ရှမ်းပြည်နယ်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီးNo edit summary |
အရေးမကြီး →မြစ်ချောင်း |
||
စာကြောင်း ၃၈ -
ရှမ်းပြည်နယ်၏ အခြားမြစ်ကြီးတစ်မြစ်သည် [[မဲခေါင်မြစ်]] ဖြစ်ပေသည်။ သို့သော် ရှမ်းပြည်နယ်နိမိတ်နှင့် လာအိုနိုင်ငံ နယ်နိမိတ်ကို ပိုင်းခြားသတ်မှတ်ထားသည့် မိုင်ပေါင်း ၁၂ဝ ခန့်မျှသာ ထိုမြစ်ကြီးသည် ရှမ်းပြည်နယ်နှင့် သက်ဆိုင်လေသည်။
နမ္မတူ၊ မြစ်ငယ်၊ ဒုဋ္ဌဝတီဟူသော သုံးမည်ရ [[နမ္မတူမြစ်]]သည် ရှမ်းပြည်နယ်၏ ထင်ရှားသောမြစ်တစ်သွယ် ဖြစ်သည်။ ပြည်နယ်အတွင်း တစ်စိတ်တစ်ဒေသမျှသာ ဖြတ်သန်းသွားသော်လည်း မဖော်ပြဘဲ မနေအပ်သော မြစ်တစ်သွယ်မှာ နမ့်မင်းဟုလည်း ခေါ်သော [[ရွှေလီမြစ်]]ပေတည်း။ ထိုမြစ်၏ မြစ်ဖျား လက်ယာဘက်ကမ်းရှိ မိုင်းမောဒေသမှ စ၍ ရှမ်းပြည်ထောင် အများ ပေါ်ပေါက်ပြန့်ပွားခဲ့သည်ဟု ဆိုကြလေသည်။ ဖော်ပြခဲ့သော မြစ်များအပြင် ရှမ်းပြည်နယ်အလယ်ပိုင်း မြေလပ်ဒေသ၌ မြစ်ဖျားခံပြီးလျှင် ရပ်စောက်နယ်၊ ဘော်နယ်တို့ကို ဖြတ်ကျော်ကာ ပြည်မရှိ [[ကျောက်ဆည်ခရိုင်]]မှ တစ်ဆင့် ဧရာဝတီမြစ် အတွင်းသို့ စီးဝင်သော [[ဇော်ဂျီမြစ်]]၊ ဟိုပုန်းနယ်တွင်
အထက်တွင် ဆိုခဲ့သည့်အတိုင်း မြစ်ရိုးချောင်းရိုး မြေပြန့် လွင်ပြင်များတွင် မြို့ရွာများကို များသောအားဖြင့် ရှမ်းလူမျိုးတို့က တည်ထောင်ထားကြရာ မြောက်ပိုင်း နမ္မတူမြစ်ရိုး မြေပြန့်တွင် သိန္နီနယ်၊ သီပေါနယ်တို့ကို တွေ့ရသည်။ [[ရပ်စောက်]]၊ [[ရေဦး]]၊ [[ရွာငံမြို့|ရွာငံ]]၊ [[ပင်းတယမြို့|ပင်းတယ]]၊ [[ပွေးလှမြို့|ပွေးလှ]]နယ်တို့သည် ဇော်ဂျီမြစ်ရိုး မြေပြန့်တစ်လျောက် တည်ထားသော မြို့ရွာများဖြစ်ကြသည်။ နမ့်ပွန်ချောင်းရိုးမြေပြန့်တွင် မိုင်းပွန်နယ်ကို၎င်း နမ့်တမ်ဘက်ချောင်းရိုး မြေပြန့်တွင် ဟိုပုန်း၊ [[ဘန်းယဉ်]]၊ [[ဆီဆိုင်]](သထုံ) နယ်တို့ကို၎င်း တွေ့ကြရလေသည်။
|