ဆင်ဖြူတော်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၁ -
[[File:White Ele.jpg|thumb|ဆင်ဖြူတော်နှင့် မင်းခမ်းမင်းနား]]
ဆင်ဖြူတော်ဆိုသည်မှာ ရှားပါးစာရင်းဝင် ဆင်အမျိုးအစား တစ်ခုဖြစ်သော်လည်း၊ သီးသန့် မျိုးနွယ်စုတစ်ခုတော့ မဟုတ်ပေ။ ဆင်ဖြူတော်ကို အခါအားလျော်စွာ မိုးနှင်းကဲ့သို့ ဖော်ပြလေ့ရှိသော်လည်း အများအားဖြင့် နီညိုရောင်ဖျော့ဖျော့သာ တွေ့ရလေ့ရှိပြီး ရေစိုစွတ်သောအခါ ပန်းရောင်ဖျော့ဖျော့သို့ ကူးပြောင်းသွားလေ့ရှိသည်။ အရောင်ဖျော့သော မျက်ခွံ နှင့် ခွာ တို့လည်း ရှိသည်။
==ပျူခေတ်==
 
မြန်မာမင်းတို့သည် ဆင်ဖြူတော်ကို ရတနာအဖြစ် သတ်မှတ်ကြသည်။ ရှေးဦးပျူခေတ် (အေဒီ ၁ ရာစုမှ ၉ ရာစု) ကပင် ဆင်ဖြူတော်ကို အထွတ်အမြတ် ထားကြသည်။ မဇ္ဇျိမဒေသသို့ ဘုရားဖူးသွားသော တရုတ်ဘုန်းတော်ကြီးများသည် အပြန်ခရီးတွင် ပျူနိုင်ငံသို့ဝင်၍ ခရီးတထောက်နားပြီးမှ တရုတ်ပြည်သို့ ပြန်လေ့ရှိရာ ပျူမြို့၌ သူတို့တွေ့မြင်ခဲ့ရသောအကြောင်းများကိုခရီးသွားမှတ်တမ်းများ၌ ရေးသားမှတ်တမ်းတင် ခဲ့ကြသည်။ ယင်းသို့ မှတ်တမ်းတင်ရာတွင် ပျူမင်းတို့သည် ခရီးတိုသွားသောအခါ လူထမ်းသော ရွှေဝေါယာဉ်စီး၍ လည်းကောင်း၊ အခမ်းအနားထွက်တော်မူရာ၌ ရတနာကျောက်မျက်စီခြယ်ထားသော ကကြိုးတန်ဆာဆင်ထားသည့် ဆင်တော်ကိုစီး၍ လည်းကောင်း၊ ဝေးလံသောခရီးသွားပါက မြင်းတော်ကိုစီး၍လည်းကောင်း ခရီးသွားကြ သည်ဟု ရေးသားဖော်ပြထားသည်။
 
တရုတ်မှတ်တမ်းများတွင် သရေခေတ္တရာ နေပြည်တော်၌ ကျောက်ဖြူသားနှင့် ထုလုပ်ထားသော ပေ ၁ဝဝ ခန့်ရှိ ဆင်ဖြူတော်ရုပ် ၂ရုပ်ရှိကြောင်း၊ ဘေးအန္တရာယ်နှင့် ကြုံတွေ့ရသောအခါ ဆင်ဖြူတော်ရုပ်ကိုပူဇော်ပသ၍ ဘေးရန်ကင်းရန် ဆုတောင်းကြ ကြောင်းပါရှိသည်။
 
==ပုဂံခေတ်==
အနော်ရထာမင်းလက်ထက် (အေဒီ ၁ဝ၄၄ - ၁ဝ၇၇)တွင် အေဒီ ၁ဝ၅၄ခုနှစ်၌ သထုံသို့ ချီတက်၍ မနူဟာမင်း ဆက်သသော ပိဋကတ်တော်များ၊ ဘုရားဆင်းတုတော်များ၊ ဓါတ်တော်များကို ဆင်ဖြူတော် ၃၂စီးဖြင့် ပုဂံနေပြည်တော်သို့ ပင့်ဆောင်ခဲ့ကြောင်း တွေ့ရသည်။ ထို့ပြင် သရေခေတ္တရာခေတ် ဒွတ္တဘောင်မင်း တည်ခဲ့သော စေတီတော် ပြိုပျက်ရာမှ ဘုရားဖူး သင်းကျစ်တော် ရခဲ့ရာ ရတနာအတိပြီးသော ဆင်ဖြူတော်ဖြင့် ပင့်ဆောင်ခဲ့ကြောင်း၊ သီရိလင်္ကာနိုင်ငံမှ ပင့်လာသော ဗုဒ္ဓစွယ်တော်ကိုလည်း ‘ပုလဲပြုံး’ အမည်ရှိ ဆင်ဖြူတော်တွင် ပြာသာဒ်နှင့် တင်ဆောင်ကာ အဓိဋ္ဌာန်ပြုလွှတ်ရာတွင် ယနေ့ ရွှေစည်းခုံ စေတီတော် တည်ရှိရာ သဲခုံတွင် လည်းကောင်း၊ တန့်ကြည်တောင်ထိပ်တွင် လည်းကောင်း၊ တုရင်တောင်တန်းပေါ်တွင် လည်းကောင်း၊ ကျောက်ဆည်အနီးရှိ ပြက္ခရွှေတောင်ထိပ်တွင် လည်းကောင်း ဆင်ဖြူတော်ဝပ်သော နေရာများကို စွယ်တော်စေတီများ တည်ခဲ့ကြောင်း ဘုရားသမိုင်းများတွင် ဖော်ပြထားသည်။ အနော်ရထာမင်းသည် ဆင်ဖြူတော်ပေါင်း ၃၈စီး ပိုင်ဆိုင်ကြောင်း ရာဇဝင်ကျမ်းများ၌ ဖော်ပြထားသည်။
 
 
ဆင်ဖြူသည် ရှားပါး တိရစ္ဆာန် ဖြစ်၍ ဆင်ဖြူကို တစ်ကောင်ဟု မသုံးပဲ ရတနာကဲ့သို့ တန်ဘိုးထားရှိသောကြောင့် တော်ဟု တပ်ကာ ဆင်ဖြူတော်ဟု သုံးနှုန်းသည်။ မြန်မာရာဇဝင်၌ ရှေးဘုရင်တွင် ဆင်ဖြူတော် (အသေ) ကိုပင် ရရှိပင်လျှင် ဆင်ဖြူရှင်ဘွဲ့ကို ခံယူခဲ့သူ ရှိနေပါသည်။ ဆင်ဖြူတော်သည် ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသည်ဟုလည်း ယုံကြည်ကြသည်။ ထို့ကြောင့် ဆင်ဖြူရှင် မင်းကြား ကြီး၊ တစီးရှင်၊ ငါးစီးရှင်၊ ဆင်ဖြူမရှင် မိဘုရားကြီး စသည်ဖြင့် ရှေးဘုရင်များခေတ်က ဘွဲ့ ခံခဲ့ကြသည်။