သခင်ကိုယ်တော်မှိုင်း: တည်းဖြတ်မှု မူကွဲများ

https://sites.google.com/site/myanmarsite1/home/tha/thakhinkotawmhie မှ အချက်အလက်များ ဖြည့်စွက်သည်
https://sites.google.com/site/myanmarsite1/home/tha/thakhinkotawmhie မှ အချက်အလက်များ ဖြည့်စွက်
စာကြောင်း ၆၅ -
 
ထိုအချိန်က ဝန်စာရေး ဦးကြီး ရေးသားသည့် “ချဉ်ပေါင်ရွက်သည် မောင်မှိုင်း” ဝတ္ထုထွက်နေ သည်။ ထိုဝတ္ထုထဲမှ ဇာတ်လိုက် မောင်မှိုင်းသည် လူရှုပ်လူပွေ၊ ကြသမား မြာပွေသူဖြစ်၍ စာဖတ်သူတို့က အော့နှလုံးနာကြသည်။ ဆရာကြီးသည် ထို မောင်မှိုင်း အမည်ကို ယူကာ ရှေ့က မစ္စတာတပ်ပြီး မစ္စတာ မောင်မှိုင်း ကလောင်အမည်ယူ၍ သူရိယ သတင်းစာတွင် ကြာ ဋီကာ ဆောင်းပါးများ ရေးသားသည်။ ထိုနောက် သူရိယ သတင်းစာတွင်ပင် မစ္စတာ မောင်မှိုင်း အမည်ဖြင့် “ဗိုလ်ဋီကာ” ဆောင်းပါးများ ဆက်လက် ရေးသားခဲ့သည်။ ထိုစဉ်က ဘိလပ်ပြန်ခေါ် နိုင်ငံခြားပြန်များ ယူကေနိုင်ငံမှ ပြန်လာသူများ အကြားတွင် ထိုဆောင်းပါးများကြောင့် အတော်ဂယက်ရိုက် ပွက်လောထသွားသည်။ သတင်းစာတိုက်သို့ မေးကြ မြန်းကြ၊ ဆူပူကြ အပြန်အလှန် ဆောင်းပါးများ ရေးသားကြသည်။ ထိုနောက်ပိုင်းတွင် မြန်မာအမည်များရှေ့က မစ္စတာများ ပြုတ်သွားသည်။
 
 
 
== အယ်ဒီတာဘဝ ==
Line ၇၃ ⟶ ၇၁:
 
ဆရာကြီးသည် ၁၉၂၀ ပြည့်နှစ်ခန့်အထိ သူရိယ သတင်းစာတိုက်တွင် မြန်မာစာဘက်ဆိုင်ရာ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ သူရိယတွင် အယ်ဒီတာလုပ်သည်မှာ တိုင်းပြည်အကျိုး အတွက် ဖြစ်သော်လည်း သပိတ်မှောက် ကျောင်းသားများ ကိစ္စမှာ အလွန် အရေးကြီးသော အမျိုးသားရေး ကိစ္စဟု မြင်ကာ စားဝတ်နေရေး အခက်အခဲရှိသည့်ကြားမှ ကျောင်းသားများနှင့် အမ်အေ ဦးမောင်ကြီးတို့၏ တောင်းပန်ချက်အရ သူရိယ သတင်းစာမှ အလုပ်ထွက်ပြီး ဗဟန်း အမျိုးသားကောလိပ်တွင် [[မြန်မာစာ]]ပေနှင့် ရာဇဝင်ဘာသာရပ်များ ပို့ချသင်ကြားသည့် တာဝန်ကို ယူခဲ့သည်။
 
 
== ရေးသားခဲ့သည့်ဋီကာများ ==
မှန်နန်းရာဇဝင်တော်ကြီးကို ပြင်ဆင်တည်းဖြတ်ကာ ၁၉၂၁ ခုနှစ်မှာပင် ရေးသားထုတ်ဝေခဲ့သည်။ ၁၉၁၉ ခုနှစ်က ရေးသားခဲ့သော ဒေါင်းဋီကာကိုလည်း အမျိုးသား ပညာရေး အဖွဲ့ သင်ခန်းစာ (သင်ရိုး) ကော်မတီက ကျောင်းသုံးစာအုပ်အဖြစ် ပြဌာန်း ပေးခဲ့ သည်။ ၁၉၂၁ ခုနှစ်တွင် ဗြိတိသျှ အိမ်ရှေ့စံ ဝေလမင်းသား ဂုဏ်ပြုရတုရေးရန် ဉာဏ်ပူဇော်ခ ၁၀၀၀ ကျပ် (ထိုခေတ်က ရွှေတစ်ကျပ်သားကို မြန်မာကျပ် ၁၀ ကျော်သာရှိ) ချီးမြှင့်ပါမည်ဟု ဦးမေအောင်က ပန်ကြားရာ ဆရာကြီးက ငြင်းပယ်ခဲ့သည်။
Line ၉၂ ⟶ ၈၈:
 
