ဓလေ့ထုံးစံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၉ -
ဥပဒေရေးရာဓလေ့ထုံးစံတွင် ဒေသဆိုင်ရာဓလေ့ထုံးစံ Local custom နှင့် အရပ်ရပ်ဓလေ့ထုံးစံ General custom ဟူ၍ နှစ်မျိုးနှစ်စားရှိသည်။ ဒေသဆိုင်ရာဓလေ့ထုံးစံတခုကို တရားရုံးများကဥပဒေအဖြစ် အသိအမှတ် ပြုရန်အတွက် ယင်းဓလေ့ထုံးစံသည် ဥပဒေကချမှတ်ထားသောလိုအပ်ချက်များနှင့်ပြည့်စုံရန်လိုပေသည်။ အဓိကလိုအပ်ချက်များမှာ- (၁) လျှော်ကန်သင့်မြတ်ခြင်း reasonableness ၊ (၂) ပြဌာန်းဥပဒေနှင့်ကိုက်ညီခြင်း conformity with statute law (၃) အခွင့်အရေးအဖြစ်သိမှတ်လိုက်နာခြင်း observance as of right နှင့် (၄) မမှတ်မိနိုင်လောက်အောင် ရှေးကျခြင်း immemorial antiquity တို့ဖြစ်သည်။ အရပ်ရပ်ဓလေ့ထုံးစံကို တနိုင်ငံ လုံးက ဥပဒေကဲ့သို့လိုက်နာကြရသည်။ နိုင်ငံ၏ အရပ်ရပ်ဓလေ့ထုံးစံသည် ဒေသဆိုင်ရာဓလေ့ထုံးစံကဲ့သို့ပင် မမှတ်မိနိုင်လောက်အောင် ရှေးကျမှသာ ဥပဒေရေးရာဓလေ့ထုံးစံဖြစ်၍ ဥပဒေကဲ့သို့စွမ်းအင်အာဏာရှိပေသည်။
 
[[Category:ဓလေ့ထုံးစံဓလေ့ထုံးစံများ]]