သခွားပင်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၂၈ -
သခွားပင်ကို မှည့်သောအသီးမှအစေ့ရင့်ကိုစိုက်လျှင် ပေါက်သည်။ ယင်းကို မြေဩဇာကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မည်သည့် ခြံမြေ၌မဆို စိုက်ပျိုး၍ရသည်။ ကြက်ငှက်ခြံမှရသောမြေဩဇာကို ထည့်လျှင်မူ ၍ကောင်းသည်။ သခွားပင်သည် အမြစ်ရင်း၌ရေဝပ်သည်ကို မကြိုက်သဖြင့် စိုက်ခင်း၌ ရေကောင်းစွာစီးဆင်းနိုင်ရန် ရေမြောင်းများလုပ်ပေးဖို့အရေးကြီးသည်။ တစ်ပင်နှင့်တစ်ပင် ခြောက်ပေခန့်ခွာ၍စိုက်သင့်သည်။ အစေ့ပျိုးစဉ်က တစ်တွင်းလျှင် နှစ်စေ့သုံးစေ့ထည့်သော်လည်း အပင်များပေါက်လာသည့် အခါ တစ်တွင်းလျှင် သန်သောအပင်တစ်ပင်သာချန်၍ ကျန်အပင်များကို နုတ်ပစ်ရသည်။ စိုက်ပြီးနှစ်လခန့်အကြာတွင် အသီးသီးတတ်သည်။ သခွားပင်ကို မကြီးထွားမီ ပိုးဖျက်တတ်သည်။ ဖရဲပင်ဖျက်သောပိုးမျိုးပင်ဖြစ်သည်။ သခွားပင်ကို ရှေးနှစ်ပေါင်းများစွာကပင် အိန္ဒိယနိုင်ငံမြောက်ပိုင်း၌ စိုက်ပျိုးခဲ့လေသည်။ အမေရိကတိုက်သို့ ရှေးဦးလာရောက်နေထိုင်သူများသည် သခွားပင်စိုက်ပျိုးစားသောက်ခဲ့ကြောင်းသိရ၍ အင်္ဂလန်ပြည်၌ ရှေးနှစ်ရာပေါင်းများစွာကပင် သခွားပင်စိုက်ပျိုးခဲ့ကြသည်ဟု ထင်မှတ်ရလေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)</ref>
 
==သခွားသီးတွင် ပါဝင်သည့် အာဟာရဩဇာဓာတ်==
==ပါဝင်သည့်အာဟာရဩဇာဓာတ်==
* ဗီတာမင် A နှင့် C
* ဖိုလစ် (ဖောလစ်အက်ဆစ်)
* မဂ္ဂနီဆီယမ်
* မန်ဂနိးစ်
* မိုလစ်ဒီနမ် (အသက်ရှင်ရေးအတွက် အစာခြေချက်မှု စသည့်လုပ်ငန်းများအား အထောက်အကူပေးသော သက်ရှိကလာက်စည်းအချို့မှ ထုတ်ပေးသည့် ဓာတ်ပြောင်းအကူဒြပ်အင်ဇိုင်းတွင် ပါဝင်သော ဒြပ်စင်တစ်မျိုး - Molybdenum)
* ပိုတက်ဆီယမ်
* ဆီလီကာ
* အသားမျှင်ဓာတ်<ref name="စာပေရေချမ်းစင်စာစဉ်">{{cite book|title=စာပေရေချမ်းစဉ်စာစဉ် - ကျန်းမာရေး}}</ref>
 
== ကိုးကား ==