အဆုံးစွန်လွတ်လပ်မျှတမှုဝါဒ: တည်းဖြတ်မှု မူကွဲများ

No edit summary
 
စာကြောင်း ၁ -
'''အဆုံးစွန်လွတ်လပ်မျှတမှုဝါဒ'''မှာ မူလလွတ်လပ်မျှတမှုဝါဒ(classic liberalism)တကျော့ပြန် ပြန်လည်ခေတ်စားလူကြိုက်များရာမှ အဆုံးစွန်လွတ်လပ်မျှတမှုဝါဒဟူ၍ အမည်တွင်လာသော ဝါဒတခုဖြစ်သည်ဟူ၍လည်း ပြောနိုင်သည်။ အဆိုပါဝါဒီများက စီးပွားရေးနှင့်ပတ်သက်၍ အဒမ်စမစ်ပြောကြားခဲ့သလိုပင် အစိုးရ၏ အခန်းကဏ္ဍကို နယ်ပယ်ဟူသမျှတွင် လုံးဝလျှော့ချရေးကို အလေးပေးပြီး စီးပွားရေးအထောက်အကူများ၊ကုန်သွယ်ရေးအခွန်ကောက်မှုများ၊ ပြည်ပမှသွင်းကုန်ကန့်သတ်မှုများမှစ၍ ဗျူရိုကရေစီယန္တရားကြီးတခုလုံးပါဝင်သည့် အစိုးရအဖွဲ့ကြီးတခုလုံးကို ပယ်ဖျက်လို၏။ ထိုအယူအဆတို့မှာ အမေရိကန်ပြည်ထောင်စုတည်ထောင်စအချိန်များက လူလေးစားသည့် အယူအဆဖြစ်သည့်အတွက်ကြောင့် ယခုခေတ်တွင်လည်း လူအများအသိအမှတ်ပြုခံရဆဲဖြစ်ပြီး အဆုံးစွန်လွတ်လပ်မျှတမှုဝါဒစွဲကိုင်သူ တဦးတယောက်မျှ ရွေးကောက်ပွဲများတွင် တင်မြှောက်ခံရခြင်းမရှိသေးသော်လည်း ထိုသူတို့တည်ထောင်ထားသော ဝါရှင်တန်ရှိ ကာတိုအင်စတီကျူ့(Cato Institute) ဟူသော အဖွဲ့အစည်းမှာတော့ အငြင်းအခုံများဖြင့် သက်ဝင်လှုပ်ရှားလျက်ရှိနေဆဲဖြစ်သည်။
 
[[Category:အဆုံးစွန်လွတ်လပ်မျှတမှုဝါဒ]]
[[Category:ကွန်ဆာဗေးတစ် ဝါဒ]]
 
{{stub}}