ဥရောပအနုမြူစွမ်းအင်အဖွဲ့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
 
စာကြောင်း ၁ -
 
==ဥရောပအနုမြူစွမ်းအင်အဖွဲ့==
၁၉၅၇ ခုနှစ် မတ်လ ၂၅ ရက်နေ့က အီတလီ နိုင်ငံ ရောမမြို့တွင် ချုပ်ဆိုခဲ့သည့် စာချုပ်အရ ၁၉၅၈ ခုနှစ်ဇန်နဝါရီလ ၁ ရက်နေ့တွင် ဥရောပ အနုမြူစွမ်းအင်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ အဖွဲ့၏ ရည်ရွယ်ချက်မှာ အနုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာပူးပေါင်း အသုံးချရေးပင် ဖြစ်၏။ အဖွဲ့သည် အနုမြူစွမ်းအင်ကို စစ်ရေးအတွက် အသုံးချရေး ဆောင်ရွက်ချက်များနှင့် လုံးဝမပတ်သက်ပေ။ အဖွဲ့ဝင်နိုင်ငံများအား အနုမြူစွမ်းအင်ကို စစ်ရေး ကိစ္စတွင် အသုံးမပြုရန်လည်း ပိတ်ပင်တားမြစ်ထားသည်။
 
စာကြောင်း ၇ -
 
ဥရောပ အနုမြူစွမ်းအင် အဖွဲ့၏ လက်အောက်တွင် အဖွဲ့ဝင်ငါးဦး ပါဝင်သည့် ကော်မရှင်အဖွဲ့၊ အဖွဲ့ ဝင် ၂ဝ ပါဝင်သည့် သိပ္ပံနှင့် စက်မှုကော်မတီ၊ အဖွဲ့ဝင် ၁ဝ၁ ဦးပါဝင်သည့် စီးပွားရေးကော်မတီနှင့် အဖွဲ့ဝင်ခြောက်ဦးပါဝင်သည့် ဝန်ကြီးများကောင်စီတို့ရှိသည်။ ဝန်ကြီးများ ကောင်စီသည် ဆုံးဖြတ်ချက် ချမှတ်နိုင်သော အာဏာပိုင်အဖွဲ့ပင်ဖြစ်သည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)</ref>
 
==ကိုးကား==
<references/>