ပထမ အင်္ဂလိပ် - မြန်မာစစ်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီးNo edit summary |
No edit summary စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် |
||
စာကြောင်း ၂၁ -
== စစ်ပွဲ ဖြစ်ရသည့် အကြောင်းများ ==
ဘကြီးတော်မင်း နန်းတက်သော အခါ မိဖုရားကြီး [[နန်းမတော်မယ်နု|မယ်နု]]နှင့် ၎င်း ဆွေမျိုးသားချင်းများ၊ ၎င်းတို့၏ အလိုတော်ရိများသည် နန်းတွင်း၌ ဩဇာ
ဘကြီးတော်မင်း ဘိသိက် မင်္ဂလာ ဆင်ယင်သောအခါ၌
ထိုအတော အတွင်း၌ ရခိုင် နယ်စပ် ပြဿနာသည် ဗြိတိသျှနှင့် မြန်မာတို့ မလွှဲမရှောင်သာအောင် ပဋိပက္ခ ဖြစ်ပွားရန် ဖန်တီးခဲ့သည်။ အရှေ့[[အိန္ဒိယနိုင်ငံ|အိန္ဒိယ]] ကုမ္ပဏီမှ ဆင်လိုက်မုဆိုးများသည် မြန်မာတို့က မြန်မာ့နယ်မြေဟု ယူဆသော နယ်မြေ အတွင်းသို့ ကျူးကျော်
▲ဘကြီးတော်မင်း ဘိသိက် မင်္ဂလာ ဆင်ယင်သောအခါ၌ မဏိပူရ ရာဇာ မတက်ရောက် ခြင်းသည် မြန်မာတို့ကို မထီလေးစား ပြု၍ ပုန်ကန်ခြင်း ဖြစ်သည်ဟု မြန်မာတို့က ယူဆကြ ကုန်သည်။ နောင်ကျင် သွားစေရန် သင်ခန်းစာ ပေးရမည် ဖြစ်၍ မြန်မာ တပ်ကြီးကို မဏိပူရသို့ သွားရောက် တိုက်ခိုက်စေသည်။ မာဂျစ်ဆင် နောက်လိုက် နောက်ပါ ထောင်ပေါင်း များစွာဖြင့် အိမ်နီးချင်း နယ်ပယ်ဖြစ်သော ကချာ ဒေသတွင်းသို့ ထွက်ပြေး တိမ်းရှောင်လေသည်။ ကချာ ရာဇာသည် ကြောက်ရွံ့ ထိတ်လန့်ခြင်းဖြင့် အနီးအနား ဖြစ်သော ဗြိတိသျှပိုင် စပ်လျက် နယ်သို့ ဝင်ပြေးလေသည်။ ကချာရာဇာ ဂေါဝိန္ဒ ချန္ဒရသည် ဗြိတိသျှနှင့် မြန်မာ နှစ်ဦးစလုံးထံ အကူအညီ တောင်းသည်။ ဗြိတိသျှတို့သည် ကချာနှင့် ဂျိန်းတိယ နယ်များတွင် မြန်မာတို့ လွှမ်းမိုးမည်ကို ထိတ်လန့်လာခဲ့သည်။ ထိုနယ် နှစ်နယ်ကို မြန်မာတို့ သိမ်းပိုက်မိလျှင် မြန်မာတို့ ဘင်္ဂလားသို့ ဝင်ရောက် စစ်ခင်းမည်မှာ အမှန် ဖြစ်ချေသည်ဟု စိုးရွံ့လာကြသည်။ ထို့ကြောင့် ဗြိတိသျှတို့သည် ဂျိန်းတိယနှင့် ကချာ နယ်များကို ဗြိတိသျှတို့ လက်အောက်ခံ နယ်မြေများ ဖြစ်သည်ဟု အလျင်အမြန် ကြေညာ လိုက်လေသည်။
