"ဘိုလော့ဂ်နာ တက္ကသိုလ်" ၏ တည်းဖြတ်မှု မူကွဲများ

၄၆ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၄ နှစ်
ဘိုလော့ဂ်နာ တက္ကသိုလ် တည်ထောင်တဲ့ ရက်စွဲ အတိအကျ မသိပေမယ့် ၁၀၈၈ ခုနှစ်လို့တော့ အနီးစပ်ဆုံး ပြောလို့ရပါတယ်။ တက္ကသိုလ် တည်ထောင်ဖို့ ချာတာကို ဘုရင် ဖရက်ဒရစ် ဘာဘရော့စ်စာက ၁၁၅၈ ခုနှစ်မှာ ခွင့်ပြုပေးခဲ့တယ်လို့ တွေ့ရပါတယ်။
 
ဒါပေမယ့် ၁၉ ရာစုမှာ ဂျီယိုဆု ကာဒူစီ ဦးဆောင်တဲ့ သမိုင်းကော်မရှင်က တက္ကသိုလ် သမိုင်းကို ခြေရာခံစုံစမ်းတဲ့အခါ ၁၀၈၈ ကတည်းက ထူထောင်ခဲ့တယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံး တက္ကသိုလ်အဖြစ် သတ်မှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။<ref>Our History - Università di Bologna</ref>
 
ဘိုလော့ဂ်နာ တက္ကသိုလ်မှာ လာတက်တဲ့ နိုင်ငံခြား ကျောင်းသားတွေကို နိုင်ငံသားအလိုက် စုပြီးတော့ တစ်စုဆီကို နေးရှင်း (Nations) လို့ ခေါ်ပါတယ်။ ဆရာနဲ့ တပည့် အပြန်အလှန် ထိန်းကျောင်းတဲ့ စနစ်ကို ကျင့်သုံးပါတယ်။ တက္ကသိုလ်မှာ ပါမောက္ခတွေ ငှားဖို့၊ ဖြုတ်ဖို့၊ ပါမောက္ခ လစာတွေကို ဆုံးဖြတ်ဖို့ အတွက် နေးရှင်းတစ်ခုစီက ကျောင်းသား ကိုယ်စားလှယ် နှစ်ယောက်စီ ပါဝင်တဲ့ ကောင်စီက ဆုံးဖြတ်ပါတယ်။ ပါမောက္ခတွေဟာ သတ်မှတ်တဲ့ အတန်းကို ပြီးဆုံးအောင်၊ အချိန်မီ မသင်နိုင်ရင်လည်း ဒဏ်ငွေ အတပ်ခံရပါတယ်။
နောက်ပိုင်းမှာ ဒီအပြန်အလှန် ထိန်းကျောင်းနေတဲ့ စနစ်ကို အဆုံးသတ်ပြီး မြို့ရဲ့ အခွန်ထဲကနေ ပါမောက္ခတွေကို လစာပေးတဲ့ စနစ်နဲ့ အစားထိုးပြီး ပြည်သူ့ တက္ကသိုလ်အဖြစ် ပြောင်းလဲခဲ့ပါတယ်။
 
ဘိုလော့ဂ်နာ တက္ကသိုလ်ဟာ ကျမ်းစာသင်ကြားမှုနဲ့ အရပ်ဘက် ဥပဒေကို သင်ကြားရာမှာ သမိုင်းဝင် ဖြစ်ပါတယ်။ အထူးသဖြင့် ၁၀၇၀ လောက်ကတည်းက ရောမ ဥပဒေကို သင်ကြားပို့ချခဲ့ပြီး မြေထဲပင်လယ်ခေတ် ရောမဥပဒေ တိုးတက်ဖွံ့ဖြိုးရေးအတွက် အဓိက ဗဟိုချက် ဖြစ်ခဲ့ပါတယ်။
 
==ဌာနများ==
၁၆၃၄

တည်းဖြတ်မှုများ