ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း): တည်းဖြတ်မှု မူကွဲများ

"'''ဗိုလ်ချုပ်အော..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
စာကြောင်း ၇ -
 
== အငြင်းပွားမှုများ ==
သံလွင်တံတား (ချောင်းဆုံ) အမည်ဖြင့် စတင်တည်ဆောက်ခဲ့သော်လည်း တည်ဆောက်မှုပြီးဆုံးမည့် အချိန်တွင် [[ပြည်သူ့လွှတ်တော်]]တွင် [[ဗိုလ်ချုပ်အောင်ဆန်း]] တံတားအမည်အဆို အတည်ပြုခဲ့ရာ ဒေသခံ [[မွန်လူမျိုး|မွန်တိုင်းရင်းသား]] အချို့က သံလွင်တံတား (ချောင်းဆုံ) ဟုသာ သတ်မှတ်ရန် ၂၀၁၇ ခုနှစ် မတ်လအတွင်း ဆန္ဒပြခြင်း နှစ်ကြိမ်၊ ဧပြီလတွင် ကန့်ကွက်မှု လက်မှတ်စုဆောင်းမှုများ ပြုလုပ်ခဲ့ကြပြီး<ref>{{cite web|url=http://www.news-eleven.com/local/35601|title=မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကူးတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) အမည်ဖြင့် ဧပြီ ၂၇ ရက် နံနက်မှစ၍ ဖြတ်သန်းသွားလာခွင့်ပြုခဲ့|work=Eleven Media Group|date=၂၇ ဧပြီ ၂၀၁၇|accessdate=၂ မေ ၂၀၁၇}}</ref> ဧပြီ၂၀၁၇ ခုနှစ် ဧပြီလ ၂၆ ရက်နေ့အထိ လက်မှတ်ပေါင်း တစ်သိန်းခွဲခန့် ရရှိခဲ့သည်ဟု ဆိုသည်။<ref>{{cite web|url=http://www.bbc.com/burmese/burma-39725022|title=ဗိုလ်ချုပ်အောင်ဆန်းတံတား အစား ချောင်းဆုံတံတား အမည်ပြောင်းရေး လက်မှတ်ကောက်ခံ|work=[[ဘီဘီစီ]] မြန်မာပိုင်းအစီအစဉ်|date=၂၆ ဧပြီ ၂၀၁၇|accessdate=၂ မေ ၂၀၁၇}}</ref>
 
တံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတား ဟု အမည်ပေးပါက အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူမပြုသည့်အပြင် တိုင်းရင်းသားစည်းလုံးညီညွှတ်မှုမပြိုကွဲရေးကို ထိခိုက်စေမည်ဖြစ်သောကြောင့် [[ပြည်ထောင်စုအစိုးရအဖွဲ့|ပြည်ထောင်စုအစိုးရ]]အနေဖြင့် အလေးအနက် ပြန်လည်သုံးသပ်ပေးပါရန် [[ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ]]၊ [[တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ]]၊ [[အမျိုးသားဒီမိုကရေစီပါတီသစ်]]၊ [[အမျိုးသားတိုးတက်ရေးပါတီ]]၊ [[ဒီမိုကရက်တစ်ပါတီ (မြန်မာ)]] အပါအဝင် ပါတီပေါင်း ၁၄ ခုက ဧပြီ၂၀၁၇ ၅ရက်ကခုနှစ် ဧပြီလ ၅ ရက်နေ့က ကြေငြာချက်ထုတ်ပြန် တောင်းဆိုခဲ့သည်။<ref name="mizzima">{{cite web|url=http://mizzimaburmese.com/article/25716|title=မွန်ပြည်နယ် ချောင်းဆုံတံတား နာမည်ပေးသည့်ကိစ္စ ပြန်သုံးသပ်ပေးရန် နိုင်ငံရေးပါတီ ၁၄ ခုကတောင်းဆို|author=စိုးသူအောင်|work=[[မဇ္ဈိမ နေ့စဉ်သတင်းစာ]]|date=၆ ဧပြီ ၂၀၁၇|accessdate=၂ မေ ၂၀၁၇}}</ref>
 
မွန်ပြည်နယ်၊ [[ပေါင်မြို့နယ်]] ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးရန် အဆိုအား မတ်၂၀၁၇ ခုနှစ် မတ်လ ၁၄ ရက်တွင် ပြည်သူ့လွှတ်တော်တွင် မဲခွဲဆုံးဖြတ် အတည်ပြုခဲ့ခြင်းဖြစ်သည်။<ref name="mizzima"/>
 
== ကိုးကား ==