▲ထိုအတော အတွင်း၌ ရခိုင် နယ်စပ် ပြဿနာသည် ဗြိတိသျှနှင့် မြန်မာတို့ မလွှဲမရှောင်သာအောင် ပဋိပက္ခ ဖြစ်ပွားရန် ဖန်တီးခဲ့သည်။ အရှေ့[[အိန္ဒိယနိုင်ငံ|အိန္ဒိယ]] ကုမ္ပဏီမှ ဆင်လိုက်မုဆိုးများသည် မြန်မာတို့က မြန်မာ့နယ်မြေဟု ယူဆသော နယ်မြေ အတွင်းသို့ ကျူးကျော် ပေါက်ရောက်ခဲ့ သဖြင့် မြန်မာတို့က ၎င်းတို့အား ဖမ်းဆီး ချုပ်နှောင်ထားပြီးနောက် နတ်မြစ်ဝကို အစောင့်အကြပ် ထူထပ်စွာ ချထားလိုက်သည်။ ဗြိတိသျှတို့ကလည်း [[နတ်မြစ်ဝ]]ရှိ ရှင်မဖြူ (ရှပူရီ)ကျွန်းပေါ်တွင် စစ်တပ်ငယ် တခု ချထားသည်။ ၁၈၂၃ ခုနှစ်၊ စက်တင်ဘာလတွင် မြန်မာတို့က ရှင်မဖြူကျွန်းကို တိုက်ခိုက် သိမ်းယူလိုက်သည်။ အိန္ဒိယရှိ ဘုရင်ခံချုပ် လတ်မင်းကြီး အင်းမတ်စ်သည် ရှင်မဖြူကျွန်းကို ဗြိတိသျှတို့အား ပြန်အပ်ရန် မြန်မာ အာဏာပိုင်များထံ အကြောင်းကြားသည်။ နယ်စပ်ကိုလည်း သေချာစွာ သတ်မှတ်ရန် အားထုတ်လေသည်။ ဗြိတိသျှ အရာရှိ နှစ်ဦးဖြစ်သော ချူးနှင့် ရိုက်စ်တို့ကို နယ်စပ်ကိစ္စ ဆောင်ရွက်ရန် စေလွှတ်ရာ မြန်မာတို့က ၎င်းတို့ကို ဖမ်းဆီး ချုပ်နှောင်လိုက်သည်။ ထို့ပြင် မြန်မာတို့သည် [[ကချာနယ်]]တွင်းသို့ ဝင်ရောက် တိုက်ခိုက် ကြလေသည်။ ထိုအချိန်၌ ဗြိတိသျှတို့သည် ရှေးယခင်ကထက် ပို၍ အင်အားများစွာ ပြည့်ဖြိုး နေလေသည်။ ဗြိတိသျှတို့သည် [[နပိုလီယံ]]နှင့် ယှဉ်ပြိုင် တည်ဆောက်ကြရာ၌ ကမ္ဘာ့ အနှံ့အပြားတွင် အနိုင်ရခဲ့ပြီ ဖြစ်လေသည်။
အိန္ဒိယတွင် ဗြိတိသျှတို့၏ စစ်အောင်နိုင်မှုကို ထိရောက်စွာ အသုံးပြုနိုင်စေရန် အိန္ဒိယ နိုင်ငံသားများက ဗြိတိသျှတို့၏ တန်ခိုးအာဏာ လွှမ်းမိုးခြင်းကို အကျောက်အကန် မပြုတော့ဘဲ အသာတကြည် လက်ခံရန် လိုလေသည်။ ထိုကြောင့် မြန်မာတို့က ထိပါးလာသည်ဟု ယူဆသော အခါ၌ ဗြိတိသျှတို့သည် ချက်ခြင်း တုံ့ပြန်မည်သာ ဖြစ်လေသည်။ ၁၈၂၄ ခုနှစ်၊ မတ်လ ၅ ရက်နေ့၌ မြန်မာနိုင်ငံကို ဗြိတိသျှတို့က စစ်ပြုကြောင်း ကြေညာလိုက်လေသည်။
|