မက်ဂေးလ် တက္ကသိုလ်: တည်းဖြတ်မှု မူကွဲများ

"မက်ဂေးလ် တက္ကသ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာကြောင်း ၂၇ -
 
မက်ဂေးလ် တက္ကသိုလ်မှာ ဗိသုကာ ကျောင်း၊ ကွန်ပြူတာ သိပံကျောင်း၊ သတင်းအချက်အလက် လေ့လာရေးကျောင်း၊ အဟာရဆိုင်ရာ လေ့လာရေး ကျောင်း၊ ရုပ်ပိုင်းဆိုင်ရာ ကုထုံးကျောင်း၊ အင်ဂရမ် သူနာပြုကျောင်း၊ မြို့ပြ စီမံကိန်းကျောင်း၊ သဘာဝ ပတ်ဝန်းကျင်လေ့လာရေး မက်ဂေးလ်ကျောင်းတို့ ရှိပါတယ်။
 
ဘွဲ့အနေနဲ့က မဟာဘွဲ့ M.A, ပါရဂူဘွဲ့ Ph.D တို့ကို သမိုင်း၊ ယဉ်ကျေးမှု လေ့လာရေး စတာတွေနဲ့ ဘွဲ့ယူနိုင်ပါတယ်။
 
မက်ဂေးလ် တက္ကသိုလ်မှာ ဘာသာရပ်အလိုက် စာကြည့်တိုက်ပေါင်း ၁၃ ခု ရှိပါတယ်။ ရှေးဟောင်းစာအုပ်များနဲ့ အထူစာအုပ်များ ဌာနမှာ ရှိတာတွေ အပါအဝင် စာအုပ်စာတမ်း၊ စာမူ၊ ပုံနှိပ်၊ အထွေထွေ စာအုပ်ပေါင်း ၃ သိန်းခွဲ ရှိပါတယ်။
မက်ဂေးလ် ဆေးပြတိုက်မှာလည်း ကတ်တလောက်တွေ၊ ဆေးစိမ်ထားတဲ့ အရာတွေ များစွာ ပြသထားပါတယ်။
 
==အဆင့်သတ်မှတ်ချက်==
 
မက်ကလင်းရဲ့ ၂၀၁၅-၂၀၁၆ အဆင့်သတ်မှတ်ချက်အရ မက်ဂေးလ် တက္ကသိုလ်ဟာ ကနေဒါမှာ ဘာသာရပ်နဲ့ သုတေသနဆိုင်ရာ အဆင့် ၁ ဖြစ်ပါတယ်။ နိုင်ငံတကာ သတ်မှတ်ချက်မှာတော့ ကမ္ဘာ့အဆင့် ၃၀ ဖြစ်ပါတယ်။
 
==ထူးခြားထင်ရှားသူများ==
 
မက်ဂေးလ် တက္ကသိုလ်ဆင်းတွေထဲမှာ နိုဗဲလ်ဆုရသူ ၁၂ ဦး ရှိပါတယ်။ အာကာသ ယာဉ်မှူး ၃ ဦး၊ ကနေဒါ ဝန်ကြီးချုပ် ၃ ဦး၊ နိုင်ငံခြားမှာ နိုင်ငံအကြီးအကဲ ၄ ဦး၊ သံအမတ် ၂၈ ဦး၊ အကယ်ဆုရ ၉ ဦး၊ ဂရမ်မီ ဂီတဆုရ ၁၁ ဦး၊ ပူလစ်ဇာ ဆုရ ၃ ဦး၊ အိုလံပစ် အားစကား ဆုတံဆိပ်ရ ၂၈ ဦး ရှိပါတယ်။