ကြိယာ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၇၁ -
(ဂ) '''ကစား''' ဟူသော ကြိယာသည်လည်း ခွဲစိတ်၍ မရသော၊ ပေါင်းစပ်ဖွဲ့စည်းထားခြင်းလည်း မဟုတ်သော '''ပင်ကိုကြိယာ''' ဖြစ်သည်။ '''ကစား''' ၏ ဆိုလိုရင်း အတက်တစ်ခုမှာ –ကျည်းသား၊ ခုံညင်းဒိုး၊ ဘောလုံး စသည်တို့ဖြင့် ကိုယ်လက် လှုပ်ရှားမြူးထူးပျော်ပါးသည်— ဟူ၍ ဖြစ်သည်။
 
(ဃ) '''ကစား''' ကို ခွဲစိတ်လိုက်လျှင် '''က''' နှင့် '''စား''' ဟူသော အစိတ်အပိုင်း (၂) ခု ရသည်။ သို့ရာတွင် '''က''' သည်လည်းကောင်း၊ '''စား''' သည်လည်းကောင်း '''ကစား''' ၏ ဆိုလိုရင်းအနက်ကို မပေးနိုင်ပေ။ ခွဲစိတ်လိုက်ခြင်းဖြင့် မူလအဓိပ္ပာယ်ပျက်သွားသည်။ ထို့ကြောင့် '''ကစား''' သည် ခွဲစိတ်၍မရသော '''ပင်ကိုကြိယာ''' ဖြစ်သည်။<ref name="သတ္တမတန်းမြန်မာသဒ္ဒါ">{{cite book|title=မြန်မာသဒ္ဒါ အတွဲ (၁)၊ အခန်း (၃) − သတ္တမတန်း}}</ref>
 
(င) ထို့ပြင် '''ကွာခြား၊ ခုတ်ထစ်၊ ရောင်းဝယ်၊ စွန့်ကြဲ''' စသည်တို့ကဲ့သို့ ပုဒ်အချင်းချင်း ပေါင်းစပ်ဖွဲ့စည်းထားသည့် ပေါင်းစပ်ပုဒ်လည်း မဟုတ်သောကြောင့် '''ကစား''' သည် '''ပင်ကိုကြိယာ''' ဖြစ်သည်။ (ထိုနည်းတူ '''သနား၊ ကဲ့ရဲ့၊ ရိုသေ''' တို့သည်လည်း ခွဲစိတ်၍လည်းမရ ပေါင်းစပ်ဖွဲ့စည်းထားခြင်းလည်းမဟုတ်သော '''ပင်ကိုကြိယာ''' များ ဖြစ်ကြသည်။<ref name="သတ္တမတန်းမြန်မာသဒ္ဒါ">{{cite book|title=မြန်မာသဒ္ဒါ အတွဲ (၁)၊ အခန်း (၃) − သတ္တမတန်း}}</ref>
 
===ဂုဏ်ရည်ပြကြိယာ===