ဂျိန်းဘာသာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
{{ဂျိန်းဘာသာ}}
 
==ဂျိန်းဘာသာ ==
'''ဂျိန်းဘာသာ'''သည် ခရစ်တော်မပေါ်မီ ၆-ရာစုတွင် ဝါဓမ္မာနမဟာဝိရက [[ဟိန္ဒူဘာသာ]]နှင့် ခွဲခြား၍ ထူထောင်သော ဘာသာတစ်ရပ် ဖြစ်သည်။ [[အိန္ဒိယနိုင်ငံ]] အလယ်ပိုင်းနှင့် မြောက်ပိုင်းတွင် ကိုးကွယ်သူအများအပြား ရှိသည်။ ကမ္ဘာပေါ်တွင် ကိုးကွယ်သူ တစ်သန်းခွဲခန့် ရှိသည်။ ဂျိန်းဘာသာတည်ထောင်သူ [[မဟာဝီရ]](ခေါ်) နိဏ္ဌဋနာလပုတ္တကို ဘက်ဆာရနယ်၌ ခရစ်တော် မပေါ်မီ ၅၉၉ တွင် ဖွားမြင်၍ အသက် ၄၂-နှစ်တွင် ဉာဏ်အမြင်ရကာ နှစ် ၃၀ တရားဟောပြီးနောက် အနိစ္စရောက်သွားသည်။ ရုပ်ထုကိုးကွယ်ရာ မထားခေျ။ ကံနှင့် ဘဝသစ်ဖြစ်ပေါ်မှုကို လက်ခံသည်။ ဒီဂမ္ဘရနှင့် ဆွီဂမ္ဘရ ဟူ၍ နှစ်ဂိုဏ်း ကွဲပြားသည်။ <ref>လှသမိန် ရေးသည့် ဗဟုသုတ စွယ်စုံ စာအုပ်မှ</ref>
 
 
စာကြောင်း ၇ -
 
ဂျိန်းဘာသာဝင်တို့သည် တိရစ္ဆာန်များကို ညှင်းပန်းမှုနဲ့ သတ်ဖြတ်မှုမဖြစ်ရအောင် ထွန်ယက်စိုက်ပျိုးသည့် အသက်မွေးဝမ်းကြောင်းအမှုကို မပြုလုပ်ပဲ ကုန်သွယ်စည်းပွားရေးကိုပဲ ဇောက်ချလုပ်ကိုင်သောကြောင့် ကြွယ်ဝချမ်းသာကြပြီး အသိပညာရှင်၊ အနုပညာရှင်များ ဖြစ်ခဲ့ကြသည်။ အုပ်ချုပ်သူ အာဏာပိုင်လုပ်ခြင်းသည် လူနှင့်တိရစ္ဆာန်​ကို ညှင်းပန်းရာ ကျသည်ဟု ဆိုပြီး ဂျိန်းဘာသာဝင်များသည် အုပ်ချုပ်သူ ဖြစ်အောင် မကြိုးစားခြင်းကြောင့် ဂျိန်းဘာသာသည် ခေတ်အဆက် ဘုရင်များ၏ ချီးမြှောက်ခြင်းကို မခံခဲ့ရ၍ သာသနာပြန့်ပွားမှုနှုန်း အားနည်းခဲ့ပြီး၊ လူနည်းစုသာသနာသာ ဖြစ်ခဲ့ရသည်။
 
==ကိုးကား==
<references/>
Line ၁၂ ⟶ ၁၃:
 
[[Category:ဘာသာရေး]]
 
 
{{reli-stub}}