စန္ဒာဒေဝီ မိဖုရားခေါင်ကြီး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၁ -
{{cleanup}}
{{merge|ခင်ယွန်းစံ}}
==စန္ဒာဒေဝီမိဖုရားခေါင်ကြီး (မြန်မာ ၁၀၇၅ - ၁၁၃၃)==
စန္ဒာဒေဝီသည် [[အလောင်းမင်းတရား]]ကြီး ဦးအောင်ဇေယျ၏ မိဖုရားခေါင်ကြီး ဖြစ်သည်။ စန္ဒာဒေဝီအမည်သည် အလောင်းမင်းတရား နန်းတက်သော အခါမှ မှည့်ခေါ်သော ဘွဲ့မည် ဖြစ်သည်။ ဘွဲ့မည် အပြည့်အစုံမှာ ‘မဟာမင်္ဂလာရတနာဓိပတိသီရိရာဇာစန္ဒာဒေဝီ’ ဖြစ်သည်။
 
 
မိဖုရားခေါင်ကြီး မဖြစ်မီက စန္ဒာဒေဝီ၏ နာမည်ကို '''မယ်ယွန်းစံ''' (ဝါ) '''ခင်ယွန်းစံ''' ဟု မှည့်ခေါ်ကြသည်။ အဘမျိုးရိုးမှာ ပုတ္တရာမြို့ကိုင် မောင်ပုကြီးနှင့် ဇနီးစောလှမန်တို့၏ သား၊ စည်ပုတ္တရာ ရွှေကာတစ်ထောင်မှူး သီရိရန္တဇဘွဲ့ခံ ငယ်မည် မောင်ဖြိုးသည် မယ်ယွန်းစံ ခေါ် စန္ဒာဒေဝီ၏ အဖ ဖြစ်သည်။ အမိမျိုးရိုးမှာ မုဆိုးဖို စမြင်းကြီးသား ဘုမ္မသူရနှင့် မင်းဘိုးခင် နှမ-စောသားထွေး သမီး-စောလှမျိုးတို့ အိမ်ထောင်သင့်ရာတွင် သမီး မယ်ညက်ကို မွေးဖွားသည်။ ထိုသမီးမယ်ညက်သည် မယ်ယွန်းစံ (စန္ဒာဒေဝီ) ၏ မိခင်ဖြစ်သည်။ သီရိရန္တဇ ဇနီး မယ်ညက်တို့မှ သမီးသုံးယောက် ထွန်းကားခဲ့သည်။ ၎င်းတို့မှာ မယ်ကောင်း၊ မယ်ယွန်းစံ၊ မယ်နှိုင်းစံတို့ ဖြစ်သည်။