ဘေဘီလုံအင်ပါယာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
အရေးမကြီးNo edit summary
စာကြောင်း ၅ -
 
စစ်ပွဲကာလလွန်မြောက်ပြီးနောက်တွင် [[ဟမ်မူရာဘီ]]သည် ၁၂နှစ်ကျော်မျှ ထီးနန်းစိုးစံကာ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခြင်းအားဖြင့် သူသည် လက်ရုံးရည်သာမက၊ နှလုံးရည်ဖြင့်ပါ ပြည့်စုံကြောင်းကို သက်သေထူပြခဲ့သည်။ တစ်ဖက်မှလည်း မြို့တော် ဘေဘီလုံအား ယဉ်ကျေးမှုဆိုင်ရာ အမြင့်ဆုံးမြို့တော် အဖြစ်သို့ရောက်ရှိလာရန် စွမ်းဆောင်ခဲ့သည်။ ထိုယဉ်ကျေးမှုအား ဘေဘီလုံယဉ်ကျေးမှု ဟုခေါ်ဆိုသည်။
 
ဘေဘီလုံသည် မက်ဆိုပိုတေးမီးယား(Mesopotamia) ဒေသတွင် တည်ရှိသော ရှေးဟောင်း မြို့ပြနိုင်ငံတော်ကြီး ဖြစ်ပြီး ယခု အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒတ်(Baghdad) ၏တောင်ဘက် ၅၅ မိုင် အကွာ ဘာဘေးလ်ပြည်နယ် အဲဟေးလာမြို့ (Al Hillah) အနီးတွင် ဤမြို့ဟောင်းကို တွေ့နိုင်သည်။ ရှေးယခင်က အလွန်ကျော်ကြားခဲ့သော ဘေဘီလုံ၏ အုတ်မြို့ရိုးဟောင်း၊ အဆောက်အအုံများ နှင့် ရွှံခွက်စာများကို ယူဖိုးရီးယား- တီဂရစ်မြစ်နှစ်သွယ်ကြား ( Euphrates and Tigris river system) မက်ဆိုပိုတေးမီးယားလွင်ပြင်တွင် တူးဖေါ်ရရှိခဲ့သည်။
 
== ဟမ်မူရာဘီ၏ ကိုဓဥပဒေ နှင့် ကာကွယ်ရေး ==