"မာလာယ တက္ကသိုလ်" ၏ တည်းဖြတ်မှု မူကွဲများ

၇၁ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၄ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
("မလေးရှားနိုင်င..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်)
 
 
မာလာယ တက္ကသိုလ်ရဲ့ အစကနဦးကို ကြည့်ရင် ၁၉၀၅ ခုနှစ် စင်ကာပူမှာ သတ္တမမြောက် ဘုရင် အက်ဒဝပ် ဆေးကောလိပ် အဖြစ်စခဲ့တာ ဖြစ်ပါတယ်။
 
စတင်စဉ်က စင်ကာပူနဲ့ ပီနန်မှာ ၁၈၉၀ ဝန်းကျင် နှစ်များအတွင်း ဆေးဘက်ဆိုင်ရာ ကုသပေးမယ့်သူ အလုံမလောက် မရှိတာကြောင့် ဆေးကျောင်းတစ်ခု တည်ထောင်ဖို့ကနေ စတင်ခဲ့တာပါ။ ၁၉၀၂ မှာ ပညာရေး ကော်မရှင်ကနေ ဒီလို ဆေးကုသမှုပိုင်းဆိုင်ရာ အခက်အခဲ ရှိနေကြောင်း အစီရင်ခံစာ တင်ခဲ့ပါတယ်။ အစိုးရဆေးရုံတွေမှာ ဆရာဝန်တွေလိုအပ်သလောက် ခန့်ထားနိုင်ဖို့ ဆေးကျောင်းတစ်ခု တည်ထောင်သင့်ကြောင်း ပညာရေး ကော်မရှင်က အကြံပြုခဲ့ပါတယ်။
 
ဒါပေမယ့် ထိုစဉ်က စင်ကာပူနဲ့ ပီနန်ရှိ ဥရောပသားတွေက သဘော မတူခဲ့ပါဘူး။ ဒါပေမယ့် ဥပဒေပြု ကောင်စီက ကျောင်းတည်ထောင်ဖို့ ခွင့်ပြုခဲ့ပါတယ်။ ၁၉၀၅ ခုနှစ်မှာ ဆာဂျွန် က ဦးဆောင်ပြီး မလေးကျွန်းဆွယ်နှင့် ဖက်ဒရယ် အစိုးရများ ဆေးပညာကျောင်း (The Strait and Federated States Government Medical School) ဆိုပြီး စတင် တည်ထောင်ပါတယ်။
 
 
မာလာယ တက္ကသိုလ်အဖြစ် ထူထောင်လိုက်ပြီးနောက် တိုးတက်မှု အလွန်မြန်ဆန်ခဲ့ပြီး တက္ကသိုလ် ပရဝုဏ်ကို ၁၉၅၉ ခုနှစ်မှာ စင်ကာပူမှာ တစ်ခု၊ ကွာလာလမ်ပူမှာ တစ်ခု တိုးချဲ့ခဲ့ပါတယ်။ ၁၉၆၀ မှာတော့ တက္ကသိုလ်ကို တစ်ခုစီ ခွဲထုတ်ဖို့ အစိုးရက ဆုံးဖြတ်ခဲ့ပြီး စင်ကာပူမှာ ရှိတဲ့ တက္ကသိုလ်ကို စင်ကာပူ အမျိုးသား တက္ကသိုလ် (National University of Singapore)၊ ကွာလာလမ်ပူမှာရှိတဲ့ တက္ကသိုလ် မာလာယ တက္ကသိုလ်ဆိုပြီး ခွဲထုတ်လိုက်ပါတယ်။
 
==ပညာရေး==
 
အခုခေတ် မာလာယ တက္ကသိုလ်မှာ သင်ကြားရေး ဆရာ၊ ဆရာမပေါင်း ၂ ထောင့် ၅ ရာ ရှိပါတယ်။ လက်ရှိ မာလာယ တက္ကသိုလ်မှာ မဟာဌာန ၁၂ ခု၊ အကယ်ဒမစ်ဌာန ၂ ခုနဲ့ စင်တာ ၃ ခု ရှိပါတယ်။
 
၂၀၁၅ QS ကမ္ဘာ့ တက္ကသိုလ် သတ်မှတ်ချက်အရ ကမ္ဘာမှာ မာလာယ တက္ကသိုလ်က အဆင့် ၁၄၆ ဖြစ်ပါတယ်။ အာရှမှာက အဆင့် ၂၉ ဖြစ်ပြီး တောင်အရှာမှာကတော့ အဆင့် ၃ ဖြစ်ပါတယ်။ မလေးရှားမှာတော့ နံပါတ် ၁ ဖြစ်ပါတယ်။
 
==ထင်ရှားသူများ==
 
မာလာယ တက္ကသိုလ် ကျောင်းဆင်းတွေထဲမှာ ထင်ရှားသူတွေကတော့ မလေးရှား အဆိုတော်နဲ့ သီချင်းရေးဆရာ ဆူဒါမန် ဘင် ဟာဂျိ အာရှတ်၊ မလေးရှား နိုင်ငံရေးသမား အန်နဝါ အီဘရာဟင်၊ မလေးရှား ဝန်ကြီးချုပ် အာမက် ဘာဒါဝီ၊ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်၊ မလေးရှား ဒုတိယ ဝန်ကြီးချုပ် မူဆာ ဘင် ဟစ်တမ်၊ မလေးရှား စီးပွားရေး ပညာရှင် အဗ္ဗဒူ ဟာမစ်၊ မလေးရှား-သြစတြေးလျစပ် ပန်းပုဆရာ ဒန်နီယယ် ဒိုရယ်၊ မလေးရှား သံတမန် ရာဇာလီ အစ္စမေးလ် စသူတို့ ဖြစ်ကြပါတယ်။
၁၆၃၄

တည်းဖြတ်မှုများ