်ကုန်။ဇွဲပုံနှိပ်တိုက်၊ ၁၉၆၈။ />
--[[User:ကိုရွက်ဝါ|ကိုရွက်ဝါ]] 15:40, 22 အောက်တိုဘာ 2008 (UTC)
|