"စကြဝဠာ ဘာသာစကား" ၏ တည်းဖြတ်မှု မူကွဲများ

၁၇၄၁ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၄ နှစ်
အရေးမကြီး
merge articles
အရေးမကြီး
အရေးမကြီး (merge articles)
 
{{unreferenced}}
 
{{merge|ကမ္ဘာသုံးဘာသာစကား}}
'''စကြဝဠာ ဘာသာစကား''' ဟူသည် ကမ္ဘာ့ပေါ်ရှိ စကားပြောဆိုတတ်သည့်အရာတိုင်းက ပြောဆိုနားလည်နိုင်သည့် ဘာသာစကားဟူ၍ အနုမာနယူဆချက်အပေါ်အခြေခံသော ဘာသာစကားဖြစ်သည်။ အချို့စကားစပ်များတွင် သက်ရှိသတ္တဝါအားလုံး၊ ဖြစ်တည်မှုအားလုံးနှင့် ၎င်းကဲ့သို့အရာများအကြား ဘုံဆက်သွယ်ရေးအဖြစ်ညွှန်းဆိုကြသည်။ မူရင်းဘာသာစကားမတူညီကြသည့် အုပ်စုများအကြား အပြည်ပြည်ဆိုင်ရာ အရန်ဘာသာစကားတစ်ခုဖြင့် ဆက်သွယ်ကြမည်ဟူသော စိတ်ကူးမှ လာဟန်ရှိသည်။ အခြားသော စိတ်ကူးများအရ ဤဘာသာစကားသည် စကားပြောတတ်သောအရာအားလုံးတို့၏ မူလပင်မဘာသာစကား(ဝါ) တစ်ခုတည်းရှိခဲ့သော ဘာသာစကားဖြစ်သည်။ ဘာသာရေးဆိုင်ရာနှင့် ဒဏ္ဍာရီဆိုင်ရာ ရိုးရာအယူများတွင် တစ်ချိန်က လူသားအားလုံး နားလည်ပြောဆိုသည့်၊ လူသားတို့နှင့် သဘာဝလွန်အရာများ( ဥပမာ-နတ်၊ တစ္ဆေစသည်) များအကြား နားလည်ပြောဆိုသည့်နားလည်ပြောဆိုသည့် ဘုံဘာသာစကားတစ်ခုရှိခဲ့သည်ဟု ယုံကြည်ကြသည်။
 
အချို့သောရိုးရာဓလေ့များတွင်မူ ဤဘုံဘာသာစကားကိစ္စကို သိပ်စိတ်ဝင်စားမှုမရှိသည်ကို တွေ့ရသည်။ ဥပမာ [[အစ္စလာမ်]]တွင် [[အာရဗီ]]ဘာသာစကားသည် [[ကိုရ်အာန်]]ကျမ်းကိုရေးသားခဲ့သည့် ဘာသာစကားဖြစ်သည့်အတွက် မူစလင်တို့၏ စကြာဝဠာ ဘာသာစကားသည် အာရဗီဖြစ်၏။ အလားတူပင် [[အိန္ဒိယ]]၊ နှင့် [[နီပေါ]]မှ [[သက္ကတ]]ဘာသာစကားနှင့် [[သီရိလင်္ကာ]]နှင့် [[အရှေ့တောင် အာရှ]]မှ [[ထေရဝါဒ]]နိုင်နိုင်ငံများဖြစ်သော [[မြန်မာ]]၊ [[ထိုင်း]]၊ [[ကမ္ဘောဒီးယား]]တို့မှ [[ပါဠိ]]ဘာသာစကားတို့သည် ထိုနိုင်ငံအသီးသီးမှ လူတို့၏ [[မိခင်ဘာသာစကား]]မဟုတ်ငြားသော်လည်း ၎င်းတို့၏ စာပေသုံးဘာသာစကားဖြစ်နေသည်။
 
ရှေးအခါက လက်တင်ဘာသာ ဟဲလင်ဂရိတ်အမျိုးသားတို့၏ ကွိုင်နေ နှင့် ဖိုနီးရှန်းဘာသာစကားမှာ ကာလအတော်ကြာကပင် ကမ္ဘာသုံးဘာသာစကား ဖြစ်ခဲ့လေသည်။ ဟီဘရူးနှင့် ဆက်စပ်သော ဆီမစ်တစ် ဘာသာဖြစ်သည့် ဖိုးနီးရှန်ဘာသာစကားကို ကာသေ့နိုင်ငံထူထောင်ခဲ့သော တိုင်ယာပြည်သားများ ပြောဆိုခဲ့၍ ခရစ်မပေါ်မီ ၃၂၃၃ နှစ်အထိ မြေထဲပင်လယ်ဒေသသုံး ဘာသာစကား ဖြစ်ခဲ့သည်။ ထို့နောက် ကွိုင်နေဘာသာစကားကို သုံးပြီး ရောမခေတ်တွင် လက်တင်ဘာသာကို ပြောဆိုခဲ့ကြပြန်သည်။ ထို့နောက်တွင် ဘာသာရေး စစ်ချီသော ကရုဆိတ်များ၏ ဘာသာစကားဖြစ်သော ပြင်သစ်စကားသည် အသုံးများ၍ ပြန့်နှံ့ခဲ့လေသည်။ ထို့နောက် [[အင်္ဂလိပ်ဘာသာစကား]]မှာ ကမ္ဘာသုံးဘာသာစကား သဖွယ် တစ်ကမ္ဘာလုံး ကျယ်ပြန့်လာခဲ့လေသည်။ <ref>လှသမိန် ၏ ဗဟုသုတစွယ်စုံ</ref>