ဓလေ့ထုံးစံ: တည်းဖြတ်မှု မူကွဲများ

"ဥပဒေ၏ ရှေးဦးအက..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
အရေးမကြီး added Category:ဓလေ့ထုံးစံ using HotCat
စာကြောင်း ၅ -
ဓလေ့ထုံးတမ်းဆိုင်ရာ အရင်းအမြစ်မှရသော သဘောတူညီချက်ကို သဘောတူညီမှုဆိုင်ရာ ဓလေ့ထုံးစံဟု ခေါ်ဆိုပေသည်။ ဥပမာအားဖြင့် လူနှစ်ယောက်သည် ပဋိညာဉ်စာချုပ်တခုကို ချုပ်ဆိုရာတွင် ဓလေ့ထုံးတမ်း ဥပဒေတခုခုအပေါ်တွင် အခြေခံထားခြင်းဖြစ်ပါက စာချုပ်ချုပ်ဆိုသောကိစ္စရပ်အတွက် အသိအမှတ်ပြုပြီးသည့် အသုံးအနှုန်းတည်ရှိနေလျှင် သက်ဆိုင်သူများသည် အဆိုပါ (ဓလေ့ထုံးတမ်းအရတည်ရှိနေသည့်) အသုံးအနှုန်း ကို ရည်ရွယ်၍ စာချုပ်ချုပ်ဆိုကြခြင်းဖြစ်ကြောင်း မှတ်ယူရမည်ဖြစ်ပေသည်။
ဥပဒေရေးရာဓလေ့ထုံးစံတွင် ဒေသဆိုင်ရာဓလေ့ထုံးစံ Local custom နှင့် အရပ်ရပ်ဓလေ့ထုံးစံ General custom ဟူ၍ နှစ်မျိုးနှစ်စားရှိသည်။ ဒေသဆိုင်ရာဓလေ့ထုံးစံတခုကို တရားရုံးများကဥပဒေအဖြစ် အသိအမှတ် ပြုရန်အတွက် ယင်းဓလေ့ထုံးစံသည် ဥပဒေကချမှတ်ထားသောလိုအပ်ချက်များနှင့်ပြည့်စုံရန်လိုပေသည်။ အဓိကလိုအပ်ချက်များမှာ- (၁) လျှော်ကန်သင့်မြတ်ခြင်း reasonableness ၊ (၂) ပြဌာန်းဥပဒေနှင့်ကိုက်ညီခြင်း conformity with statute law (၃) အခွင့်အရေးအဖြစ်သိမှတ်လိုက်နာခြင်း observance as of right နှင့် (၄) မမှတ်မိနိုင်လောက်အောင် ရှေးကျခြင်း immemorial antiquity တို့ဖြစ်သည်။ အရပ်ရပ်ဓလေ့ထုံးစံကို တနိုင်ငံ လုံးက ဥပဒေကဲ့သို့လိုက်နာကြရသည်။ နိုင်ငံ၏ အရပ်ရပ်ဓလေ့ထုံးစံသည် ဒေသဆိုင်ရာဓလေ့ထုံးစံကဲ့သို့ပင် မမှတ်မိနိုင်လောက်အောင် ရှေးကျမှသာ ဥပဒေရေးရာဓလေ့ထုံးစံဖြစ်၍ ဥပဒေကဲ့သို့စွမ်းအင်အာဏာရှိပေသည်။
 
[[Category:ဓလေ့ထုံးစံ]]