မာလာယ တက္ကသိုလ်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၉ -
စတင်စဉ်က စင်ကာပူနဲ့ ပီနန်မှာ ၁၈၉၀ ဝန်းကျင် နှစ်များအတွင်း ဆေးဘက်ဆိုင်ရာ ကုသပေးမယ့်သူ အလုံမလောက် မရှိတာကြောင့် ဆေးကျောင်းတစ်ခု တည်ထောင်ဖို့ကနေ စတင်ခဲ့တာပါ။ ၁၉၀၂ မှာ ပညာရေး ကော်မရှင်ကနေ ဒီလို ဆေးကုသမှုပိုင်းဆိုင်ရာ အခက်အခဲ ရှိနေကြောင်း အစီရင်ခံစာ တင်ခဲ့ပါတယ်။ အစိုးရဆေးရုံတွေမှာ ဆရာဝန်တွေလိုအပ်သလောက် ခန့်ထားနိုင်ဖို့ ဆေးကျောင်းတစ်ခု တည်ထောင်သင့်ကြောင်း ပညာရေး ကော်မရှင်က အကြံပြုခဲ့ပါတယ်။
 
ဒါပေမယ့် ထိုစဉ်က စင်ကာပူနဲ့ ပီနန်ရှိ ဥရောပသားတွေက သဘော မတူခဲ့ပါဘူး။ ဒါပေမယ့် ဥပဒေပြု ကောင်စီက ကျောင်းတည်ထောင်ဖို့ ခွင့်ပြုခဲ့ပါတယ်။ ၁၉၀၅ ခုနှစ်မှာ ဆာဂျွန် က ဦးဆောင်ပြီး မလေးကျွန်းဆွယ်နှင့် ဖက်ဒရယ် အစိုးရများ ဆေးပညာကျောင်း (The Strait and Federated States Government Medical School) <ref>Khoo, Kay Kim (2005). "The Quest for Recognition". 100 Years: The University of Malaya. Kuala Lumpur, Malaysia: University of Malaya Press. p. 6. ISBN 983-100-323-3.</ref> ဆိုပြီး စတင် တည်ထောင်ပါတယ်။
 
အဲဒီတုန်းက ဆေးကျောင်းဟာ အခု စင်ကာပူ အထွေထွေရောကု ဆေးရုံကြီး အနီးမှာ တည်ရှိပါတယ်။ အဲဒီနားက အဆောက်အအုံ ၄ ခုကို ဆေးကျောင်းအဖြစ် ပြင်ဆင် ဖွင့်လှစ်တာ ဖြစ်ပါတယ်။ ၁၉၀၇ မှာ စာသင်ခန်းမနဲ့ ဓာတ်ခွဲခန်းကို တိုးချဲ့ ဖွင့်လှစ်ပါတယ်။ ဒါပေမယ့် စာကြည့်တိုက်နဲ့ လက်တွေ့လေ့လာရေး ပစ္စည်းနဲ့ အစိတ်အပိုင်းတွေက မရှိသေးပါဘူး။