နာမ်စား: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၈၁ -
 
===အပြောခံနာမ်စား===
 
(၁) အပြောခံနာမ်၏ အစားသုံးသော ပုဒ်ကို '''အပြောခံနာမ်စား''' ဟု ခေါ်သည်။
 
'''ဥပမာ''' − သူ၊ သင်း၊ ယင်း၊ ၎င်း။
 
ပြောသူနှင့် ကြားနာသူတို့၏ အကြား၌ အပြောခံ ပုဂ္ဂိုလ်တစ်ဦးရှိတတ်သည်။ ထိုအပြောခံ ပုဂ္ဂိုလ်သည် အပြောခံနာမ် ဖြစ်သည်။ အဆိုပါ အပြောခံနာမ်၏ အစားသုံးသော နာမ်စားသည် '''အပြောခံနာမ်စား''' ဖြစ်သည်။
 
"မောင်ဇော်ကို မနေ့က မတွေ့ဘူး။ သူနေမကောင်းဘူး ထင်ပါရဲ့" ဟု မောင်ရေခဲကို မဝိုင်းက ပြောသည်။ ( ဤဝါကျ၌ ပြောသူသည် မဝိုင်းဖြစ်၍ ကြားနာသူသည် မောင်ရေခဲ ဖြစ်သည်။ မဝိုင်းနှင့် မောင်ရေခဲတို့သည် မောင်ဇော်၏ အကြောင်းကို ပြောနေခြင်း ဖြစ်သောကြောင့် '''မောင်ဇော်''' သည် '''အပြောခံနာမ်''' ဖြစ်သည်။ ထို့ကြောင့် '''သူ''' သည် အပြောခံနာမ် '''မောင်ဇော်''' ၏ အစားသုံးသော အပြောခံနာမ်စားဖြစ်သည်။)
 
== ကိုးကား ==