ပဲခူးတိုင်းဒေသကြီး: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၁၇ -
== တည်နေရာ ==
ပဲခူးတိုင်းဒေသကြီးသည် [[ရန်ကုန်တိုင်းဒေသကြီး]]၏မြောက်ဘက် မြန်မာနိုင်ငံ၏ တောင်ဘက်အလယ်ပိုင်းတွင်တည်ရှိသည်။ [[ရခိုင်ပြည်နယ်]]၊ [[ဧရာဝတီတိုင်းဒေသကြီး]]၊ ရန်ကုန်တိုင်းဒေသကြီး၊ [[ကရင်ပြည်နယ်]]၊ [[မန္တလေးတိုင်းဒေသကြီး]]တို့နှင့် နယ်နိမိတ်ချင်းထိစပ်လျှက်ရှိသည်။ မြောက်လတ္တီတွဒ် ၄၆ ဒီဂရီ ၄၅မိနစ် နှင့် ၁၉ ဒီဂရီ ၂၀မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၅မိနစ် နှင့် ၉၇ ဒီဂရီ ၁၀မိနစ်ကြားတွင်တည်ရှိသည်။ ဧရိယာ စုစုပေါင်း ၁၅,၂၁၄ စတုရန်းမိုင်ကျယ်ဝန်းသည်။
 
==သမိုင်းကြောင်း==
ဒုတိယအကြိမ် ကျူးကျော်စစ်ပွဲအပြီး ၁၈၅၃-ခု၊ ဇန္နဝါရီလ(၂၀)ရက်နေ့တွင် အောက်မြန်မာပြည်ကို အင်္ဂလိပ်တို့၏ ကိုလိုနီအဖြစ် အပြီးအပိုင် သိမ်းပိုက်ခြင်းခံရသည်။ ထိုအချိန်မှစ၍ ကိုလိုနီအုပ်ချုပ်ရေး စနစ်အရ ပဲခူးတိုင်းကို စတင်ဖွဲ့စည်းခဲ့သည်။
 
ပဲခူးတိုင်းတွင်း မြန်မာသမိုင်းကြောင်း၌ ထင်ရှားခဲ့သော မင်းနေပြည်တော်ဟောသ်းများ ပါဝင်နေပေသည်။ အရှေ့မြောက်ပိုင်းတွင် ကေတုမတီ အမည်ဖြင့် ကျော်ကြားခဲ့သော မြန်မာပဒေသရာဇ်တို့၏ နေပြည်တော်ဟောင်း [[တောင်ငူမြို့]]တည်ရှိပေသည်။ အနောက်မြောက်စွန်းတွင် မြန်မာသမိုင်းဦး၌ ကြီးကျယ်စည်ကားခဲ့သော ပျူလူမျိုးတို့၏ မြို့တော် [[သရေခေတ္တရာ]]မြို့ဟောင်း ရှိပေသည်။ ပဲခူးတိုင်း၏ မြို့တော်ဖြစ်သော ပဲခူးမြို့သည်လည်း ရှေးအတိတ်ကာလက မွန်ပဒေသရာဇ်တို့ ထီးနန်းစိုက်ခဲ့ရာ ဟံသာဝတီ မင်းနေပြည်တော်အဖြစ် ထင်ရှားခဲ့ပေသည်။
 
== ရာသီဥတု ==