ကြိယာဝိသေသန: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၅၂ -
 
'''ဥပမာ'''။ ။ ယခင်က၊ ယနေ့၊ ယခု၊ နက်ဖြန်၊ နောက်နောင်၊ မကြာမီ၊ ချက်ချင်း၊ ခဏချင်း၊ ရုတ်တရက်၊ အစဉ်၊ အမြဲ၊ မပြတ်။
 
 
(က) အဖေသည် မန္တလေးသို့ '''နက်ဖြန်''' သွားမည်။ (ဤဝါကျ၌ အဖေသည် မန္တလေးသို့ မည်သည့်အချိန်တွင် သွားမည်ကို '''နက်ဖြန်''' ဟူသော ပုဒ်က ပြသည်။ '''နက်ဖြန်''' ဟူသော ပုဒ်သည် အဖေ မန္တလေးသို့ သွားမည့်အချိန်ကို ဖော်ပြခြင်းဖြင့် '''သွား''' ဟူသော ကြိယာကို အထူးပြုသည်။ ထို့ကြောင့် '''နက်ဖြန်''' သည် '''အချိန်ပြကြိယာဝိသေသန''' ဖြစ်သည်။)
 
(ခ) ယခင်က ဆိုခဲ့သည့်အတိုင်း သဘောတူကြသည်။
 
(ဂ) မန္တလေး အမြန်ရထားသည် မကြာမီ ဆိုက်မည်။
 
(ဃ) မိမိ၏ အလုပ်တာဝန်ကို အစဉ် ရိုသေလေးစားပါ။
 
(င) ဤကိစ္စကို ယခုပင် ဆောင်ရွက်ပါ။
 
(စ) မီးလောင်လျှင် မီးသတ်ကို ချက်ချင်း အကြောင်းကြားပါ။
<ref name="သတ္တမတန်းမြန်မာသဒ္ဒါ">{{cite book|title=မြန်မာသဒ္ဒါ အတွဲ (၁)၊ အခန်း (၃) − သတ္တမတန်း}}</ref>
 
== ကိုးကား ==