၁၉၄၄-၄၅ ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလတွင်လည်း ဆရာကြီးသည် တပည့် သခင်များနှင့် အတူ ရှောင်တိမ်း ပုန်းအောင်းနေရပြန်သည်။
 
 
== ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ချက်များ ==
၁၉၅၃ ခုနှစ်တွင် [[တရုတ်ပြည်]]၊ မွန်ဂိုးလီးယား၊ ဟန်ဂေရီ နှင့် ဆိုဗီယက် ယူနီယံနိုင်ငံများသို့ ခရီးလှည့်လည်ခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် ဆရာကြီးအား ငြိမ်းချမ်းရေး စတာလင်ဆု အပ်နှင်းခဲ့ကြသည်။ ၁၉၅၇ ခုနှစ်တွင် သီဟိုဠ် နှင့် အိန္ဒိယ နိုင်ငံများသို့ ငြိမ်းချမ်းရေး ကွန်ဖရက် တက်ရောက်ရန် သွားရောက်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် အရှေ့ ဂျာမနီ ဟမ်းဘတ် တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ (ဒေါက်တာဘွဲ့) ကို ဆရာကြီးအားအပ်နှင်းခဲ့သည်။ ထိုနှစ်တွင်ပင် အရှေ့ ဂျာမနီ သို့ ဆေးကုသရန် သွားရောက်ခဲ့သည်။ ၁၉၆၃ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမတွင် ကျင်းပသည့် ဟီရိုရှီးမားနေ့ အခမ်းအနားသို့ သဝဏ်လွှာ ပေးပို့ခဲ့သည်။
Line ၉၉ ⟶ ၉၃:
== ကွယ်လွန်ချိန် ==
၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက် ကြသပတေးနေ့ နံနက် ၁ နာရီခွဲတွင် လူကြီးရောဂါဖြင့် ကွယ်လွန်ချိန်တွင် သားသမီး နှစ်ယောက် မြေး ၁၅ ယောက်၊ မြစ် ၆ ယောက် ကျန်ရစ်ခဲ့သည်။
 
 
== သခင်ကိုယ်တော်မှိုင်း ရေးသားပြုစုခဲ့သည့် စာအုပ်များ ==
* ညီတော်မင်းနန် ချွတ်ခန်း ဟောစာသစ် (၁၉၀၂)
Line ၁၆၁ ⟶ ၁၅၃:
* အရမ်းကာရ ဝိသောဓနီ
* စုန်တော်မူ မှာတမ်း
 
== သခင်ကိုယ်တော်မှိုင်း တည်းဖြတ်ခဲ့သည့်စာအုပ်များ ==
* မောင်စံသူ၊ "ရွှေနန်းဘွဲ့ မှာတမ်း" (၁၉၁၃)
* မဏိကက်၊ "နန်းတွင်း ဇာတ်တော်ကြီး" (၁၉၁၇)
* ဦးဘိုးသစ်၊ "ကဗျာရေးနည်း နိသျှည်းကျမ်းကြီး" (၁၉၂၄)
* မောင်ချစ်စရာ၊ "မြန်မာစာ ညွန့်ပေါင်း ဋီကာ" (၁၉၂၅)
* တောင်တွင်းကြီးမြို့ ဆရာတော်၊ "ဟိတသိဒ္ဓက ဝတ္ထု" (၁၉၂၉)
* ? ၊ "ပုံတောင်နိုင် မော်ကွန်း"
* ဦးထွန်းဖေ၊ "မြန်မာစာ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်" (၁၉၃၃)
* ဒုတိယ နဝဒေး၊ "စကြာမင်းမယ်တော် ဆင်ဖြူရှင်မ ဧချင်း" (၁၉၃၄)
* သခင်လေးမောင်၊ "ဒို့ဝတ္တရားကြီ:"
* မြဒေါင်းညို (ဦးအောင်သိန်း)၊ "ဝသုမြေ (ပထမပိုင်း)" (၁၉၃၈)
* ဦးအုန်းမောင်၊ "ကျောင်းသုံး မြန်မာရာဇဝင်သစ်" (၁၉၄၈)
* ဗိုလ်သိမ်းဆွေ၊ "ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ (၁၉၅၁)
* မဟာတင်၊ "လွတ်လပ်ရေးနှင့် ဗိုလ်ချုပ် မော်ကွန်း" (၁၉၅၂)
* ဆရာရွှေ၊ "မြန်မာ ရှေးဟောင်းကဗျာ ညွန့်ပေါင်း"
* ? ၊ "တရုတ် အရပ်ရပ်ရောက်သည့် အရေးတော်ပုံ"
 
== ဓာတ်ပုံများ ==