မာလာယ တက္ကသိုလ်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂၄ -
ရပ်ဖဲလ်စ် ကောလိပ်ကို ဆာ စတန်ဖို့ဒ် ရပ်ဖဲလ်စ်နဲ့ ဒေါက်တာ ရောဘတ် မောရစ်ဆန်တို့က ပူးတွဲ တည်ထောင်ပါတယ်။ ဆာ ရပ်ဖဲလ်စ်က စင်ကာပူကို တည်ထောင်သူ ဖြစ်ပြီး မာလေးစကားနဲ့ ယဉ်ကျေးမှုကို ကျွမ်းကျင် နှံ့စပ်သူ ဖြစ်ပါတယ်။ ဒေါက်တာ မောရီဆန်က တရုတ်ရေးရာ ကျွမ်းကျင်သူ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဒေသတွင်း မလေးနဲ့ တရုတ်ဘာသာ လေ့လာရေး ဌာနတစ်ခုဖွင့်ဖို့ ဆန္ဒ ရှိခဲ့ကြပါတယ်။
 
ကျောင်းဖွင့်ဖို့ အုတ်မြစ်ချပြီးနောက် ရပ်ဖဲလ်စ်က အင်္ဂလန်ပြန်သွားပြီး မောရစ်ဆန်က တရုတ်ကို ထွက်သွားလို့ ကျောင်းက မဖွင့်ဖြစ်ပါဘူး။ ကျောင်းအဆောက်အဦကလည်း ရပ်ဖဲလ်စ် အင်စတီကျူးရှင်းဆိုပြီအင်စတီကျူးရှင်း <ref>Khoo, Kay Kim (2005). "Raffles College: Background". 100 Years: The University of Malaya. Kuala Lumpur, Malaysia: University of Malaya Press. p. 23. ISBN 983-100-323-3.</ref> ဆိုပြီ အမည်တွင်နေပါတယ်။ ၁၉၁၈ ကျမှ ဆာ ဝီလျံ ဂျော့ဂျ် မက်စ်ဝဲလ်က ကော်မတီဖွဲ့ပြီး ကျောင်း ဖြစ်မြောက်အောင် ကြိုးပမ်းပါတယ်။ ၁၉၂၀ မှာတော့ ရစ်ချတ် အိုလပ်ဖ် ဝင်းစတက်ကို ကျောင်းအုပ်ခန့်ပြီး ရပ်ဖဲလ်စ် ကောလိပ်ကို စဖွင့်ပါတယ်။
ရပ်ဖဲလ်စ် ကောလိပ်ဟာ ဘုရင့် ဆေးကောလိပ်ထက် ပိုပြီး စနစ်ကျတယ်လို့ ဆိုပါတယ်။ ဘာသာရပ် တစ်ခုကို ၃ နှစ် သင်ရပါတယ်။ ၁၉၂၉ မှာ ဝိဇ္ဇာနဲ့ သိပ္ပံ ဘာသာရပ် ခွဲပြီး သင်ပါတယ်။